Dirty Solution

05 Apr 2015

Someone asked how to convert transformer to dinosaur, I mean Unicode to Avalaser (which is supposed to be grandfather of computerized Myanmar fonts). I installed Avalaser font, opened it in Character Map and test-typed in Words. It is pretty much similar to Win fonts in being ASCII fonts and visual encoding orders.

So I thought it would be a few minute job writing a Win<->Ava converter considering I already have a ready-made script for IPA-Burmese phonetics converter and conversions are character to character mapping. So I asked if someone is up for helping me compile the mapping list in Excel. Ko Ye Zarni Aung generously started writing down the list which was unquestionably the tiresome job.

The next day, I generated the list just to disappoint that the results are gibberish. The direct mapping caused the already-converted texts to convert again . I know what I need to do but don’t know how. Too bad I don’t know how to code.

I gave it a thought for while and finally fell back to Zg<->Ava solution which is a really easy task. I can now understand why some lazy coders are too afraid to adopt using Unicode.

Zg <-> Ava Converter

Tags: , , , ,

· · · ◊ ◊ ◊ · · ·

တစ်ခါက ပုပ္ပါးတောင်နားတွင် သစ်ခုတ်စားသည့် မောင်ပွားရှိသည်။ တစ်နေ့သစ်ခုတ်သွားရင်း ဝတ်စုံနီ အပေါ်အောက် ပြောင်ပြောင်ရောင်ရောင်ဝတ်ထားသည့် တုတ်တိုတစ်ချောင်းနှင့် လူတစ်ယောက်ကို တောထဲတွင်တွေ့ရာ မောင်ပွားမနေနိုင်၊ စိတ်ဝင်စား၍ အသာလိုက်ချောင်းသည်။ ထိုလူနီသည် ဟိုနားသည်နားက သစ်ဥသစ်ဖုသစ်မြစ်တို့ကို တူးဆွ၍ တောင်​ခြေနားက ကျောက်ဖျာကြီးတစ်ချပ်သို့ ခါးတောင်းကျိုက်ထဲတွင်ထည့်၍ သယ်သွားသည်။ မောင်ပွားလည်း ဟိုခြုံတိုး သည်ခြုံတိုးနှင့် လိုက်ချောင်းသည်။ ကျောက်ဖျာပေါ်တွင် ပါလာသော သစ်ဥသစ်ဖုတို့ကို သူ့တုတ်တိုလေးဖြင့် ရောကြိတ်ကာ ရလာသော ဆေးရည်ကို ကောက်လျက်လိုက်ပြီးနောက် ပေါင်တစ်ချက်ပုတ်ကာ ထခုန်လိုက်သည်တွင် ထိုလူနီလည်း မိုးပေါ်ပျံထွက်သွားတော့သည်။ မောင်ပွားလည်း အံ့အားသင့်ကာ ငေးကြည့်နေရာမှ “ဟာ ဒါ ဇော်ဂျီ ပဲ” ဟု ဝမ်းသာအားရ ရေရွတ်၍ ပုန်းနေရာမှ အမြန်ခုန်ထွက်ကာ ဆေးကြွင်းဆေးကျန်တို့ကို အငမ်းမရ ကောက်လျက်တော့သည်။ သူ့စိတ်ကူးမှာ အချောင် ဇော်ဂျီကဲ့သို့ မိုးပျံနိုင်ရန်ဖြစ်သည်။ ယင်းနောက် ပေါင်တစ်ချက်ပုတ်ပြီး လေထဲသို့ထခုန်လိုက်သည်တွင် စွေ့ကနဲ မြောက်တက်သွားပါ၏။ သို့သော် တစ်တောင်သာသာမျသာဖြစ်၍ အပေါ်လည်း ဆက်မတက် ​အောက်လည်း ပြန်မကျတော့ဘဲ လေထဲတွင် တန်းလန်းကြီးဖြစ်နေတော့သည်။ နောက်ပိုင်း မောင်ပွားတစ်ယောက် ဝါးလုံးရှည်နှင့် မြေကြီးကို ထောက်ကာထောက်ကာ သွားရသောဟူ၏။ အရပ်ကခေါ်သည်ကား ဟိုမရောက်သည်မရောက် မောင်ပွား ဟူသတည်း။

Note:#Inspired by a story in Shwe Thwe Journal 20 years ago.

Tags: , ,

· · · ◊ ◊ ◊ · · ·

“Today, Myanmar Wiktionary reaches 100,000 words!”

Myanmar Wiktionary 100K plus

I started contributing to Wiktionary at the end of last year. It was difficult to maintain a nearly inactive Wiktionary with a couple of regular members. So I decided to make the Wiktionary usable to certain extents first while I tried to recruit new contributors. I collected opensourced dictionary data online such as Ornagai, electrical engineering dictionary porject and Sealang Burmese dictionary. Online community generated data such as Ornagai has a lot of spelling mistakes in it and the format and definitions are inconsistent which need to be improved greatly. Then Myanmar NLP kindly provided me with the Myanmar lexicon database.

Pywikipediabot is a very handy and useful application. I used to run it for fixing minor encoding mistakes in Burmese. Now I used it to upload dictionary data. I spent the Myanmar new year (13th-17th April) formatting the data to Wiki markup. Now Myanmar Wiktionary is available in two languages as English-Burmese and Burmese-Burmese. While bot was uploading data, we tried to improve the homepage design and to add more words which were not in the collected dictionary data. Today, Myanmar Wiktionary reaches 100,000 words.

Unicode Font Usability

It might be confusing that why there are not a lot of Burmese Wikipedians or Wiktionarians. It was a complex drama that there were several pseudo Unicode fonts (they use Unicode codepoints for Burmese, but never follow the codepoints exactly or the encoding order) when standard Unicode fonts were still in development, and one of the pseudo Unicode font named Zawgyi became popular. Unicode fonts are used in Government offices and international projects such as Wikipedia. Yet a normal Burmese online citizen would only use Zawgyi font. We, the Unicode activists, tried to make awareness of Unicode standard and got some achievements as popular IT forums such as MyanmarITPros, Mystery Zillion and Mmitd between 2011 English new year and Burmese new year.

Change to Unicode

Before major OS vendors such as Apple and Microsoft support Burmese language in OSX and Windows, there should be solution for usability of WikiMedia projects for OS unsupported languages.

1. Font embedding

Burmese Unicode sequence

Burmese script is  one of many branches of Brahmi script. It needs complex shaping and reordering of glyphs. So Unicode fonts with proper contextual rendering are necessary. Most of the people don’t have Burmese font or have Burmese font but Zawgyi. They wouldn’t be able to see the Wikipedia or Wiktionary texts or wouldn’t see them properly. So embedded font is needed for reading purpose. There are several opensourced fonts for Burmese in multiple platforms such as Windows, Linux, OSX and iOS. Some of them are cross-OS enabled. OS and browser detection javascripts were developed and TTF, compressed TTF, eot and woff can be embedded accordingly. As I am not a coder, I would be very glad if someone were to develop a font embedding module for mediawiki and implement in local wikis.

2. Build-in keyboard

Even after texts are readable, editing texts in local languages needs special keyboard inputs. Languages such as Burmese needs keyboards with reordering capability. People usually don’t have keyboard installed in their computer or mobile devices. There is a project called Narayam which is a build-in keyboard plugin for mediawiki and I helped writing Myanmar Unicode keyboard for it. There is also a Burmese local project called Keymagic and one of it’s effort was web keyboard. I hope with the help of them, editing Wikipedia even in local language would be possible.

 

Recruiting for Wiktionary

ဒီနေ့ မြန်မာဝစ်ရှင်နရီ ဝေါဟာရ တစ်သိန်း ပြည့်တဲ့နေ့ဖြစ်ပါတယ်။ လောလောဆယ် ပုံမှန်ဝင်ရေးနေတာ Trh နဲ့ ကျွန်တော် နှစ်ယောက်ပဲ ရှိပါတယ်။ Myanmar NLP က ပေးတဲ့ မြန်မာစာ ဒေတာဘေ့စ် ကို ဝီကီပီးဒီးယားဘော့သုံးပြီး အဓိပ္ပါယ် သတ်မှတ်ချက်တွေကို တင်ပါတယ်။ မြန်မာ ဝီကီပီးဒီးယားနဲ့ မြန်မာ ဝစ်ရှင်နရီ နှစ်ခုအတွက် MgSunBot run ထားတဲ့ Dedicated ကွန်ပျူတာ တစ်လုံး သတ်သတ်ထားပါတယ်။ Encoding ပြင်တာတွေ၊ အင်တာဝီကီလင့် ထည့်တာတွေ၊ ဆောင်းပါးတွေ အလိုအလျောက်တင်တာတွေ လုပ်ပါတယ်။ ဆောင်းပါးတစ်သိန်းမှာ အများစုက အင်္ဂလိပ် ဝေါဟာရတွေဖြစ်ပြီး ငါးပုံတစ်ပုံလောက်က မြန်မာဝေါဟာရဖြစ်ပါတယ်။ မပြောပလောက်တဲ့ ပမာဏကတော့ အခြား ဘာသာစကားတွေ ဖြစ်ပါတယ်။ ဝစ်ရှင်နရီရဲ့ အဓိကရည်ရွယ်ချက်က ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတွေကို ကိုယ့်ရဲ့ Local Language ကို ပြန်ဆိုဖို့ ဖြစ်ပါတယ်။

ဒီမှာ ရှိတဲ့ ဒေတာတွေဟာ Open Content ဖြစ်ပြီး မည်သူမဆို ပြင်ခြင်း၊ ထပ်ထည့်ခြင်း ပြုလုပ်နိုင်ပါတယ်။ XML database dump ကို Download လုပ်ပြီးလည်း ကြိုက်တဲ့နေရာမှာ ယူသုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ Wiktionary ကို ဗဟိုထားပြီး Contribute လုပ်ဖို့ အကြံပြုပါတယ်။ Wiktionary ဟာ လက်ရှိမှာ အစုံလင်ဆုံးနဲ့ အလွတ်လပ်ဆုံး မြန်မာ-မြန်မာ-အင်္ဂလိပ် ဒေတာတွေ ဖြစ်ပါတယ်။

