Text Matrix

01 Jul 2011

Matrix Lionslayer

1. Prologue

☔ ဖွဲဖွဲရွာနေသည်။ စီးကရက်က မျက်နှာရှေ့တွင် ပျံဝဲနေသည်။ နောက်ကျောကို လေတဟူးဟူးတိုက်နေသည်။ ညို့မှိုင်းသော ကောင်းကင်မှာ ထူထဲသော ☁ တိုက်တို့ လွင့်မျောနေသည်။

2. The Escape

ဒီနေ့ ☼ မပွင့်။ ☁ ထူပြီး မိုးသည်းနေသည်။ ☂ တစ်လက်ဆွဲပြီး ပြေးထွက်ခဲ့သည်။ ရုံး ⌛ နောက်ကျနေပြီ။ ရထားပေါ်တက်လိုက်တဲ့အချိန်မှာပဲ ☎ မြည်လာသည်။

_||__| | ______ ______ ______
( | | | | | | |
/-()—() ~ ()–() ~ ()–() ~ ()–()

“ဟဲလို ဘယ်သူလဲ?”

တစ်ဘက်က ♀ တစ်ယောက်စကားသံ ထွက်လာသည်။

“ငါ ထရင်နတီ… ငါတို့ ☽☆ ကပဲ အွန်လိုင်းမှာ ပြောခဲ့တယ်လေ…”

သီဟ ရုတ်တရက် အံ့ဩသွားသည်။ ထရင်နတီဟာ နာမည်ကြီး ဟက်ကာတစ်ယောက်။ ဒါပေမဲ့ သူ♀ဆိုတာ မသိခဲ့။

ရှင့်နောက်မှာ ♂ နှစ်ယောက်ရှိတယ်။ လှည့်မကြည့်နဲ့။ ဒီ ယုန်တွင်းထဲက ထွက်ချင်ရင် ဖဲချပ်တို့ရဲ့ ခေါင်းဆောင်ဆီကို လာခဲ့။

“ငါ့မှာအလုပ်ရှိသေး…”

စကားတောင်မဆုံးသေး။ တစ်ဘက်က ☎ ချသွားသည်။ ရထားပြတင်းမှန်က တဆင့် နောက်ကိုကြည့်လိုက်တော့ သတင်းစာတစ်စောင်စီနှင့် လူနှစ်ယောက်က သူ့နောက်မလှမ်းမကမ်းမှာ ရပ်နေသည်ကို တွေ့ရသည်။ ခေါင်းထဲမှာရှုပ်နေသည်။ ညက အွန်လိုင်းမှာ မက်ထရစ်ဆိုတာ ဘာလဲဟု ထရင်နတီကို မေးမိတာ သတိရသည်။ သူက သိချင်ရင် နောက်နေ့ပြောမယ်လို့ ပြောထားခဲ့တာ သတိရသည်။ မိုးလင်းခါနီးမှ အိပ်ပျော်သွားပြီး အိပ်မက်ဆိုးတွေမက်တာလည်း မှတ်မိသလိုလိုရှိသည်။ ရထားက ဒိုဘီဂေါက်ရောက်၍ ရပ်သွားစဉ် လူအများအပြားဆင်းသွားကြသည်။ ထိုနှစ်ယောက်က မလှုပ်မယှက်။

“တီ.. တီ.. တီ..”

အသံမြည်ပြီး တံခါးပိတ်လုပိတ်ခင်တွင် သူ လှစ်ခနဲ ခုန်ထွက်လိုက်သည်။ ရထားကတံခါးပိတ်ပြီး ထွက်သွားသည်။ သတင်းစာကိုပစ်ချပြီး မှန်ပြတင်းက ကြည့်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ခရမ်းလိုင်းမီးရထားဘက်သို့ လမ်းလျှောက်လာရင်း တွေးသည်။ ဒီလူတွေ ဘယ်သူတွေပါလိမ့်။ စပ်စုချင်စိတ်ကြောင့် တစ်ခါတလေ ဟက်ကာတစ်ပိုင်းလုပ်သော်လည်း ကြီးကြီးမားမား ကိစ္စတို့နှင့် တစ်ခါမှ မပတ်သက်ဖူးပေ။

