Once I browsed the Flickr, there came a greeting message in random language. It made me curious what was the greeting for Burmese. So I refreshed a few times and got “Mingalaba” (မင်္ဂလာပါ) IPA:/mì̃ɡəlàbà/ MLCTS:/min ga.la ba/ as Burmese greeting. It made me smile though I expected it.

Mingalarba

Mingalarba on Flickr

There are various spelling for မင်္ဂလာပါ in English – Mingalaba, Mingalarbar, Mingalarba, Mingalarpar, etc. Tourists or Foreigners who visit to Myanmar tend to speak “Mingalarbar” as a formal greeting. You may hear that kind of greeting in TV programs, flights, hotel receptions, restaurants and any places related to foreigners. The fact is that “Mingalarbar” was invented as a Burmese greeting some decades ago since there was no such kind of formal greeting in Burmese.

I’m the guy who agrees on paradigm shifts and that changes are needed for a better society. Myanmars did not have habit of speaking “Thank you” (ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါပဲ။ MLCTS:/Kjei׃ Zu׃ Tin Ba de/). I have read tons of old books and thank you usage was not certainly a everyday usage. I must say “Thank you” was imported from British. It makes social life easier and sounds polite in most situations. The whole family of one of my friend used to speak “ကျေးဇူးပဲ”(MLCTS:/kye:zu:bai:/, IPA:/tʃézúbɛ́/) among family members. I felt strange when I first heard it. But I guessed it was a good practice anyway. Some people may say that speaking “Thank you” too much makes it’s meaning shallow. But a mere thank you wouldn’t hurt anybody, right? The same goes for Mingalarbar.

Mingalarbar(မင်္ဂလာပါ) in Burmese, Burmese greeting, Myanmar greeting

Mingalarbar(မင်္ဂလာပါ) in Burmese

The origin of Mingalarbar  is Mangala (မင်္ဂလ) pali word of Buddhism which means source of prosperity, blessing or anything auspicious, joyous, festive. Ba (ပါ) is the particle suffixed to a verb to effect politeness. You can listen how to pronounce it properly here.

When English has general greetings such as: “Hi”, “Good morning/afternoon/evening”, Myanmar doesn’t have such kind of greeting which is suitable for anywhere and any place. Myanmar greets according to situations –

  • ဟေ့လူ/ဟေ့ကောင် (Hey guy) (MLCTS:/he.lu/, IPA:/hḛlù/) or (MLCTS:/he.kaung/, IPA:/hḛkaʊ̀̃/)
  • နေကောင်းလား (Are you feeling well?/How are you doing?) (MLCTS:/ne kaung la:/, IPA:/nèkáʊ̃lá/)
  • ဘယ်သွားမလို့လဲ (Where are you going?) (MLCTS:/bai swa: ma.lo. lai:/, IPA:/bɛ̀θwáməlo̰lɛ́/)
  • ဘယ်ကလာတာလဲ (From where are you coming?) (MLCTS:/be ga. la da le:/, IPA:/bɛ̀ɡa̰làdàlɛ́/)
  • ဟိုင်း ##This is direct translation of “Hi”.
  • မတွေ့တာ ကြာပြီ (Long time no see) (MLCTS:/ma.twe. da kra byi nau/, IPA:/mətwḛdàtʃàbjìnɔ̀/)
  • ပျောက်နေတယ်နော် (It’s a long time you disappeared/Haven’t seen you) (MLCTS:/pyauk ne dai nau/, IPA:/pjaʊʔnèdɛ̀nɔ̀/)
  • ံစားပြီးပြီလား (Have you eaten?/Have you had your meal) (MLCTS:/sa: pi: bi la:/, IPA:/sápíbìlá/) ##This sounds weird, hmm? But, if you say “not yet”, the host will most likely treat you a meal.
  • ဘာတွေလုပ်နေလဲ (What are you doing recently?) (MLCTS:/ba dwe lup ne lai:/, IPA:/bàdwèloʊʔnèlɛ́/)

The only place I said “Mingalarbar” was in school. Until 11th grade, we had to greet our teachers that “Mingalarbar Sayar Ma” (မင်္ဂလာပါ ဆရာမ) (MLCTS|/min ga.la ba sa.ya ma./). Saya Ma usage is for female teacher while Saya is for male teacher and Saya Gyi is for headmaster. And the teacher had to reply Mingalarbar. This practice was mandatory since old national schools in colonial age (1930s). Students are needed to fold their hands (လက်ပိုက်) while saying “Mingalarbar”. Folding hands means showing respect to teachers. The folding hands practice was most likely started from monasterial education system of Kon Baung Era (ကုန်းဘောင်ခေတ် ဘုန်းတော်ကြီးကျောင်း ပညာရေး) which students had to fold their hands when reciting the lessons (စာအံ). Nowadays folding hands means disrespect in most of the situations especially in the army. Isn’t it contradicting and funny when the rulers of the country are the army men and children are folding their hands? Well, that’s the reason why the students has to do obeisance putting their palms together (လက်အုပ်ချီ) in front of army leaders.