Wiktionary ဟာ စာလုံးတွေများနေပြီဖြစ်ပြီး မြန်မာဝေါဟာရတွေဟာ ခိုင်ခိုင်မာမာ အသုံးပြုလို့ရပြီ ဖြစ်ပေမဲ့ အင်္ဂလိပ် ဝေါဟာရ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ၊ Encoding အမှားတွေ၊ အသံထွက်နဲ့ ပြုပြင်စရာ ရှိတာတွေ အများအပြား ရှိတာကြောင့် ပုံမှန်နဲ့ ရေရှည်အကူအညီပေးမယ့် contributor အများအပြား လိုအပ်နေပါတယ်။ ဝစ်ရှင်နရီကို ကူညီဖို့အတွက် အချိန်အများကြီးပေးဖို့၊ ဘာသာရပ်ဆိုင်ရာမှာ တစ်ဘက်ကမ်းခတ် ကျွမ်းကျင်ဖို့ မရှိမဖြစ် မလိုအပ်ပါဘူး။ အောက်ပါနည်းလမ်းများနဲ့ ဝစ်ရှင်နရီကို ကူညီအားဖြည့်နိုင်ပါတယ်။

၁။ IPA  အသံထွက် ပေါင်းထည့်ခြင်း

ရှိပြီးသား မြန်မာစာလုံးတွေအတွက် နိုင်ငံတကာ အသံထွက်သင်္ကေတစံ ဖြစ်တဲ့ အိုင်ပီအေ သင်္ကေတတွေ ပေါင်းထည့်ပေးနိုင်ပါတယ်။ အိုင်ပီအေထည့်ဖို့ ဘာသာဗေဒကျွမ်းကျင်သူ ဖြစ်စရာ မလိုပါ။ မြန်မာ အသံထွက်ရေးနည်းကို ဒီမှာ လေ့လာပြီး ဒီကွန်ဗာတာကို သုံးပြီး အိုင်ပီအေ သင်္ကေတတွေ Generate လုပ်နိုင်ပါတယ်။ ပြီးရင် ဒီပုံစံအတိုင်း အသံထွက်နေရာမှာ တစ်ကြောင်း ဝင်ဖြည့်ပေးနိုင်ပါတယ်။ xxx နေရာမှာ ကိုယ် generate လုပ်ထားတဲ့ အိုင်ပီအေသင်္ကေတကို ဖြည့်ရမှာ ဖြစ်ပါတယ်။

{{IPA|/xxx/}}

၂။ Encoding ပြင်ခြင်း

မြန်မာစာနဲ့ရေးထားတဲ့နေရာတွေမှာ ရရစ်၊ သဝေထိုးစတာတွေ ရှေ့ရောက်နေတာ၊ ဉလေး နဲ့ အက္ခရာဥ စလုံးယပင့်နဲ့ ဈမျဉ်းဆွဲစတာတွေ လွဲနေတာ တွေကို တွေ့ရင် တွေ့သလို ပြင်ပေးနိုင်ပါတယ်။

၃။ စာလုံးပေါင်းပြင်ခြင်း

အွန်လိုင်းကရတဲ့ ဒေတာတွေဟာ ဗြောက်သောက်ဖြစ်နေတာအပြင်၊ ဝစ်ရှင်နရီမှာ အရင်ကထည့်ထားတဲ့ ဒေတာတော်တော်များများမှာ စာလုံးပေါင်းတွေ မှားနေတာ တွေ့ရပါတယ်။ စာလုံးပေါင်းတွေကိုလည်း ကြုံရင်ကြုံသလို ဝင်ပြင်ပေးသွားနိုင်ပါတယ်။ စာလုံးပေါင်း အကိုးအကားအတွက် ဒီနေရာမှာ မြန်မာသတ်ပုံကျမ်းအတိုင်း တင်ပေးထားပါတယ်။

၄။ စာလုံးအသစ် ထပ်ထည့်ခြင်း

မရှိသေးတဲ့ စာလုံးတွေထည့်မယ်ဆိုရင် ရှိပြီးသား ဝေါဟာရတွေရဲ့ အရင်ရေးထားတဲ့ Format တွေကို ကြည့်ပြီး လိုက်တင်နိုင်ပါတယ်။ အကူအညီမှာ ဝင်ကြည့်နိုင်သလို၊ အကူအညီလိုရင်လည်း ဝင်မေးနိုင်ပါတယ်။

၅။ လင့်ထည့်ခြင်း

ဝီကီတွေရဲ့ အားသာချက်ကတော့ ဝီကီအတွင်းမှာရှိတဲ့ ခေါင်းစဉ်တွေကို အလွယ်တကူ လင့် နိုင်တာပါပဲ။ ဆောင်းပါးတစ်ခုကို တည်းဖြတ်နေစဉ် ကိုယ်လင့်ချင်တဲ့ စာသားကို လေးထောင့်ကွင်းနှစ်ထပ် ခတ်ပေးလိုက်ရုံနဲ့ လင့်ဖန်တီးပြီးသား ဖြစ်သွားပါတယ်။ ဥပမာ [[xxx]]။ ဝီကီစာသားတွေကို လိုအပ်မယ်ထင်တဲ့နေရာတွေမှာ လိုက်လင့်ပေးခြင်းအားဖြင့် ဖတ်ရှုရှာဖွေရ လွယ်ကူပြီး ဆောင်းပါးတစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုလည်း ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။

၆။ လက်တွေ့သုံးခြင်း

Myanmar wiktionary searchbox

ဝစ်ရှင်နရီမှာ လက်တွေ့သုံးခြင်း၊ မိမိရဲ့ အသိမိတ်ဆွေများကို သတင်းစကားဖြန့်ခြင်းနဲ့လည်း ကူညီနိုင်ပါတယ်။ ဝစ်ရှင်နရီဟာ Opensearch enabled ဖြစ်တာကြောင့် ဝစ်ရှင်နရီ Homepage ကိုသွား၊ ဘရောက်ဆာရဲ့ Search box မှာ Wiktionary (my)  ကို ပေါင်းထည့်ခြင်းဖြင့် ဝစ်ရှင်နရီကို အလွယ်တကူ သုံးနိုင်ပါတယ်။

Tags: , , , , , , , , , , ,

· · · ◊ ◊ ◊ · · ·

This post really gets on my nerves. So I tried to write a comment but it seems my comment was too long to submit. (Actually my comment was most likely purposely unapproved.) So I blogged it.

ကိုလင်းဦး ယူနီကုတ်နဲ့ ဘလော့ ရေးတာနော်
linoo2007: ဟုတ်တယ် ဧရာယူနီကုတ်
မြန်မာ-၃ မဟုတ်ပါ
me: အဲဒါ မြန်မာ 3 နဲ့ ဘာကွာလဲ အတူတူပဲလား
linoo2007: တူဘူး မြန်မာ ၃ မှာက
me: ဟုတ်
linoo2007: ကေ (ကေ)
ဧရာက ကေက ကေပဲ
မြန်မာစာကို ပြောင်းပြန်ရိုက်ရဘူး
ဟိုကောင် ၃ က ပြောင်းပြန်တွေနဲ့

##ဧရာက ယူနီကုတ် အက္ခရာတွေကို သုံးထားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ယူနီကုတ် စာလုံးစီပုံကို မလိုက်နာထားပါ။ ဒါကြောင့် ဧရာဟာ ယူနီကုတ် မဟုတ်ပါ။

linoo2007: လက်ရှိ အစိုးရကသာ စံမီတယ်ဆိုပြီး
အတင်းသုံးခိုင်းနေကြတာ

##ယူနီကုဒ်က အစိုးရနဲ့ ဘာမှမဆိုင်ပါ။ ISO နဲ့ Unicode Consortium ကိုယ်တိုင်ကိုက ဘယ်အစိုးရကမှ ချုပ်ကိုင်ထားခြင်းမရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ လက်ရှိ ယူနီကုဒ်အတွက် ဝိုင်းဝန်းလုပ်ပေးနေသူတွေဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး တစ်ပြားမှမရဘဲ မြန်မာစာတိုးတက်ရေးအတွက် ရှေးရှုပြီး အားလုံး ဝိုင်းဝန်း ကူညီပေးနေကြတာ ဖြစ်ပါတယ်။

linoo2007: မြန်မာယူနီကုဒ်-၃ (Myanmar Unicode 3) ဖောင့်ကို
မြန်မာစာအရေးအသား မှန်ကန်တယ်လို့ ပြောနေကြတာတွေ့ရပါတယ်။
ဘယ်လိုရေးလို့ မြန်မာစာ အရေးအသားမှန်နေတာလဲ။ လွဲနေတာတွေ
ရှိနေ မြင်နေ ရတာပဲ။ ဥပမာ။ (ကေ) ရိုက်မယ်ဆိုပါစို့ ၊ (က) ပြီးမှ (ေ)
ရိုက်နေရတာဟာ မြန်မာစာ အရေးအသားရ မှန်ပါသလား ။ (ရွှေညွန့်)ကို
ရေးမယ် ဆိုပါစို့။ ရ + ေ + ၀ + ှ + ည + ၀+ ှ+ န+ ့ + ် လို့ ရိုက်
နေရပါတယ်။ ဟိုးကတည်းက မြန်မာစာကို ဗျည်းတွေ သရတွေနဲ့
တွဲပြီး သင်ခဲ့ရသူတွေဟာ ကွန်ပျူတာရိုက်ကာမှ ပြောင်းပြန် ပြန်ရိုက်
နေရတာဟာ သဘာဝကျပါသလား။

##ယူနီကုဒ်မှာ ဘယ်ဘာသာစကားအတွက်မဆို လိုက်နာရမယ့် စည်းမျဉ်းတွေ ရှိပါတယ်။ ဗျည်းအရင်လာ၊ ဗျည်းနောက်က ဗျည်းတွဲ၊ ဗျည်းတွဲပြီးမှ သရလာ စတဲ့ မလွဲမသွေ လိုက်နာရတဲ့ စည်းမျဉ်းတွေပါ။ ဘာသာဗေဒ နဲ့ ယုတ္တိဗေဒ သဘောတရားအရ စီစဉ်ထားတာဖြစ်ပါတယ်။ ရိုက်တဲ့အခါမှာသာ သင်ပုန်းကြီးအတိုင်း ရိုက်လို့ရအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