ဖဲချပ်ခေါင်းဆောင်….။ ဂျိုကာကိုပြောတာလား။ 1♤ ကို ပြောတာလား…။ အိပ်ရေးမဝသောကြောင့် ခေါင်းတစ်ခုလုံး ဝေဝါးနေသည်။ ခေါင်းထဲတွင် လက်ခနဲ ဖြစ်သွားသည်။ အဲလစ်ရဲ့ ထူးဆန်းသောကမ္ဘာမှာ ဖဲချပ်တို့ရဲ့ ခေါင်းဆောင်ဟာ ဘုရင်မကြီးဖြစ်သည်။ ♛ စတောင်း ကိုပြောတာဖြစ်မည်။ ✆ မြည်လာသည်။ ရုံး HR ကဖြစ်သည်။ ဒီနေ့ အရေးပေါ်ခွင့်ယူမည်ဟု ပြောလိုက်သည်။ အခု ဘယ်မှာလဲဟု မေးနေသေးသည်။ ဘာမှပြန်မပြောဘဲ ☎ ချလိုက်သည်။

3. The Encounter

♛စတောင်းရောက်တော့ ရထားပေါ်ကဆင်းလိုက်သည်။ စက်လှေကားမှ ဆင်းမည်အပြုတွင် တစ်စုံတစ်ယောက်က သူ့ပခုံးကို လှမ်းဆွဲလိုက်သည်။ လှည့်ကြည့်လိုက်တော့ လောင်းကုတ်အနက်ခြုံကာ နေကာမျက်မှန်နက် တပ်ထားသော မျက်နှာဖြူအမျိုးသမီး တစ်ယောက်ဖြစ်သည်။

“ငါ ထရင်နတီပဲ။”

“ငါ လိုင်းယွန်းစလေယာ။”

“လိုင်းယွန်းစလေယာဆိုလို့ လူကောင်အကြီးကြီးမှတ်နေတာ လတ်စသတ်တော့ သေးသေးလေးပဲ။”

စိတ်ထဲတွင် ထောင်းကနဲဖြစ်သွားသော်လည်း တစ်ချက်ပြုံးပြလိုက်သည်။ ငါးပေခြောက်ရှိသော သူသည် ဒေါက်မြင့်စီးထားသော အနောက်တိုင်းအမျိုးသမီးအမြင်တွင် ညှက်နေပေလိမ့်မည်။

“ငါတို့မှာအချိန်မရှိဘူး.. အမြန်လာ..။”

ထရင်နတီသည် ကျွန်တော့်လက်ကိုဆွဲပြီး ချန်ဂီဘက်သွားသော ရထားပေါ်ပြေးတက်လိုက်သည်။ ရထားတွဲထောင့်က နှစ်ယောက်တွဲခုံတွင် ကျွန်တော်တို့ ထိုင်လိုက်ကြသည်။ ရုံးတက် ⌚ လွန်နေပြီ ဖြစ်သဖြင့် ရထားပေါ်တွင် လူနည်းနေသည်။

“ရှင့် ☎ ခဏပြပါဦး။”

ကျွန်တော့် ☎ ကို ထုတ်ပေးလိုက်ရာ ဆတ်ခနဲ ဆွဲယူပြီး  ရထားနှင့် ပလက်ဖောင်းကြားသို့ လှမ်းပစ်ချလိုက်သည်။ လှမ်းဆွဲလိုက်သော်လည်း မမီတော့။ ရထားက တံခါးပိတ်ပြီး ထွက်လာပြီဖြစ်သည်။

“ဟာ.. ဟာ… ဘယ်လို လုပ်လိုက်တာလဲ… အဲဒါ ℹ☎4 ကွ သိရဲ့လား။”

“သေချာနားထောင် ရှင့်နောက်မှာ ☎ ကတဆင့် နောက်ယောင်ခံလိုက်နေတဲ့လူတွေရှိတယ်။ ဒါနဲ့ ဒီရက်ပိုင်း အိပ်မက်ဆိုးတွေ ဘာတွေများ မက်သေးလား။”