Mingalaba Sayar Ma

Mingalaba Sayar Ma

In short, a typical Myanmar usually does not say “Mingalarbar”. It’s neither a taboo nor difficult nor strange. We all are used to it but not used to greet with it. Perhaps it’s too formal. So, if you are a foreigner and are not learning real life Burmese speaking, it’s best for you just to say “Mingalarbar”. If you are lucky enough, people might “Mingalarbar” you back.

Tags: , , , , , , , , ,

· · · ◊ ◊ ◊ · · ·

What’s Next?

15 Nov 2010
I intended to put them on facebook. But I felt them to be too extreme. So I decided to silently blog them.
## Army can use expensive missiles against DKBA. I feel like, with each missile’s launch, a portion of my tax was used for it. Wah.. my money…
## Hoping for the best, prepared for the worst, and unsurprised by anything in between.” – Maya Angelou (I Know Why the Caged Bird Sings)
## For ppl sake, plz enforce on reducing the sanctions. jeez…
## DASSK was freed (for now). I refer back to this.
## 2nd Panglong is essential. Otherwise, ethnics languages and cultures will disappear in two generations.
## Though I don’t agree with him on many of his ideas, Moe Thee Zun was right about DASSK and NLD all along.

Tags: ,

· · · ◊ ◊ ◊ · · ·

ဒီနေ့ ဖေ့ဘုတ်ကို ကြည့်လိုက်တော့ တတိန်တိန်နဲ့ လူတိုင်းကိုယ်စီ နီကုန်ကြသည် ဖြစ်နေလို့ ဘာပါလိမ့်လို့ စပ်စုကြည့်လိုက်တော့ ဪ ဒီနေ့ မြန်မာနိုင်ငံရဲ့အလံကို အသစ်ပြောင်းတဲ့ နေ့ဆိုပါကလား။ စိတ်ထဲမှာ စွဲနေတဲ့ ငယ်ငယ်က အလံလေးကို မစွန့်လွှတ်နိုင်ကြလို့ နှမြောတသ ဖြစ်နေကြလည်း ဒီအလံက ၂၀ဝ၇-၂၀ဝ၈ လောက်ကတည်းက အလံသစ်အဖြစ် အတည်ပြုပြီးဖြစ်နေတာ သိကြတာမို့ သိပ်ပြီးတော့လည်း ထူးပြီး မဆန်းတော့ပါဘူး။ ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့အလံဟောင်းဟာ တစ်ချိန်က ဦးနေဝင်းတို့ ဇွတ်မှဇွတ်ပဲဆိုပြီး အတည်ပြုလိုက်တဲ့ ၁၉၇၄ အခြေခံဥပဒေအရ ပေါ်ထွန်းလာတဲ့ အလံမို့လို့ ထူးပြီး နှမြောစရာ မရှိ။

အဲဒါနဲ့ မြန်မာနိုင်ငံရဲ့ အလံဟောင်းတွေ အကြောင်းကို အင်တာနက်မှာ နည်းနည်း လျှောက်မွှေကြည့်လိုက်တော့ ဒီလိုထွက်လာပါတယ်။

flag Mon

မြန်မာနိုင်ငံကို မွန်တို့အုပ်စိုးစဉ်က အလံ (1300-1500)

flag Kon Baung

ကုန်းဘောင်ခေတ်အလံ

flag uk

ဗြိတိသျှ ယူနီယံဂျက်အလံ

flag we-bamar (1930-1942)

တို့ဗမာ အစည်းအရုံးအလံ (၁၉၃၀-၁၉၄၂)

flag 1939

ဗြိတိသျှလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ရေးရ မြန်မာပြည်နယ် အလံ (၁၉၃၉)

flag we-bamar(1942-1948)

ဂျပန်လက်အောက်ခံ မြန်မာပြည်နယ်အလံ (၁၉၄၂-၁၉၄၈)

flag japan

ဂျပန်အလံ

flag 1945

ဖက်ဆစ်တော်လှန်ရေးအလံ (၁၉၄၅)

Flag of Burma(1948-1974)

လွတ်လပ်ရေးရသည်မှ ၁၉၇၄ ခုနှစ် ဦးနေဝင်း အခြေခံဥပဒေ ပြဋ္ဌာန်းသည်အထိ မြန်မာနိုင်ငံအလံ

Flag of Myanmar(1974-2010)