တီထွင်သူများမှ နည်းပညာအရ ဒီနေရာ ဒီလိုလေးရိုက်မှ အဆင်ပြေ
မှပါလို့ ဆိုပါတယ်။ ဒါဆို နည်းပညာအရ မြန်မာစာအရေးအသားမှာ
ပြောင်းပြန်ဖြစ်သင့်တာ ဖြစ်ရမယ်လို့ ဆိုလိုတာလား။ ဇော်ဂျီ
လက်ကွက်အတိုင်း (ကေ)ကို (ကေ)လို့ ရိုက်နိုင်သည်ဟု ဆိုပြန်သည်။
(ကေ)လို့ ရိုက်ပြီး စက်က(ကေ) ဟု သိမ်းရန် ပြုလုပ်ခြင်းဖြစ်သည့်
အတွက် စာရိုက်ရာတွင် ပုံမှန်ထက် စာလုံးပေါ်ရန် အချိန်ကြာသည်။
စာမျက်နှာ (၃၀၀) ရိုက်မည်ဆိုပါစို့။ ရိုက်ရမည့် စာတိုင်းတွင်
reordering အထက်ဖော်ပြပါအတိုင်း လိုက်ပြောင်းပေးနေရသည့်
အတွက် စက်သည် ပိုမိုလေးလံခြင်း၊ ဖွင့်မရခြင်းများ ဖြစ်လာပါမည်။
ထို့ကြောင့် ပုံမှန်စက်များ၊ အပြင် စာစီစာရိုက်ဆိုင်များအတွက်လည်း
ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရပါမည်။ မန်မိုရီများစွာ ကုန်ပါတယ်။
မန်မိုရီများလာလျှင် CPU များ ပူလာပါမည်။ ထို့ပြင် ဒီဇိုင်းနှင့် ဖိုတိုရှော့
များတွင် အသုံးပြု၍ မရပါ။ ယနေ့ခေတ် ဆော့ဝဲများ၊ OS ရေးသူများ
သည် မန်မိုရီ နည်းသမျှ နည်းအောင် ပြုလာကြချိန်တွင်
Myanmar Unicode အား အသုံးပြုလာမည်ဆိုခြင်းမှာ စဉ်းစားစရာပင်
မဟုတ်ပါလော။

##စာမျက်နှာ ၃၀၀ မပြောပါနဲ့။ စာမျက်နှာပေါင်း သုံးသောင်းခွဲအထက်ရှိတဲ့ ပရောဂျက်တွေကို ကျွန်တော် ယူနီကုဒ်နဲ့ လုပ်နေတာပါ။ နောက်တစ်ခု မန်မိုရီများစွာကုန်တယ်ဆိုလည်း မဟုတ်ပါ။ စာလုံးရေ အတူတူရှိတဲ့ Shaping Engine သုံးထားတဲ့ Text နဲ့ မသုံးထားတဲ့ Text နဲ့ကို ပြိုင်တူဖွင့်ကြည့်ပြီး ယှဉ်ကြည့်ပါ။ နောက်တစ်ခု မန်မိုရီများလာနဲ့ စီပီယူပူလာတာနဲ့ (ဘာဆိုဘာမှ) မဆိုင်ပါ။ သံလွင်ဖောင့်ဟာ Adode ရဲ့ နောက်ဆုံးထွက် ဗားရှင်းအကုန်မှာ သုံးလို့ရပါတယ်။

ယူနီကုဒ်မည်သည် မည်သည့် ယူနီကုဒ်ကမဆို အခြားယူနီကုဒ်ဖောင့်
တစ်ခုအား လွယ်ကူစွာပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်း
တစ်ခုထဲက ထုတ်တဲ့ Myanmar-2 နဲ့ Myanmar 3 ဖောင့်နှစ်ခုက
အပြန်အလှန် ပြောင်းလို့ရပါသလား။ ဖတ်လို့ ရပါသလား။ (Converter
နဲ့ ပြောင်းတာကိုမဆိုလိုပါ၊ Select ပေးပြီး ချက်ခြင်းပြောင်း လဲခြင်းကို
ဆိုလိုသည်) ။ ပြောင်း၍ မရပါ။ ကြိုစားမှုကို လေးစားပါတယ်။ သို့သော်
ယခုလို အခက်အခဲများ ရှိနေသော မြန်မာယူနီကုဒ်အား အသုံးပြုရန်
အသုံးပြုသူများအနေဖြင့် အခက်အခဲများစွာ ရှိနေပါတယ်။
လင်းဦး(စိတ်ပညာ)

##ရပါတယ်။ မြန်မာ၂ နဲ့ မြန်မာသုံး ကွာတာဟာ – မြန်မာ၃ မှာ စာလုံးစီပုံမှားရင် ချက်ချင်းမြင်ရအောင် Dotted Circle နဲ့ ပြပြီး မြန်မာ၂ မှာ မပြပါ။

၁၃။ Alt+1 – တစ်ခုနှင့် တစ်ခု ဝေးခြင်း
၁၄။ ခေါင်းလောင်းလေး – ဝါနေလား၊ မဝါဘူးလားကို လှမ်းကြည့်ကြည့်
နေရခြင်း

##အဲဒါ NHM ကီးဘုတ် တစ်ခုကို ကြည့်ပြီးပြောနေတာသာ ဖြစ်ပါတယ်။ Control+Shift နဲ့မှ ိုက်ချင်တယ်ဆိုရင် မြန်မာ၃ လက်ကွက်နဲ့ ရိုက်လို့ရတဲ့ အက္ခရာ ကီးဘုတ် ရှိပါတယ်။

၁၅။ Font Style – အလွန်များပြားနေပြီး တစ်ခုချင်းစီကို install လိုက်
လုပ်နေရခြင်း

##လိုမှ လုပ်ပါ။ မလိုလည်း တစ်ခုတည်း ရှိလည်း အားလုံးကို အမှန် မြင်ရပါတယ်။ အင်္ဂလိပ်စာမှာလည်း အင်္ဂလိပ်ယူနီကုတ်တွေ ဖြစ်တဲ့ Arial, Time News Roman, Verdana, Tahoma စတဲ့ ဖောင့်အစုံ သုံးနေတာပဲ မဟုတ်ပါလား။

၁၆။ Fonts – တစ်နေရာတည်းတွင် စုစည်း၍ ရှိမနေခြင်း
##MyanmarLanguage.org မှာ ရသမျှ အချက်အလက်တွေအကုန် စုစည်းဖို့ ကြိုးစားနေပါတယ်။ ယူနီကုတ်ဖောင့်တွေပါတဲ့ Package တစ်ခုလည်း စုစည်းပေးထားပြီး ဖြစ်ပါတယ်။

၁၇။ စာရိုက်ဟန် – ဗျည်းကိစ္စ၊ သရကိစ္စကို ထည့်ပြောနေရခြင်း
##atn လို့ ရိုက်ပြီး ant လို့ ထွက်ချင်ရင် ဒါတော်တော်လွဲနေပြီလို့ ပြောနိုင်ပါတယ်။ ဒီတော့ လုံးကြီးတင်ပြီးမှ ေချောင်းငင်လာမလား၊ ချောင်းငင်ပြီးမှ လုံးကြီးတင် လာမလား၊ ဆုံးဖြတ်ပါ။

၁၈။ Softing – ရသည်ပြောသော်လည်း တကယ်စမ်းမပြနိုင်ခြင်း
##Sorting ကို Open Office မှာ (အခု) အလွယ်တကူ စမ်းနိုင်ပါတယ်။ နောက်ပိုင်း ဘယ် OS Vendor မဆို မြန်မာစာ အတွက် အထောက်အပံ့ပေးတဲ့အခါ ယူနီကုဒ်စံကိုသာ လိုက်နာမှာ ဖြစ်ပါတယ်။

၁၉။ တီထွင်သူများ – user များ နားမလည်နိုင်သော စကားများကို တွင်တွင်ပြောခြင်း
##နားရှုပ်စရာတွေ ရှိပါတယ်။ ကွှန်တော်လည်း စသုံးခါစက သိပ်နားမလည်ပါဘူး။ နောက်ပိုင်းတော့ သူများကို ရှင်းပြဖို့ာကိုးစားရင်း တော်တော်များများ နားလည် လာပါပြီ။

၂၀။ အနေအထား – zawgyi လို ရော့သုံးလို့ရပြီလို့ မပြောရဲကြခြင်း
##မပြောရဲစရာ ဘာမှ မရှိပါ။ သုံးမယ်ဆို သုံးလို့ ရပါပြီ။ ကျွန်တော်ကိုယ်တိုင် သုံးလာတာ တစ်နှစ်ကျော်ပါပြီ။ ပြဿနာတွေ ရှိကောင်းရှိမယ်။ အပြစ်ထိုင်တင်နေမယ့်အစား ကွန်ပျူတာသုံး မြန်မာစာ တိုးတက်လာဖို့အတွက် ယူနီကုဒ်အတွက် မိမိကိုယ်ပိုင်အချိန်တွေထဲက ဖဲ့ပြီး အလုပ်လုပ်ပေးနေတဲ့ Developers တွေကို လေးစားသော အားဖြင့် မိမိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သူတို့ကို Feedback ပေးခြင်းနဲ့ ကူညီနိုင်ပါတယ်။

Tags: , ,

· · · ◊ ◊ ◊ · · ·
Burglish Snapshot

Burglish Snapshot

Lately, I used my iPhone for viewing web contents frequently. So I thought it should be nice to be able type Burmese in iPhone. Then someone posted a Zawgyi Keyboard app for iPhone/iPad in MyanmarItPro. One of my respected friend bought it with great expectation (like addon keyboard) and felt disappointed. Well it’s a press-button-copy-text app rather than a real keyboard. And it doesn’t support Unicode standard.

If that’s the solution for now, I was thinking like “why should I pay 1$ to copy and paste when I can type in a web app”. Because I remembered there was a web version of Burglish system by Ko Soemin.

As I expected, it works pretty fine since it’s javascript based. Just check “Typewriter” box and you can type just like Wininnwa. Checking “character list” will give you a complete press-able layout. And it supports Unicode. Just choose from “Zawgyi-One” to “Myanmar3” and it’s Unicode encoding. Just type like normal and character sequence will come out right. There won’t be correct viewing for Unicode though since it’s never updated. If it’s modify a bit to fit in iPhone resolution and layout, it would be a perfect web app.

Since it’s a web app, every mobile OS which support javascript should be able to use this Burglish system.

#It got a minor bug  in typing “ရ” with “၇” output.

##Updated on Mar 08 2011
TTKZ has gone further with his keymagic project. Now it’s available via web. I frame it with jkeymagic.tk domain name. It’s now possible to to type Unicode text with various keyboards on browsers.