ဇဝေဇဝါဖြစ်သွားသော်လည်းသေချာမှတ်မိအောင် ကြိုးစားစဉ်းစားရင်း ​ဖြေလိုက်သည်။

“လူတွေအများကြီး ငါ့ကိုဝိုင်းချုပ်ပြီး ပိုးကောင်တစ်ကောင်ကို ငါ့ဗိုက်ထဲ ထည့်လိုက်တယ်လို့ ဒီနေ့မနက်က မက်တယ်။”

ထရင်နတီသည့် သူ့ကုတ်ထဲမှ သင်္ကြန်သေနတ်နှင့်တူသော ကိရိယာတစ်ခုကို ထုတ်လိုက်သည်။

_____
.’:::::::’.
___ /:::::::::::____ _ _.”_
/|| ||`.______.-`|| | |_\\____/_ _.-‘\\
.|-| ||===|| ||===| ||_||||____|_| .-‘|||||
‘|-| ||===||===========||===| ||_||||____|_|`-._|||||
||___||___________||___|_|/ //// `-._////
) ) _____ (
/`–.._/ .’| ( ‘.
) ( ( ‘./ ) )
/`–.___ ‘._____.’ /
) /’._______.’
/`–..__/
) )
/`–..__/
( )
`——‘

“ငြိမ်ငြိမ်နေမလှုပ်နဲ့။”

ပြောပြောဆိုဆိုနှင့် သူ့မျက်စိကို ယင်းသေနတ်ဖြင့်တေ့ပြီး ခလုတ်ညှစ်လိုက်သည်။ သီဟမှာ မှင်သက်မိသွားစဉ် နာကျင်သောခံစားချက်နှင့်အတူ မျက်လုံးထဲမှ တစ်စုံတစ်ခု ထွက်သွားသည်ကို ခံစားလိုက်ရသည်။ မျက်လုံးကို ယောင်ယမ်းပွတ်လိုက်သည်။ မျက်လုံးတွင် စပ်ဖျဉ်းဖျဉ်းဖြစ်နေသော်လည်း ဘာမှ မဖြစ်။ သေနတ်ကိရိယာထဲတွင် ကင်း​ခြေများနှင့် ခပ်ဆင်ဆင်တူသော အကောင်တစ်ကောင် ယက်ကန်ယက်ကန်နှင့် ရောက်နေသည်ကို တွေ့လိုက်ရသည်။

“ရှင့်ကို သူတို့ Bug သွင်းထားတယ်။ နောက်ယောင်ခံလိုက်ဖို့ပေါ့။ အခုတော့ ကိစ္စမရှိတော့ပါဘူး။”

ထရင်နတီက ကိရိယာကို ပြန်သိမ်းရင်း ပြောလိုက်သည်။

“ကျွန်မဆီမှာ ရှင်သိချင်တဲ့ အဖြေရှိတယ်… တကယ်တော့ မက်ထရစ်ဆိုတာ….”

ရုတ်တရက် တံခါးပေါက်ဘက်ကို လှည့်ကြည့်လိုက်ပြီး ထရင်နတီက ခုန်ထလိုက်သည်။

“ကံမကုန်ရင် ပြန်ဆုံသေးတာပေါ့။ ရှင်တစ်ခုမှတ်ထားဖို့က ရှင့်ပတ်ဝန်းကျင်တစ်ခုလုံး အတုအယောင်ချည်းပဲ။”