၁၉၇၄ နောက်ပိုင်းမှ ၂၀၁၀ အထိ သုံးသည့်အလံ

Flag of Myanmar (2007 proposal)

၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြောင်းလိုက်သည့်အလံ

We-Bamar+anti-fascist=today flag

ဒို့ဗမာအစည်းအရုံး+ဖက်ဆစ်တော်လှန်ရေး=၂၀၁၀ အလံသစ်

ညောင်ပင်က ဘုရားငုတ်တိုကို မြိုထားတာ ကြည့်ပြီးတော့ ဟယ်အရွက်လေးက စိမ်းလာပြီ၊ ဟယ်အရွက်လေးက ဝါသွားပြီလို့ တအံတဩ ငေးမောနေပါဦးမယ်ဆိုရင်လည်း လူတစ်ကိုယ် စိတ်တစ်မျိုးပေမို့ သဘောရှိ ကရောဟိတော့ဗျား။

##Updated##

တချို့က အရင်အလံဟာ ကြယ် ၁၄ လုံးပါတာမို့ ပြည်နယ်ခုနစ်ခု တိုင်းခုနစ်ခုကို ဖော်ပြတာဖြစ်ပြီး တိုင်းရင်းသားလူမျိုးတွေကို ပိုကိုယ်စားပြုနိုင်တယ်လို့ ဆိုလာပါတယ်။ အဲဒီတော့ သမိုင်းကို ပြန်ကြည့်ရအောင်။ မြန်မာနိုင်ငံရယ်လို့ စဖြစ်လာတော့ ပြည်နယ် ၅ ခုရှိပြီး ဗမာပြည်နယ်ဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တိုင်းဒေသ (Region) ဆိုတာ ပြည်နယ်ထဲက ခရိုင်ထက် ပိုကြီးတဲ့ အစိတ်အပိုင်းသာ ဖြစ်ပါတယ်။ ပြည်နယ်တိုင်းဟာ လွှတ်တော်မှာ မဲနေရာ အညီအမျှ ရကြပါတယ်။

၁၉၇၄ အခြေခံဥပဒေအရ တိုင်း(Region → Division)တွေကို ပြည်နယ်တွေနဲ့ တန်းတူလုပ်ပစ်ပါတယ်။ ရလဒ်ကတော့ ဗမာပြည်နယ်ဟာ လွှတ်တော်မှာ အမတ်နေရာ ၇ ဆတက်သွားပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အလိုလို ဆုံးရှုံးသွားပါတယ်။ တိုင်းရင်းသားတွေ အခွင့်အရေးတန်းတူညီမျှရဖို့၊ ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ ဤခရီးမနီးပါ လို့သာ ကလေးတုန်းကလို ရွတ်နေရဦးမှာပါပဲ။

Read More:
http://forum.nationstates.net/viewtopic.php?f=23&t=25092&p=1293064
http://www.myanmars.net/myanmar/myanmar-flag-emblem.htm
http://en.wikipedia.org/wiki/Flag_of_Burma

Tags: , ,

· · · ◊ ◊ ◊ · · ·

I saw an article on Facebook assuming that there should be at least 250,000 Myanmar nationals in Singapore. It made me curious thinking that 250K was an impossible number. So I made some researches.

http://www.singstat.gov.sg

http://en.wikipedia.org

http://toolserver.org

http://www.thegovmonitor.com

According to those links, most recent population os Singapore (as of today) is 5,076,700. Apart from major ethnics, Chinese, Malay and Indians, the rest are 3.2% of total population, which is 162,500. Considering there are Filipinos, Indonesian and Thais are among them, I conclude that total Myanmars in Singapore wouldn’t exceed more than 70,000.

##Updated##

According Ko Zaw Thet, 70K is the number of residents who are PR and citizens. So I did the math again. 50767000*0.25*0.032  = 406136 is the total foreign workers excluding Chinese, Malay and Indians. So I guess you are right. Myanmar really might exceed 250K.

Tags: , , , ,

· · · ◊ ◊ ◊ · · ·

Beyond 2010

26 Jul 2010

ဒီနှစ်ပိုင်းတွေမှာ ကောင်းတဲ့ဘက်ကို ယိမ်းတဲ့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ အကောင်းမြင် သမားများက မှန်းကြပါတယ်။ မှန်ပါတယ်။ ဘဏ်တွေဖွင့်ဖြစ်လာရင် အဓိကအနေနဲ့ အိုင်တီလုပ်ငန်းတွေ ပရောဂျက်တွေ ရလာမှာ အမှန်ပါပဲ။ ထောင်နဲ့ ချီတဲ့ လူတွေလည်း အလုပ်ရလာကြမှာပါ။