Tags: , , , , , , ,

· · · ◊ ◊ ◊ · · ·

ယူနီကုတ် အက္ခရာများကို စီစဉ်တဲ့အခါ Logical Order (ဘာသာစကား အသံသဘော) အရ စီစဉ်ရပါတယ်။ အဲဒီအခါ အဓိက ပြဿနာဖြစ်တာက သဝေထိုးပါပဲ။ သဝေထိုးနဲ့ ခခွေးဟာ ဘယ်ညာလှည့်ပုံသာ ကွဲပေမဲ့ ဘယ်သူမှ ဘယ်ကို ခလျှောက်ခွေးနေတာလဲလို့ မပြောကြပါ။ ဘယ်ကို သဝေထိုးနေလဲ လို့သာ ပြောပါတယ်။ ဆိုလိုချင်တာကတော့ သဝေထိုးဟာ သဝေထိုးပြီး ရှေ့ကို ရောက်နေတယ်တယ်လို့ ပြောချင်တာပါ။ မြန်မာ​စာ​ကို ရှေး​လူကြီး​တွေ​က ဒီ​လို​ရေး​ခဲ့​တော့ ထုံးဖြစ်နေသော်လည်း သရကို ရှေ့မှာထားတာ မှားပါတယ်။ နောက်ပြန်​ရှင်း​ပါ့​မယ်။

ဟိုးရှေးရှေး ဝင်းဖောင့်၊ စီအီးဖောင့် အစရှိလို့ ဇော်ဂျီဖောင့် ဖြစ်လာတဲ့အထိ Logical Order နဲ့ မစီပါ၊ အမြင်အတိုင်းသာ စီပါတယ်။ ဆိုလိုတာက “ပြောင်း” ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုရင် သဝေထိုး+ ရရစ်+ ပစောက်+ ရေးချ+ င+ အသတ်+ ဝစ္စပေါက် ရယ်လို့ ရိုက်ရပါတယ်။ အဲလိုမှ မရိုက်ရင်လည်း အမှန် မမြင်ရပဲကိုး။

လူတိုင်းအတွက် ယူနီကုတ်

Nga Ah

ကွန်ပျူတာတွေစပေါ်တော့ ဖောင့်တစ်ခုမှာ အက္ခရာ ၂၅၆ လုံးသာ ဆန့်ပါတယ်။ အဲဒီနေရာတွေမှာ အင်္ဂလိပ် လက်တင် အက္ခရာတွေနဲ့တင် ပြည့်သွားပါပြီ။ ဒီတော့ တခြားဘာသာစကားတွေအတွက် သုံးချင်ရင် ရှိပြီးသား စာလုံးတွေကို ဖယ်ပြီး မိမိဘာသာစကား အက္ခရာတွေနဲ့ အစားထိုးရပါတယ်။ မြန်မာလို ဝင်းစာလုံးစီပုံနဲ့ “ပြောင်း”လို့ ရေးထားရင် အင်္ဂလိပ်လို “ajymif;” ဆိုပြီး ပေါက်ကရတွေ မြင်ရပါတယ်။ အဲဒီတော့ ဘာသာစကား နှစ်ခုနဲ့အထက် ဒေတာတွေကို ဖလှယ်ချင်တဲ့အခါ ကိုဒုက္ခနဲ့ မလှလှ တွေ့ကြပါတော့တယ်။ ကွန်ဗာတာပေါင်း အမျိုးစုံသုံးပြီး ဟိုဘာသာနဲ့ဒီဘာသာ ပြန်ပြောင်း၊ ဗမာစာမှာဆိုလည်း ဟိုဖောင့်နဲ့ ဒီဖောင့်ပြန်ပြောင်း၊ ဝင်းနဲ့ရေးတာ စီအီးနဲ့ ဖတ်မရလို့ ကွန်ဗာတာသုံးပြီး ပြန်ပြောင်းနဲ့ အင်မတိ အင်မတန် ကပေါက်တိ ကပေါက်ချာ ဖြစ်ခဲ့ပါတယ်။

အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ဘာသာစကားအားလုံးအတွက် ရည်ရွယ်တဲ့ ယူနီကုတ်စနစ်ကို တီထွင်ခဲ့ကြပါတယ်။ ယူနီကုတ်မှာ ဘာသာစကားတိုင်းရဲ့ အက္ခရာတိုင်းအတွက် သူ့နေရာနဲ့သူ သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် ယူနီကုတ်စနစ်ကို သုံးရင် ဒေတာတွေ ဖလှယ်နိုင်ဖို့အတွက် ဖောင့်ပြဿနာဆိုတာ လုံးလုံး မရှိတော့ပါဘူး။

ယူနီကုတ် စည်းမျဉ်း

ယူနီကုတ်အက္ခရာတွေကို စီတဲ့အခါ ဘာသာဗေဒ အသံထွက် သဘောတရား (Linguistics) ကို မှီပြီး စီစဉ်ရပါတယ်။ အဲဒါ ဘယ်ဘာသာအတွက် သီးသန့်ဆိုပြီး ချွင်းချက် မထားပါဘူး။ ဘယ်ဘာသာစကားမဆို ယူနီကုတ်စနစ်မှာ အဲဒီစည်းမျဉ်းကို လိုက်နာရပါတယ်။

ယူနီကုတ် စာလုံးစီပုံမှာ ပထမဆုံး လာရတာ “ဗျည်း” (consonants) ပါ။ မြန်မာစာမှာဆိုရင် “ကကြီး” ကနေ “အ” အထိလို့ အလွယ်မှတ်နိုင်ပါတယ်။

ဒုတိယ လာရတာ “ဗျည်းတွဲ” (medials) ပါ။ မြန်မာစာမှာဆို “ပင့်ရစ်ဆွဲထိုး” လို့ အလွယ်မှတ်နိုင်ပါတယ်။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး လေးလုံးပါ။

တတိယ လာရတာ “သရ” (vowels) ပါ။ မြန်မာမှာ “အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အိုး” တွေပါ။ သင်္ကေတတွေသာ ယူရင် “သဝေထိုး၊ ရေးချ၊ မောက်ချ၊ လုံးကြီးတင်၊ လုံးကြီးတင်ဆံခတ်၊ တစ်ချောင်းငင်၊ နှစ်ချောင်းငင်၊  နောက်ပစ်” တွေပါ။ သေးသေးတင်၊ ဝစ္စပေါက်တွေကို သရထဲ မထည့်ပါ။

အဲဒီနောက်မှာမှ “သေးသေးတင်၊ အောက်ကမြစ်၊ ဝစ္စပေါက်၊ အသတ်” တွေကို နောက်ဆုံးပိတ် ထည့်ပါတယ်။ အသတ်ကိုတော့ အသံကို သတ်ပစ်တယ်လို့ သတ်မှတ်ပြီး အောက်ကမြစ်နဲ့ ယှဉ်လာရင် နောက်ဆုံးမှ ထည့်ပါတယ်။ အသတ်နဲ့ တန်ဖိုးညီတာက ပါဌ်ဆင့်အဖြစ်သုံးတဲ့ “ဝိရာမ (Virama)” ပါ။ သူက မမြင်ရပါ။ ဥပမာ “ကကြီး+ မ+ ဝိရာမ+ ဘကုန်း+ ရေးချ” ဆိုရင် “ကမ္ဘာ” ရပါတယ်။ ရှေ့​ထိုး​ဟာ အသတ်​နဲ့ ပုံစံ​တူ​တဲ့​အတွက် ရှေ့​ထိုး​နဲ့ အသတ်​ကို အတူတူ ယူ​ပါ​တယ်။ ရှေ့ထိုးဟာ အက္ခရာ သရအနေနဲ့ မရှိဘဲ ဪသရရဲ့ အစိတ်အပိုင်းသာ ဖြစ်တဲ့အတွက် သူ့အတွက် ကုဒ်ပွိုင့်သတ်သတ် မပေးပါ။

အသံကို အခြေခံ

ကဲ “ပြောင်း”ဆိုတဲ့ စာလုံးကို ယူနီကုတ်လို ရေးကြည့်ရအောင်။ ယူနီကုတ်က Linguistics ကို အခြေခံတဲ့အတွက် ပထမဆုံး အနေနဲ့ ချမရေးခင် ပါးစပ်နဲ့ အသံအရင်ထွက်ကြည့်ပါ။

ပြောင်း
ပ+ ရ+ အောင်း
ပ+ ရရစ်+ သဝေထိုး+ ရေးချ+ င+ အသတ်+ ဝစ္စနှစ်လုံးပေါက်

အဲဒီထိ ရှင်းသေးတယ်ဆိုရင် ဒီအောက်က နမူနာ စာလုံးတွေကို ကြည့်ပါ။

မှောင်
မ+ ဟ+ အောင်
မ+ ဟထိုး+ သဝေထိုး+ ရေးချ+ င+ အသတ်

ကျောက်
က+ ယ+ အောက်
က+ ယပင့်+ သဝေထိုး+ ရေးချ+ ကကြီး+ အသတ်

မောင့်
မ+ အောင့်
မ+ သဝေထိုး+ ရေးချ+ င+ အောက်ကမြစ်+ အသတ်

မြို့
မ+ ရ+ အို့
မ+ ရရစ်+ လုံးကြီးတင်+ တစ်ချောင်းငင်+ အောက်ကမြစ်

မှို
မ+ ဟ+ အို
မ+ ဟထိုး+ လုံးကြီးတင်+ တစ်ချောင်းငင်
သွေး
သ+ ဝ+ အေး
သ+ ဝဆွဲ+ သဝေထိုး+ ဝစ္စနှစ်လုံးပေါက်

ပင့်ရစ်ဆွဲထိုး လေး​လုံး အချင်းချင်း ယှဉ်​လာ​ရင် အစဉ်​အတိုင်း စီ​ပါ​တယ်။ ဥပမာ အမြွှာ ကို ရေး​ရင် အ + မ + ရ​ရစ် + ဝ​ဆွဲ + ဟ​ထိုး + ရေး​ချ။