သူက အော်ပြီး နောက်ဘက်က တွဲထဲသို့ ပြေးထွက်သွားသည်။ ခဏချင်းမှာပင် လူအုပ်ကြားထဲရောပြီး ပျောက်သွားသည်။ ရထားသည် ရပ်ဖဲပလေ့စ်တွင်ရပ်အသွား တံခါးအပွင့်တွင် စောစောကတွေ့ထားသော လူနှစ်ယောက်နှင့့် တက်ဆီဒိုဝတ်ကာ မျက်မှန်အနက်တပ်ထားသော မျက်နှာသေနှင့် လူနှစ်ယောက်ကိုပါ သူတွေ့လိုက်ရသည်။ ထိုထဲမှ တစ်ယောက်ကို သူ ရုတ်ချည်း မှတ်မိလိုက်သည်။ ညက အိပ်မက်ထဲမှာ ပိုးကောင်သွင်းလိုက်သော လူများထဲမှတစ်ယောက်ဖြစ်သည်။ ပုံပန်းသွင်ပြင်မှာ ဟောလိဝုဒ်ကားထဲမှ အေးဂျင့်များအတိုင်းဖြစ်သည်။ စင်ကာပူတွင် ဒီလိုဝတ်စားပုံနှင့်လူများကို တော်ရုံမတွေ့ရ။

စိတ်ထဲတွင် ဒွိဟတို့နှင့် ပြည့်နှက်ရှုပ်ထွေးနေသော်လည်း မသိစိတ်ထဲတွင် အလိုလိုသိနေသည်က သူပြေးမှ ဖြစ်မည်။ ဝင်ထွက်နေသော လူများကို တိုးကြိတ်ကာ ရထားပေါ်မှ ပြေးထွက်လိုက်သည်။ စက်လှေကားပေါ်ပြေးအ ⇑ တွင် မနက်ကတွေ့သော လူနှစ်ယောက်ထဲမှ တစ်ယောက်က သီဟကိုတွေ့သွားပြီး အော်ပြောလိုက်သည်။

“ဟိုမှာ..”

နောက်လှည့်မကြည့်တော့ဘဲ သူ စက်လှေကားထိပ် အမြန်ပြေးတက်လိုက်သည်။ မရီနာဘေသို့သွားသောရထားထဲ ခပ်သုတ်သုတ်ပြေးဝင်လိုက်သည်။ ရထားသည် သီဟဝင်အထိုင်မှာပင် ချက်ချင်းထွက်သွားသည်။ ရထားတွဲထဲတွင် သူတစ်ယောက်သာရှိသည်။ သူတို့ ဘယ်နည်းနဲ့မှ မမီနိုင်တော့။ တွေးရင်းပြုံးလိုက်သော်လည်း အပြုံးက လမ်းခုလတ်တွင် ရပ်သွားသည်။ အခြားတွဲမှ ဤတွဲဆီသို့ လျှောက်လာသည်က ဝတ်စုံနက်နှင့် လူ။ ဘယ်လိုရောက်လာတာလဲ။ အောက်ထပ်မှ အပေါ်ထပ်သို့ ဤမျတိုတောင်းသော အချိန်ပိုင်းအတွင်း တက်လာရန် မည်သို့မှ မဖြစ်နိုင်။ ထိုလူက အင်္ကျီရင်ဘတ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်သည်။ ပစ္စတိုတစ်လက်။ သီဟ မလှုပ်ရဲတော့။ နဖူးမှ ချွေးစက်တို့ ကျလာသည်။ ထိုလူက ရှေ့တွင် ရပ်လိုက်သည်။

“ဟဲလို မစ္စတာသီဟ… ငါတို့ပြန်တွေ့ကြပြီနော်…”

ထိုလူက ပြုံးရင်းပြောလိုက်သည်။

“ငါ့နာမည်က စမစ်။ ငါ့သဘောနဲ့ငါဆိုရင်တော့ မင်းကို မြန်မြန် ပစ်သတ်လိုက်ပြီ။ မင်းလည်း ဘဝအသစ်တစ်ခု မြန်မြန်ရ၊ ငါလည်း သက်သာတာပေါ့။ ဒါပေမဲ့ မင်းကို ၄÷ သမှုနဲ့ မေးခွန်းထုတ်ချင်တဲ့လူတွေရှိနေလို့ သတ်လို့ မဖြစ်သေးဘူး။”

သူက သီဟဘေး ဝင်ထိုင်လိုက်သည်။ ခံစားမှုမရှိသော သူ့မျက်နှာက အေးစက်နေသည်။

“- နဲ့ ×÷ ပြီး + နေကြတဲ့ အဓိပ္ပါယ်မရှိတဲ့ ကမ္ဘာတုလေးထဲမှာ မင်းတို့ကို လိုက်ထိန်းနေရတာ တိရစ္ဆာန်ရုံထဲက အလုပ်သမားလိုပဲ။ ပျင်းဖို့လည်းကောင်းတယ်။ ရွံဖို့လည်းကောင်းတယ်။ ခက်တာက ငါ့တာဝန်က ဒါပဲဖြစ်နေတော့….။”

“…”

သူပြောသော စကားများကို သီဟ နားမလည်ပါ။ လိုက်မီဖို့ မနည်း ကြိုးစားနေရသည်။ သူက သေနတ်ကို ရင်ဘတ်က အိတ်ထဲ ပြန်ထိုးထည့်လိုက်ပြီး သူ့ကို လက်ထိပ်ခတ်လိုက်သည်။ စိတ်ထဲတွင် နောက်ကျိ ရှုပ်ထွေးနေသည်။ ဘာကိုမှ နားမလည်နိုင်။ ဒီလူတွေဘယ်သူတွေလဲ။ သူထောင်ချခံရမှာလား။ စီးတီးဟောက နာမည်ကြီးရှေ့နေက ဘယ်သူပါလိမ့်။

4. Dead End

မရီနာဘေဆန်း အပေါ်ဆုံးထပ်ရေကူးကန်ဘောင်မှဆင်းလိုက်လျှင် ပလက်ဖောင်းတစ်ခုရှိသည်။ ထိုပလက်ဖောင်း၏ လက်ရန်းနောက်တွင် လေဟာပြင်သာ ရှိတော့သည်။ လက်ထိပ်တန်းလန်းနှင့်သီဟသည် ပလက်ဖောင်း လက်ရန်းပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင် စမစ်အပါအဝင် အေးဂျင့်သုံးယောက်ရှိနေသည်။ သူ့ပါးစပ်တွင် မီးမညှိရသေးသော စီးကရက် တစ်လိပ် ခဲထားသည်။

“ခင်ဗျားတို့ သိလား… ကျုပ်ဘာကြောင့် ဆေးလိပ်ဖြတ်လိုက်လဲဆိုတာ…”

မျက်နှာသေနှင့် လူသုံးယောက်ဆီမှ စကားတုံ့မရ။

သူက အိတ်ထဲမှ မီးခြစ်ကို လက်ထိပ်တန်းလန်းဖြင့် ခဲရာခဲဆစ်ထုတ်ပြီး စီးကရက် မီးညှိလိုက်သည်။ လေတိုက်နေသောကြောင့် တော်ရုံနှင့် မစွဲ။ စီးကရက်နှင့် မီးခြစ်မှာ မြေညီထပ် အစောင့်၏အိတ်ထဲမှ နှိုက်လာခြင်းဖြစ်သည်။

“ဆေးလိပ်သောက်ရင် အသက်တိုမယ်လို့ ဆရာဝန်ကပြောလို့… အခုတော့ အရေးမကြီးတော့ပါဘူး…”

MRT မှအထွက် ကားလမ်းနံဘေးတွင် သူ ကားများကြားမှ ရုတ်တရက် ထွက်ပြေးပြီး တက်စီတစ်စင်းပေါ် ပြေးတက်ခဲ့သည်။ တက်စီသမားက စမစ်ဖြစ်နေသည်။ သူ့ကိုအတင်းတွန်းချပြီး ကားကိုမောင်းပြေးလာခဲ့သည်။ မရီနာဘေဆန်း နံဘေးတွင် သူ့ကား ပိတ်မိသွားသည်။ သူတွေ့သမျှလူအားလုံးသည် စမစ်အဖြစ်သို့ ပြောင်းသွားကြသည်။ အခြားအေးဂျင့်နှစ်ယောက်ပါ ရောက်လာသည်။ သူ လမ်းတစ်လျှောက်လူများကိုတွန်းထိုး၍ ထွက်ပြေးလာရာ အဆောက်အအုံထိပ်ဆုံးသို့ ရောက်လာသည်။ သူ့တွင် ပြေးစရာလမ်း မရှိတော့။ သို့သော် သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းနားလည်နေပြီးဖြစ်သည်။