ပါဌ်ဆင့် နဲ့ ကင်းစီး

ဟိုးရှေးရှေးက စာရေးရင် ပေရွက် ထန်းရွက် စသည်မှာ ရေးရတဲ့အတွက် ရှည်နေတဲ့စာလုံးတွေကို ချုံ့ပစ်ပါတယ်။ စာနှစ်လုံးကို တစ်လုံးတည်း ဖြစ်အောင် ပူးပစ်ပါတယ်။ အဲဒါတွေဟာ ခုတော့ ရေးထုံး ဖြစ်လာပါတယ်။ ဥပမာ – အု ဆိုတဲ့စာလုံးကို အက္ခရာ ဥ လုပ်လိုက်ပါတယ်။ အဲဒါ ချုံ့တာပါ။ ကမ်ဘာဆိုတဲ့ စာလုံးကို ကမ္ဘာ လို့ နှစ်ဆင့်ထပ်ပြီးရေးတာ ပါဌ်ဆင့်တယ် ခေါ်ပါတယ်။ မင်ဂလာကို မင်္ဂလာလို့ တခြားစာလုံးပေါ်တင်တာကျတော့ ကင်းစီးတင်တယ် ခေါ်ပါတယ်။ အခု ပါဌ်ဆင့်နဲ့ ကင်းစီးရေးပုံကို ပြောပါမယ်။ သူတို့ကို ရေးရင် ဝိရာမ သုံးရပါတယ်။

ပါဌ်ဆင့်ရေးရင် ဝိရာမကို အသတ်နေရာမှာ ထည့်ပါတယ်။

စန္ဒာ
စ+ အန်+ ဒ+ အာ
စ+ နငယ်+ ဝိရာမ+ ဒဒွေး+ ရေးချ

ကြမ္မာ
က+ ရ+ အမ်+ မ+ အာ
က+ ရရစ်+ မ+ ဝိရာမ+ မ+ ရေးချ

ကင်းစီးရေးရင် အသတ်အရင်ရေးပါတယ်။ အသတ်နောက်က ဝိရာမ လိုက်ပါတယ်။

မင်္ဂလာ
မ+ အင်+ ဂ+ လ+ အာ
မ+ င+ အသတ်+ ဝိရာမ+ ဂငယ်+ လ+ ရေးချ

သင်္ကြန်
သ+ အင်+ က+ ရ+ အန်
သ+ င+ အသတ်+ ဝိရာမ+ ကကြီး+ ရရစ်+ နငယ်+ အသတ်

Rendering လို

အဲဒီလို ယူနီကုတ်စနစ်နဲ့ စီထားတာတွေကို မျက်စိအမြင်မှာ ပုံမှန်အတိုင်းမြင်စေဖို့ ဖောင့်ထဲမှာ ပုံဖော်တဲ့ စည်းမျဉ်းတွေ ထည့်ပေးရပါတယ်။ ဥပမာ Graphite, Pango, Uniscribe, Harfbuzz, AAT စတဲ့ နည်းပညာတွေ ဖြစ်ပါတယ်။

Unicode No Rendering

ကိုယ်သုံးနေတဲ့ကွန်ပျူတာ မိုဘိုင်းတွေမှာ ယူနီကုတ်စနစ်ကို လိုက်နာထားတဲ့ ဖောင့်ကို သုံးထားပါလျက်နဲ့ စာလုံးစီပုံတွေ ဖတ်မရဘူးဆိုရင် ဒါ အဲဒီစက်မှာ ယူနီကုတ်စနစ်ကို မထောက်ပံ့ပေးထားလို့ ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ ဒါဆိုရင် မြန်မာစာသာမက မြန်မာထက် နည်းပညာပိုင်းဆိုင်ရာ ရှေ့တန်းရောက်နေတဲ့ အိန္ဒိယ၊ အာရပ်တို့ရဲ့ ယူနီကုတ်စနစ်သုံးစာတွေပါ အဲဒီစက်မှာ မမြင်ရသေးဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

Unicode in Zawgyi-One

တောင်ကိုဖောက်၍

ဘယ် နည်းပညာရပ်ဝန်းမှာ ဖြစ်ဖြစ်ပါ။ တစ်ချိန်မှာ မြန်မာစာကို ထောက်ပံ့ပေးတော့မယ်ဆိုရင် ယူနီကုတ်စနစ်သုံး မြန်မာစာကို သာ ထောက်ပံ့မှာ ဖြစ်ပါတယ်။ နည်းပညာ ပလက်ဖောင်းတစ်ခုပေါ်လာတယ်။ ယူနီကုတ်ဖောင့်တွေအတွက် ပုံဖော်စနစ်မရှိသေးဘူး။ ရုတ်တရက်ဆိုရင် လူသုံးများနေတဲ့ ဇော်ဂျီကို အလွယ်သုံးလိုက်မယ်။ သူက ဘာစနစ်မှ လိုက်နာစရာမလိုဘူး။ ဘာပုံဖော်စနစ်မှ မလိုဘူး။ အမြင်အတိုင်း စာလုံးစီတာ ဖြစ်တဲ့အတွက် ပလက်ဖောင်းတော်တော်များများနဲ့ အဆင်ပြေတယ်။ သို့သော် ဇော်ဂျီသည် ဇော်ဂျီသာဖြစ်၍ ဇော်ဂျီနဲ့ ဖြေရှင်းထားတဲ့ တစ်ပွဲတိုးနည်းများကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ တရားဝင် အသိအမှတ် ပြုမှာမဟုတ် ဆိုတာကို သတိချပ်စေလိုပါတယ်။

Written in Unicode

ကျွန်တော်တို့ လမ်းသွားရင်းနဲ့ တောင်တစ်လုံး ရှေ့ကခံနေတာတွေ့မယ်။ ဘေးက ကွေ့ရှောင်သွားလို့ရတယ်။ ဒါပေမယ့် မတော်ရင် တောထဲမှာ လမ်းပျောက်သွားနိုင်တယ်။ သွားလိုရာ ရောက်ခဲ့ရင်တောင် အဆင့်ဆင့် ကွေ့ပတ်သွားနေရမယ်။ ခြုံတောတိုးရမယ်။ ကိုယ်က အားနည်းနည်းစိုက်ပြီး ဒီတောင်ကို လမ်းဖြစ်အောင် ဖောက်လိုက်ရင် နောင်လာနောက်သားတွေအတွက် အကျိုးများနိုင်ပါတယ်။ မြန်မာစာကို ချစ်မြတ်နိုးတဲ့ လူတိုင်း ယူနီကုတ်လမ်းကို ကွေ့သွားမယ့်အစား ဝင်ဖောက်ပေးတဲ့ လူတွေထဲက တစ်ယောက်အနေနဲ့ ပါဝင်ကူညီကြစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

Read more:

http://unicode.org/notes/tn11/UTN11_3.pdf

Tags: , , ,

· · · ◊ ◊ ◊ · · ·

စံသတ်မှတ်ချက်ဖြစ်တဲ့ ယူနီကုတ်ဖောင့်ကို စသုံးချင်တယ်။ ဘယ်က စရမှန်း မသိသူများအတွက် ဒီလမ်းညွှန်ကို ရေးပါတယ်။ ယူနီကုတ်စသွင်းဖို့အတွက် မိမိရဲ့ Windows ဟာ Windows XP SP3, Windows Vista, Windows 7 ဖြစ်ရပါမယ်။

၁။ Myanmar NLP က ထုတ်တဲ့ အခမဲ့ လွတ်လပ်ဖောင့်ဖြစ်တဲ့ မြန်မာ၃ ဖောင့်ကို (ဒီလင့်ကနေ) ဒေါင်းလုဒ်ဆွဲချပါ။

၂။ mm3.ttf ဆိုတဲ့ ဖိုင်လေးရပါမယ်။ Start Menu > Control Panel > Fonts ကို ဖွင့်ပါ။

Fonts Folder

၃။ mm3.ttf ဖိုင်ကို Fonts Folder ထဲကို ဆွဲထည့်ပါ။ သို့မဟုတ် Copy ကူးထည့်ပါ။

Myanmar3 installed

၎။ အခုလို Fonts Folder ထဲမှာ Myanmar3 Regular ဆိုတဲ့ ဖိုင်ရောက်နေပြီဆိုရင် ဖိုင်သွင်းခြင်း အောင်မြင်ပါပြီ။

၅။ ဒီစာမျက်နှာကို Reload လုပ်ပါ။ ဒီကဈပီး ယူနီကုတ် နဲ့ ဆက်ရေးသွားပါမယ်။

၆။ ဒီ စာကြောင်းကို ဖတ်လို့ရပြီဆိုရင် သင်ဟာ ယူနီကုတ်ဖောင့်ကို အောင်မြင်စွာ ဖတ်ရှုနေနိုင်ပါပြီ။ ဒါပေမယ့် ဝဘ်စာမျက်နှာတော်တော်များများမှာ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေဟာလည်း ဖတ်မရတော့တာ တွေ့ရပါလိမ့်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Firefox Menu ထဲက Tools > Options > Content ထဲက Default Font ကို Zawgyi-One လုပ်ပေးပါ။

Set Zawgyi as Default

အခုအခါ သင်ဟာ ဇော်ဂျီရော ယူနီကုတ်ပါ ဖတ်ရှုနေနိုင်ပါပြီ။ အခုလို အချိန်ကုန်ခံပြီး စမ်းသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

##ယူနီကုတ်ကို စရိုက်သုံးဖို့ရန် လက်ကွက်အတွက် ဒီကိုသွားပါ။

Tags: , , ,

· · · ◊ ◊ ◊ · · ·

ဇာတ်လမ်းအစ

ကျွန်တော်တို့ ပလန်းနက်ဆိုက်မှာ ဇော်ဂျီဖောင့်ကို စ မိတ်ဆက်တုန်းက ဟာ… ဒီဆိုက် မိုက်တယ်.. မြန်မာလိုရော အင်္ဂလိပ်လိုရော ရေးလို့ရတယ်.. ဇော်ဂျီဆိုတာကလည်း ကမ္ဘာ့အဆင့်မီ ယူနီကုတ်ဖောင့်ဆိုပါလား ဆိုပြီးတော့ စွဲစွဲမြဲမြဲ စသုံးဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဖိုရမ်စွဲပြီး နေ့နေ့ညည အဲမှာပဲ တော်တော် အချိန်ုကုန်ခဲ့သေးတယ်။ အဲဒီတုန်းက ခုခေတ်ဖိုရမ်တွေလို အခုရေး အခုတက် မဟုတ်ဘူးဗျ။ အက်မင်တွေ မော်ဒရေတာတွေက တစ်ရက်သုံးကြိမ် စစ်စစ်ပြီးမှ တင်ပေးတယ်။ အဲတော့ သူတို့ ဆင်ဆာလွတ်အောင် ရေးရပြုရတာ တစ်လုပ်၊ သူတို့တင်ပေးတာကို တမျှော်မျှော်မော့ရတာက တစ်လုပ်။ ပလန်းနက်မှာ တစ်နှစ်ကျော်လောက် တောက်လျှောက်ရေးလိုက်သေးတယ်။ အဲဒီတုန်းက ပလန်းနက်ဖိုရမ်မာများဆိုပြီး ဘားလမ်းက မစ္စတာဘရောင်းမှာ ခဏခဏ တွေ့ကြတာ မှတ်မိသေးတယ်။