“ဒီကမ္ဘာကြီးဟာ အိပ်မက်ပဲ…။ ခင်ဗျားတို့ ကျုပ်ကို ဘာကြောင့် လိုချင်နေလဲဆိုတာ ကျုပ်မသိဘူး။”

သူစီးကရက်ကို တစ်ချက်ဖွာ၍ ရှိုက်ထုတ်လိုက်သည်။ မီးခိုးငွေ့များက အကွင်းလိုက် တက်သွားသည်။ မိုးတစ်စက် သူ့မျက်နှာပေါ်ကျလာသည်။ ☔ ရွာတော့မည်။

“ဒါပေမဲ့ ကျုပ်ဂရုမစိုက်ဘူး…။ ကျုပ် အိပ်မက်က နိုးထတော့မယ်။”

အေးဂျင့်သုံးယောက် သူ့နားကို ကပ်လာပြီး အင်္ကျီစများကို လှမ်းဆွဲလိုက်ကြသည်။ သူက တစ်ချက်ပြုံးလိုက်ပြီး အရှိန်ယူကာ လက်ရန်းပေါ်မှ လှန်ချလိုက်လေသည်။

မရီနာဘေဆန်း အပေါ်ဆုံးထပ်မှ လူလေးယောက် လုံးထွေးပြီး ပြုတ်ကျလာသည်။ စမစ်က သူ့လည်ပင်းကို ညှစ်ထားဆဲဖြစ်သည်။ အခြားအေးဂျင့်နှစ်ယောက်မှာ လေထဲတွင် ပြုတ်ကျလာရင်း သူ့ကို စိုက်ကြည့်နေကြသည်။

မိုးဖွဲဖွဲရွာနေသည်။ စီးကရက်က မျက်နှာရှေ့တွင် ပျံဝဲနေသည်။ နောက်ကျောကို လေတဟူးဟူးတိုက်နေသည်။ ညို့မှိုင်းသော ကောင်းကင်မှာ ထူထဲသော ☁ တိုက်တို့ လွင့်မျောနေသည်။ သို့သော် သူ့စိတ်တို့ ကြည်လင်နေသည်။

လူလေးယောက် သေဆုံးမှုသည် ထိုနေ့ညနေ သတင်းစာထဲတွင် ပါလာခဲ့သည်။ သူ့ အသုဘကို စမစ်လာပို့သည်။

5. New Life

သူ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ✈ ဝမ်းဗိုက်နှင့်တူသော အခန်းငယ်တစ်ခုကို မြင်လိုက်ရသည်။ ဖျင်ကြမ်းအင်္ကျီဝတ်ထားသော လူများက သူ့ကိုပြုံးလျက်ကြည့်နေကြသည်။ အားလုံးက ဆံပင်များကို ကတုံးနီးပါး ရိတ်ထားကြသည်။ ယင်းတို့ထဲတွင် သူသိသောသူ တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ ထရင်နတီ။ လူထွားကြီးတစ်ယောက်က သူလဲလျောင်းနေရာသို့ လျှောက်လာပြီး လက်ဆန့်တန်းပေးလိုက်သည်။

“နက်ဗျူချက်နက်ဇာမှ ကြိုဆိုပါတယ် လိုင်းယွန်းစလေယာ…။”

ဘာတွေဖြစ်ခဲ့လဲ သူနားမလည်ပါ။ သူသိတာ တစ်ခုက အိပ်မက်က နိုးပြီဆိုတာကို ဖြစ်သည်။ လက်တစ်ဘက်ကို အားယူမြှောက်ရင်း ကမ်းပေးသော ✌ ကို အားရပါးရ ဆုပ်ကိုင်လိုက်လေသည်။

Inspired by The Matrix.

Tags: , , , , , , , ,

· · · ◊ ◊ ◊ · · ·