နံပတ်တစ် ဇော်ဂျီ

နောက်တော့ ပလန်းနက်ကြီး ခဏခဏဒေါင်းပြီး ရေးထားသမျှတွေ ပြောင်ကုန်တာနဲ့ပဲ စိတ်ကုန်ပြီး မရေးဖြစ်တော့တော့ဘူး။ ပလန်းနက်မှာ စွဲစွဲမြဲမြဲရေးဖြစ်တဲ့ ဖိုရမ်မာတွေဟာ နောက်တော့ ဘလော့ဂါတွေ ဖြစ်ကုန်ကြပါတယ်။ ဘလော့ဂါဖြစ်တော့လည်း သုံးနေကျ ဇော်ဂျီနဲ့ပဲ ရေးကြတယ်။ အဲဒီတုန်းက တခြား ရွေးချယ်စရာ ဖောင့် များများစားစား မရှိဘူးဗျ။ ဇော်ဂျီသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာပဲ။ အဲဒီတုန်းက ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဇော်ဂျီသာလျှင် ကမ္ဘာသုံး မြန်မာစာအတွက် တစ်ခုတည်းသော အဖြေ ဖြစ်တယ်လို့ တွေးမိပါတယ်။ ဇော်ဂျီဖောင့် ပေါ်ပြူလာဖြစ်လာတဲ့ အကြောင်းရင်းတွေကို စစ်တမ်းချကြည့်ရင် ဒီလိုတွေ့မယ်။

၁) ဆိုရှယ်ဆိုက်ဖြစ်တဲ့ ပလန်းနက်က စခြင်း။ အဲဒီတုန်းက ပုဂံနက် ရပ်သွားပြီးတဲ့နောက် ပလန်းနက်ဟာ ပြိုင်ဘက်မရှိ နံပတ်တစ် လူအဝင်ဆုံး ဖိုရမ်ပါ။

၂) ကီးဘုတ်မလိုခြင်း။ ကီးဘုတ်မပါဘဲ Text box မှာတင် ရေးလို့ရအောင် Java Script နဲ့ လုပ်ထားပေးတယ်။

၃) ပြိုင်ဘက်မရှိခြင်း။ ဇော်ဂျီ စပေါက်တော့ သူနဲ့ပြိုင်စရာ ဘာအခမဲ့ဖောင့်မှ မရှိပါ။

၄) ကြော်ငြာအားကောင်းခြင်း။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေမှာ ဇော်ဂျီယူနီကုတ် ဇော်ဂျီယူနီကုတ် ဆိုပြီး ခဏခဏ ပါတယ်။ အချင်းချင်းကြားမှာလည်း ပါးစပ်ကြော်ငြာဟာ အတော်ထိရောက်ပါတယ်။

၅) ဝိုင်းဝန်းကူညီကြခြင်း။ မြန်မာရှေးဦးဘလော့ဂါတွေဖြစ်တဲ့ ကိုမောင်လှ၊ ညီလင်းဆက်ဘလော့စတာတွေမှာ ဇော်ဂျီကို ဘယ်လို စီအက်စ်အက်စ် ရေးနည်း၊ Embed လုပ်နည်း၊ နောက် ဇော်ဂျီဖောင့် သွင်းနည်း၊ ကီးဘုတ်ရိုက်နည်း စတာတွေကို အသေးစိတ်လမ်းညွှန် ရေးပေးထားတာ နောက်လူတွေအတွက် အင်မတန် အထောက်အကူ ဖြစ်ပါတယ်။ အခုတောင် ဘလော့စရေးတဲ့လူတွေဟာ အဲဒီပို့စ်တွေကို Google ပြီး လိုက်ကြည့်လုပ်နေရတုန်းပါပဲ။ ဇော်ဂျီမှာပါတဲ့ အမှားတွေ၊ Bugs တွေကိုလည်း ဝိုင်းပြင်ပေးကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဇော်ဂျီဖောင့်က ပရင့်၊ PDF ထုတ်လို့ရှိရင် တချို့စာလုံးနေရာတွေမှာ အင်္ဂလိပ် အက္ခရာတွေလာပေါ်နေတဲ့ ပြဿနာကို Fix လုပ်ပေးဖူးတယ်။

၆) ဘယ် OS မှာမဆို အလုပ်ဖြစ်ခြင်း။ ဇော်ဂျီဟာ Font Shape ကလွဲပြီး ဘာနည်းပညာမှ ထည့်မထားတဲ့ ဖောင့် ဖြစ်တဲ့အတွက် နေရာတော်တော်များများမှာ သုံးရ အဆင်ပြေတယ်။ အထူးသဖြင့် မြန်မာတွေရဲ့ လက်စွဲ ဂျီတော့။

ဇော်ဂျီဟာ ယူနီကုတ် မဟုတ်ဆိုပါလား

ကဲ ဒီအချိန်မှာ တခြားတစ်ဘက်ကို ကြည့်ရအောင်။ ကျွန်တော်ဟာ ယူဇာနေရာက ပြောနေတာဖြစ်တဲ့အတွက် ဘယ်ခုနှစ်က ဘယ်ဗားရှင်းက ဘာဖြစ်တယ် ဆိုတာတွေ အမှတ်အသား မရှိပါ။ ဘာက ဘယ်လို အကြောင်းအကျိုးတွေ ဖြစ်သွားတယ်ဆိုတာ ကြည့်ပါမယ်။ ဒီလိုဇော်ဂျီကို အရှိန်အဟုန်နဲ့ သုံးလာရင်းနဲ့ တစ်နေ့တော့ စာစောင်တစ်ခုဆီက အသံထွက်လာပါတယ်။ “ဇော်ဂျီဟာ ယူနီကုတ် မဟုတ်၊ ယူနီကုတ်အစစ် ရှိတယ်”။ ဟိုရှာဒီရှာနဲ့ နောက်ဆုံး မိုင်မြန်မာကို သွားတွေ့ပါတယ်။ ဒါပေမယ့် မိုင်မြန်မာရဲ့ဈေးကွက်ဗျူဟာက သိပ်မနိပ်လှပါ။ ကွန်ပျူတာက အခြေခံဖောင့်တွေကို မိုင်မြန်မာပြောင်းပစ်ပါတယ်။ မိုင်မြန်မာသွင်းပြီးတဲ့နောက် ကွန်ပျူတာက မြန်မာစာတွေ ဖြစ်ကုန်ပါရော။ ပိုဆိုးတာက ရှိလက်စ ဇော်ဂျီပါ မမြင်ရတော့။ အဲဒီတော့ သွင်းပြီးပြန်ထုတ် မုန့်ဖက်ထုပ် လို့ပဲ ပြောပါရစေတော့။

တေတေကနိတ် အန်လယ်ပီ

ဒီအချိန် မြန်မာ အန်လယ်ပီက လုပ်နေတဲ့ မြန်မာဝမ်း၊ မြန်မာတူးတွေကို တော်ရုံတန်ရုံလူ မကြားဖူးပါဘူး။ မကြားဖူးဆို မီဒီယာတွေမှာလည်းမပါ၊ သတင်းထုတ်ပြန်တာလည်းမလုပ် နဲ့ “တိုးတိုးတိတ်တိတ် ကြိတ်မှိတ်လို့သာ ဖွင့်ဟမပြောပေမယ့်” ဆိုတဲ့ သီချင်းစာသားလိုပဲ မပြောတော့ မသိပါ။ မသိတော့ မသုံးပါ။ သိသွားတော့လည်း မြန်မာဝမ်း စမ်းတော့ မြန်မာတူးထွက်၊ မြန်မာတူး စမ်းတော့ မြန်မာသရီးထွက်ဆိုတော့ ယူဇာတွေရဲ့ စိတ်ထဲမှာ ယူနီကုတ်ဆိုတာ အမြဲပြောင်းနေတယ်ဆိုတဲ့ စိတ်မျိုးလေး ဝင်သွားပါတယ်။ အပြစ်တင်လိုတာ မဟုတ်ပါ။ ဖြစ်ခဲ့တာကို ပြောလိုရင်း ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ရလဒ်

နောက်တစ်ခုက ယူနီကုတ် လုပ်နေတဲ့လူတွေဟာ သူတို့ဟာ မြန်မာစာတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်နေရတယ်၊ အဲဒါကို ယူဇာတွေက ဇော်ဂျီကြောင့် မကောင်းမြင်ရမလားဆိုပြီး ဘုတိုက်ချင်တဲ့ စိတ် အနည်းနဲ့ အများဝင်နေပုံ ရပါတယ်။ အဲဒီမှာတင် ယူနီကုတ်အကြောင်းပြောကြရင် ဇော်ဂျီဖောင့်ကို ချိုးချိုးနှိမ်နှိမ် ပြောပါတယ်။ လူဆိုတာ စပရိန်လိုပဲ ဖိရင် ကန်တတ်တဲ့သဘောရှိတဲ့အတွက် လူအများစုကြီးဟာ ဇော်ဂျီဘက်ပဲ ရောက်ကုန်ပါတော့တယ်။ ယူနီကုတ်သမားတွေလည်း နေရင်းထိုင်ရင်း လူကြမ်းမင်းသား ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါတော့တယ်။

ရပ်သွားတဲ့ ဇော်ဂျီ

ဇော်ဂျီဟာ စထွက်တာကနေ ခုထိ ဗားရှင်းပေါင်း မြောက်များစွာ ထွက်ခဲ့တာ နောက်ဆုံးအထိဆိုရင် ၁၂ မျိုး ရှိပါတယ်။ ဒီထဲမှာ ဂျီတော့ဟက်ခ် အေရီရယ်ဟက်ခ် စတဲ့ စစ္စတမ်ဖိုင်တွေကို အစားထိုးပစ်တာ၊ Internet Explorer မီးမြေခွေး အစရှိတဲ့ ဘရောက်ဇာတွေရဲ့ အခြေခံ CSS ကို ဇော်ဂျီဖြစ်အောင် ပြောင်းပစ်တာ အစရှိတာတွေလည်း ပါပါတယ်။ ရလဒ်ကတော့ အဲဒီလိုမျိုးဇော်ဂျီ Installer တွေကို သုံးထားရင် ဘယ်ယူနီကုတ် သွင်းသွင်း ဇော်ဂျီကလွဲလို့ မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်။ ဇော်ဂျီကိုယ်တိုင်မှာလည်း ရှေးဦး ဗားရှင်းတွေကို နောက်ပိုင်းဗားရှင်းနဲ့ကြည့်ရင် မမြင်ရတော့တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အဲဒီမှာတင် ဇော်ဂျီအဖွဲ့ဟာ ဇော်ဂျီဗားရှင်း အချင်းချင်း မကိုက်တာကို ကာကွယ်ဖို့အတွက် ဗားရှင်းအသစ် ဆက်ထုတ်ခြင်းကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

လူသုံးများနေတာ စံ (standard) လုပ်လိုက်ပါတော့လား

ဇော်ဂျီစလုပ်တော့ အဲဒီအချိန်အထိ အတည်ဖြစ်ခဲ့တဲ့ အစောပိုင်း ယူနီကုတ်စံကို အက္ခရာနေရာ တော်တော်များများ တူအောင် ကြည့်ပြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစာရဲ့ ရှုပ်ထွေးတဲ့ ရေးသားပုံ၊ စာလုံးပြောင်းလဲပုံတွေကို ကာမိဖို့အတွက် အက္ခရာနေရာ တော်တော်များများကို တိုင်းရင်းသားတွေအတွက် ဖယ်ထားတဲ့နေရာက ယူသုံးခဲ့ပါတယ်။ ဥပမာအားဖြင့် ဇော်ဂျီမှာ ရရစ် အကြီးအသေး ခေါင်းတို ခြေတို စတာတွေနဲ့ ရရစ်ပုံစံ ရှစ်မျိုး ရှိပါတယ်။ ဗျည်း ၃၃ လုံးမှာလည်း ဗျည်းတစ်လုံးစီအတွက် အကြီးတစ်လုံး၊ ပါဌ်ဆင့်အသေးတစ်လုံး နှစ်လုံးစီ အနည်းဆုံး ရှိပါတယ်။ စာရိုက်ရင်လည်း အမြင်အတိုင်းရိုက်ရတဲ့အတွက် “ကို” ဆိုတဲ့ စာလုံးကို ရိုက်မယ်ဆိုရင် တချို့က ကကြီး လုံးကြီးတင် ပြီးမှ ချောင်းငင်နဲ့ ရိုက်ပြီး တချို့က ကကြီးချောင်းငင် ပြီးမှ လုံးကြီးတင်နဲ့ ရိုက်ပါတယ်။ လူအပေါ်မူတည်ပြီး စာရိုက်ပုံတွေ ကွဲသွားတဲ့အတွက် မြန်မာဝေါဟာရ တစ်လုံးအတွက် စာလုံးအတွဲအစပ် ဖြစ်နိုင်ခြေ မြောက်မြားစွာ ရှိနေပါတော့တယ်။

ဒီအချိန်မှာ ရှမ်းတိုင်းရင်းသားတစ်ယောက်ဟာ ဗမာစာရော ရှမ်းစာပါ တွဲရိုက်ချင်ပြီ ဆိုပါတော့။ ဇော်ဂျီကို သုံးလို့ မရနိုင်တော့ပါဘူး။ “ကဲ ဒီပြဿနာကို အလွယ်ဖြေရှင်းမယ်ကွာ။ ရှမ်းမှာ လိုနေတဲ့ အက္ခရာတွေကို မွန်စာထဲက ယူသုံးမယ်။ မွန်စာ အတွက်ရော။ လွယ်ပါတယ်။ ကရင်စာထဲက ယူသုံးမယ်။ ကဲ ကရင်စာအတွက်ရော။ တခြားဘာသာထဲက ယူသုံးမယ်ကွာ။ အဲ ဘာသာတတ်တဲ့လူလည်း မြန်မာနိုင်ငံမှာ မရှိလောက်ပါဘူး။” … ကျွန်တော်တို့ ပြဿနာတစ်ခုကို မနုတ်လောက် တစ်ဆယ်ချေးဆိုသလိုမျိုး ကလေးတုန်းကလို အလွယ် ပြီးပြီးရော ဖြေရှင်းချင်လို့ မရတော့ပါဘူး။

တစ်ချိန်က မြန်မာစာ စာလုံးပြောင်းလဲပုံအတွက် နည်းပညာ မရှိသေးလို့ ဇော်ဂျီကို အဲဒီအတိုင်း ထုတ်လိုက်ရပါတယ်လို့ ဆိုခဲ့ရင် အခုခေတ်မှာ စာလုံး ပြောင်းလဲပုံတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ ရှိနေပါပြီ။ ဒါပေမယ့် ဇော်ဂျီဟာ ပြောင်းတော့မှာ မဟုတ်ပါ။ ဇော်ဂျီ ၂၀၀၉ ကို ဂျပန်နိုင်ငံက ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်တဲ့ ကိုစိုးမင်းက ဖြစ်မြောက်အောင်မြင်အောင် ကြိုးစားခဲ့ပေမယ့် လူသုံးများတဲ့ ဇော်ဂျီဗားရှင်းနဲ့ အမှန်မမြင်ရတဲ့အတွက် ဇော်ဂျီအဖွဲ့က ယူမသုံးခဲ့ပါ။ ကျွန်တော်ထပ်ပြောပါမယ်။ ဇော်ဂျီဟာ ရပ်သွားပါပြီ။ ရပ်နေတာဟာ Standard ဖြစ်နေတာမဟုတ်ပါ။ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ဇာတ်ထဲကအတိုင်း ပလို့ဂျိ ဆိုတာနဲ့ ခြေထောက်ကို ခေါင်းမှာ လှမ်းချိတ်လိုက်တာ ပြန်ဖြုတ်မရတော့ပဲ လှုပ်မရ ပြုမရ ဖြစ်နေတဲ့ ပုံပါ။

ယူနီကုတ် ဆိုတာ ဖောင့်သက်သက်မဟုတ်

ယူနီကုတ်စနစ်၊ အိုင်အက်စ်အိုစနစ်တွေနဲ့ အကြိမ်ကြိမ် တိုက်စစ်ပြီးတဲ့နောက် ကွန်ပျူတာသုံး မြန်မာစာဟာ စိတ်ချလက်ချ သုံးစွဲနိုင်တဲ့ အဆင့် ရောက်ခဲ့ပါပြီ။ Unicode Consortium က ထုတ်ပြန်တဲ့ Chart အရ Unicode 5.2 ဟာ မြန်မာစာအတွက် အတည် ဖြစ်သွားပါပြီ။ အများစုက ယူနီကုတ်ဆိုတာ ဖောင့်တစ်မျိုးလို့ စိတ်ထဲ စွဲနေကြတာ များပါတယ်။ ယူနီကုတ်ဆိုတာ အမှန်တော့ ကွန်ပျူတာသုံး မြန်မာစာအတွက် သတ်မှတ်ထားတဲ့ စံ တစ်ရပ်ပါ။ ယူနီကုတ်စနစ်နဲ့ ကိုက်ညီဖို့အတွက် သူ့စည်းမျဉ်းတွေ ရှိပါတယ်။

၁) မြန်မာစာအတွက် သတ်မှတ်ထားသည့် အက္ခရာများသည် Unicode 5.2 Chart ထဲကအတိုင်း နေရာ အတိအကျ ရှိရမည်။

၂) မည်သည့် ယူနီကုတ် Encoding မဆို ဗျည်းမှ စရမည်။ ယင်းနောက်မှ ဗျည်းတွဲ၊ သရ၊ Tone/ဗျည်း၊ အသတ် လိုက်ရမည်။ ဥပမာ ” ပြောင်း” ဆိုတဲ့ စာလုံးကို ယူနီကုတ်မှာ “ပ + ြ- + ေ + ာ + င + -် + း” ရယ်လို့ စီပါတယ်။ မြန်မာစာ အသံစဉ် အရလည်း မှန်ပါတယ်။ ပ + ရ + အောင်း ။

ဒီနေရာမှာ မြန်မာတွေ ပြဿနာတက်တာပါပဲ။ သဝေထိုးက စရေးနေကျဆိုတော့ ဗျည်းနောက် သဝေထိုးရောက်သွားတာကို မနေတတ် မထိုင်တတ် ဖြစ်ကုန်ကြပါတယ်။ အမှန်က စာလုံးစီပုံမှာ အနောက်ရောက်သွားခြင်းဟာ ပြဿနာကြီးတစ်ရပ် မဟုတ်ပါ။ အမြင်မှာ သဝေထိုးအရှေ့က ရောက်နေဖို့သာ အဓိက ဖြစ်ပါတယ်။

ယူနီကုတ်၏ အားသာချက်

ယူနီကုတ်သုံးရင် မြန်မာစာဟာ ပိုလွယ်ပြီးတော့ ရှင်းသွားပါတယ်။ ယူနီကုတ်ရဲ့ အားသာချက်တွေကို ဒီလို စာရင်းလုပ်ပြလို့ ရပါတယ်။

၁) ယူနီကုတ်မှာ အက္ခရာတိုင်းစီအတွက် နေရာ တစ်ခုစီသာ ရှိပါတယ်။ ဥပမာ ကကြီးဟာ အပေါ်မှာနေနေ၊ ပါဌ်ဆင့်လိုက်လို့ အောက်မှာနေနေ ပုံစံပြောင်းသွားတာသာ ဖြစ်ပါတယ်။ ကကြီးအတွက် ကုတ်ပွိုင့်နေရာကတော့ တစ်ခုသာ ရှိပါတယ်။ ရရစ်ဟာလည်း တစ်မျိုးသာရှိပြီး စာလုံးကိုလိုက်လို့ သူ့အလိုလို ပုံစံပြောင်းလဲသွားခြင်းမျှသာ ဖြစ်ပါတယ်။ အဋ္ဌမ ဆိုတဲ့စာလုံးဟာ အဋ်ဌမ ဆိုတဲ့စာလုံးကို ချုံ့ထားခြင်းဖြစ်ပါတယ်။ ယူနီကုတ်မှာဆိုရင် စာတစ်လုံးစီဖြစ်ပြီး ပုံစံပြောင်းနေခြင်းမျှသာ ဖြစ်ပါတယ်။

၂) ဘယ်စာလုံးအတွက်မဆို စာလုံးစီပုံ တစ်မျိုးသာ ရှိတဲ့အတွက် Search Engine တွေ ရှာရတာလည်းလွယ်သွားပါတယ်။

၃) ဝေါဟာရတွေ စီစဉ်ရင် အက္ခရာစဉ်အလိုက် အလွယ်တကူ စီနိုင်ပါတယ်။ ဇော်ဂျီမှာဆိုရင် “က ၊ ကေ နဲ့ ကြ” ဟာ ကကြီးအစဉ်ထဲမှာ ရှိသင့်ပေမယ့် မရှိပါဘူး။ “ကေ”ဟာ သဝေထိုးခေါင်းစဉ်အောက်ရောက်ပြီး “ကြ”ဟာ ရရစ် ခေါင်းစဉ်အောက် ဝင်သွားပါတယ်။

၄) ဘယ် OS မဆို ဘယ်ဆော့ဝဲမဆို မြန်မာစာအထောက်အကူထည့်မယ်ဆိုရင် ယူနီကုတ်သာ ထည့်မှာ ဖြစ်ပါတယ်။

၅) Data တွေဟာ တစ်ခုနဲ့တစ်ခု တိုက်ရိုက်ပြောင်းလဲနိုင်ပါတယ်။ ဆိုလိုတာက ဒီစက်မှာ Cat လို့ ရိုက်ထည့်ရင် ကမ္ဘာတစ်ဘက်ခြမ်းက ဟိုဘက်စက်မှာ ဘာဖောင့်မှ အသစ်သွင်းစရာ မလိုပဲ Cat လို့ မြင်နိုင်ပါတယ်။ ဘယ်နိုင်ငံကလူမဆို မြန်မာစာကိုကြည့်ချင်ရင် တစ်မျိုးတည်း အလွယ်တကူ မြင်နိုင်မှာ ဖြစ်ပါတယ်။

ကီးဘုတ် ကိစ္စ

ဇော်ဂျီသုံးနေရာက ယူနီကုတ်စသုံးတော့ ယူဇာအတော်များများ ကွန်ပလိန်းတက်ကြတာက ကီးဘုတ် ပြဿနာပါ။ အမှန်က ယူနီကုတ်အတွက် ကီးဘုတ်တစ်မျိုးမက ရှိပါတယ်။ အရင်လာအရင်ရိုက်ရတဲ့စနစ်၊ သဝေထိုးကလွဲရင် ကျန်တာ အရင်လာ အရင်ရိုက်ရတဲ့ စနစ်၊ ဇော်ဂျီရိုက်သလို ရိုက်လို့ရတဲ့ စနစ် ၊ ဘားဂလိပ်နဲ့ ရိုက်တဲ့စနစ် စသည်ဖြင့် အစုံရှိပါတယ်။ အဲဒီ Information အစုံအလင်အတွက် myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေပါတယ်။

မူပိုင်ခွင့်

အင်တာနက်မှာ အလကားရတာဆို ကောက်သုံးလိုက်တာပါပဲ၊ ဘာလိုင်စင်မှလည်း ဂရုစိုက်မနေပါဘူး၊ ဆော့ဝဲတွေ အင်စတောလုပ်ရင် အစမှာပါတဲ့ လိုင်စင်သဘောတူညီချက်တွေကို ကျော်ဖတ်ပစ်တာပဲ ဆိုတဲ့လူက များပါတယ်။ ဒါပေမယ့် ဖောင့်ကိစ္စတွေမှာတော့ လိုင်စင်က အရေးကြီးလာပါတယ်။ ဇော်ဂျီက အခမဲ့ဖြစ်ပေမယ့် လိုင်စင်ကိစ္စ ရှင်းရှင်းလင်းလင်း မရှိပါ။ ဖောင့်ပုံစံရဲ့ မူရင်းပိုင်ရှင် နဲ့ အခြားဝယ်ထားသူတစ်ယောက်တို့က မူပိုင်ခွင့်ကိစ္စတွေပြောထားတာကို ဖတ်လိုက်ရပါတယ်။ ဖောင့်တစ်ခုမှာ မူပိုင်ခွင့်ရယူထားတာရှိရင် အခြားသူတွေအနေနဲ့ –

၁) အဲဒီဖောင့်ကို ပြုပြင် ပြောင်းလဲပိုင်ခွင့် မရှိပါ။ (ကျွန်တော် ဇော်ဂျီကို အခြေခံပြီး ပိတောက်ဇော်ဂျီဆိုတဲ့ ယူနီကုတ်ဖောင့် လုပ်ထားတာ ရှိပါတယ်။ အဲဒါကို ဖျက်ချပစ်ဖို့ စဉ်းစားနေပါတယ်။)

၂) အဲဒီဖောင့်ကို ဝက်ဘ်ဆိုက်တွေမှာ Embed လုပ်ပိုင်ခွင့်မရှိပါ။ EOT, woff, svg, java font စတာတွေနဲ့ ကိုယ့်ဆိုက်မှာ ဖောင့်မပါဘဲ ပေါ်အောင်လုပ်ထားရင် မူပိုင်ခွင့်နဲ့ ငြိပါတယ်။

၃) Software တွေမှာ Embed ထည့်ခွင့် မရှိပါ။

တစ်ဘက်မှာ နောက်ဆုံးထွက်တဲ့ ယူနီကုတ်ဖောင့်တွေဖြစ်တဲ့ ပိတောက်၊ ပုရပိုဒ်၊ မြန်မာ၃၊ မာစတာပိယူနီစံ၊ သံလွင် စတဲ့ ဖောင့်တွေဟာ လိုင်စင်ကို အတိအကျ ဖော်ပြထားကြပြီး အားလုံးလိုလိုဟာ Opensource ပေးထားတဲ့ လွတ်လပ်ဖောင့်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ လွတ်လပ်ဖောင့်ဖြစ်တဲ့အတွက် ဝေမျှခြင်း၊ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲခြင်း၊ တချို့ဆိုရင် ပြန်လည်ရောင်းချခြင်းတို့ကို ခွင့်ပြုထားတာမျိုး ရှိပါတယ်။ လိုင်စင်အဓိပ္ပါယ်ရှင်းလင်းချက်တွေကိုတော့ myanmarlanguage.org မှာ တင်ပေးဖို့ ကြိုးစားနေကြပါတယ်။

မြန်မာစာတိုးတက်ရေး

ယူနီကုတ်ဟာ အစိုးရပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် အွန်လိုင်းလောကမှာ လူသုံးနည်းနေသေးတာတော့ အမှန်ပါ။ ယူဇာလမ်းညွှန် နည်းနေခြင်း၊ ကြော်ငြာအားနည်းခြင်း (မရှိသလောက်ဖြစ်ခြင်း)၊ ယူနီကုတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲခြင်း၊ အကူအညီတောင်းရန်နေရာ ရှာမရခြင်း တို့ကလည်း ယူနီကုတ်အသုံးပြုခြင်းကို ဟန့်တားတဲ့ အရာတွေ ဖြစ်ပါတယ်။

ယူနီကုတ်သွင်းလိုက်ရင် ဇော်ဂျီဖတ်မရတော့ခြင်း၊ ကီးဘုတ်မရိုက်တတ်ခြင်း၊ ဇော်ဂျီကီးဘုတ်နဲ့ ယူနီကုတ်ကီးဘုတ် ငြိကြခြင်း စတာတွေဟာလည်း ဖြေရှင်းဖို့လွယ်ပေမယ့် အများဆုံးကြုံနေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချက်တွေကို ကျော်လွှားပြီး

၁) ယူဇာတွေရဲ့စက်ထဲကို ယူနီကုတ်ရောက်သွားဖို့၊ ယူနီကုတ်နဲ့ ရေးထားတာတွေ ဖတ်နိုင်ဖို့

၂) ယူနီကုတ်ကို စရိုက်ဖို့၊ စသုံးဖို့

၃) ယူနီကုတ်ကို တွင်တွင်ကျယ်ကျယ် သုံးဖို့

တွေဟာ ကျွန်တော်တို့ သွားရမယ့် လမ်းတစ်ဆင့်ချင်း ဖြစ်ပါတယ်။

ရောင်နီဦး

အချုပ်ပြောရမယ်ဆိုရင် ဇော်ဂျီဟာ ကျွန်တော်တို့ အွန်လိုင်းမြန်မာစာဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပေးခဲ့တာ ငြင်းမရပါ။ ကျွန်တော်ကတော့ ဇော်ဂျီကို မြန်မာစာအတွက် အရေးပါတဲ့ လှေကားတစ်ထစ်လို့ တင်စားချင်ပါတယ်။ သို့ပေမယ့် ဒီလှေကားထစ်မှာတင် ပေတေပြီး ရပ်နေလို့ မရပါ။ မြန်မာစာ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ် ဖွံ့ဖြိုးလာဖို့ ယူနီကုတ်ကို မသုံးမဖြစ် သုံးရမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး လှေကားထစ်များကို ဆက်လှမ်းတက်ရဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေဟာ မြန်မာစာ နိုင်ငံတကာမှာ တွင်ကျယ်ရေး တိုးတက်ရေးကို လျင်လျင်မြန်မြန် မြင်ချင်တယ် ဆိုရင်တော့ နောက်မှ ဆိုတဲ့ ဆင်ခြေတွေ ပေးမနေတော့ဘဲ ယူနီကုတ်ကို ဒီနေ့ပဲ စသုံးကြည့်လိုက် ကြပါစို့။

Read more:

http://my.wikipedia.org/wiki/Myanmar_Unicode

http://www.thanlwinsoft.org/ThanLwinSoft/MyanmarUnicode/

http://mmitpros.ning.com/forum/topics/myanmar3-keyman-and-msklc

http://www.bamarlay.com/2010/04/bamarlays-experience-with-myanmar-unicode-5-1/

http://www.myanmarlanguage.org/

http://www.myanmars.net/winmyanmar/win-myanmar-5-2009/usage-.html

http://www.dhammabank.com/?PID=B&SID=1&CID=B&BID=12&CatID=Unicode%205.2%20System

Original Post here.

Tags: , ,

· · · ◊ ◊ ◊ · · ·