ဒါပေမယ့် ဒီဘဏ်တွေကို ဘယ်သူက အာမခံမှာလဲ။ တခြားနိုင်ငံတွေမှာတော့ ဘဏ်တွေ ပြိုလဲရင်တောင် အစိုးရနဲ့ အာမခံလုပ်ငန်းကြီးတွေက လူတွေရဲ့ အပ်ငွေတွေ မဆုံးရှုံးရအောင် အကာအကွယ် ပေးထားပါတယ်။ ဒီမှာတော့ ခုထိ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။

လမ်းအသစ်တွေ အများကြီးဖောက်တာလည်း တွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးနှုန်းဟာ နှစ်စဉ်တိုးတက်နေရမှာ သီအိုရီပါ။ တဝက်တပျက် ဈေးကွက်စီးပွားရေး သီအိုရီအရ ကုန်စည်စီးဆင်းမြန်ဆန်ဖို့ တောင်းဆိုချက်တွေ ဖြစ်လာတဲ့အတွက် ဒါတွေက ရှောင်လွှဲမရတဲ့ အရာတွေပါ။ ဒါပေမယ့် ဘယ်လမ်းမဆို ကြည့်လိုက်ရင် တစ်မိုးခံတွေ ချည်းပါပဲ။ မိုးမှာပျက် ဆောင်းမှာပြင် နွေမှာသုံး ပတ်လည်ရိုက်နေပါတယ်။ မကုန်သင့်တဲ့ ပြည်သူ့ငွေတွေကို ကန်ထရိုက်တာတွေကို နှစ်တိုင်း ဆက်ကြေးပေးနေသလိုပါပဲ။

ငယ်ငယ်တုန်းက ရန်ကုန်က မီးတော်တော် မှန်ပါတယ်။ ရန်ကုန်ဟာ မြန်မာမှာ ကုန်ထုတ်လုပ်ငန်း အများဆုံးရှိပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရဲ့ ၆၀% အသုံးပြုတယ်ဆိုပါတယ်။ ရန်ကုန်ကိုသာ မီးအပြည့်ပေးလိုက်ရင် ထွက်လာမယ့် ကုန်ထုတ်စွမ်းအားတွေက ကြောက်ခမန်းလိလိပါ။ အခုတော့ လျှပ်စစ်မီးဆိုတာ လာရင်ပျော်ရတဲ့အရာ ဖြစ်နေပါတယ်။ လူတိုင်းက မီးအားမြှင့်စက်တွေ ဝယ်သုံးရမယ့်အစား ရက်ကွက်တိုင်းမှာ စွမ်းဆောင်ရည်ပြည့်တဲ့ မီးအားမြှင့်စက်ကြီးတွေ လိုက်တပ်လိုက်ရင် နိုင်ငံအနေနဲ့ မလိုတဲ့ ငွေကြေးစီးထွက်မှုတွေ လျော့ချနိုင်မှာပါ။ ထိုင်းကို ဓာတ်ငွေ့ကြမ်းရောင်းပြီး စီအမ်ဂျီမလောက်လို့ ပြန်ဝယ်ရတာ၊ ရေအားလျှပ်စစ်တွေကို ပြည်တွင်းမှာ အလုံအလောက်မသုံးရတာတွေကလည်း မပြောဘဲ မနေနိုင်စရာပါ။

နိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေရဲ့ အဓိက အရင်းအမြစ်က လူ့အရင်းအမြစ်ပါ။ သူတို့ရဲ့ ပညာရေးနဲ့ ကျန်းမာရေးနှစ်ခုပေါင်းကို ဘယ်လိုပဲ လှည့်စဉ်းစားစဉ်းစား ဂျီဒီပီ ဝ.၅% ထက်ကို ပိုသုံးသင့်တယ်လို့ပဲ အဖြေထွက်ပါတယ်။

ပုဂ္ဂလိကပိုင်လုပ်တယ် ဆိုတာမှာလည်း ရှင်စောပု ဘုရားလှူထားခဲ့တဲ့ ပြည်သူ့ရင်ပြင်ပါ မချန် လုပ်တာတော့ သိပ်မနိပ်လှပါဘူး။ သမိုင်းဝင် အဆောက်အအုံတွေဆိုတာ ကမ္ဘာပျက်တဲ့အထိ ထိမ်းသိမ်းထားသင့်တဲ့ အရာတွေပါ။ လုပ်လိုက်တဲ့ နေရာတွေကရော တိုင်းရင်းသား ပြည်သူတွေရဲ့ လက်ထဲရောက်သလား။ လက်တဆုပ်စာ တိုင်ကွန်းတွေနဲ့ နိုင်ငံခြားသားတွေ လက်ထဲ ရောက်သွားသလားဆိုတာ ထည့်သွင်းစဉ်းစားရမယ့် အရာတွေပါ။

ဆက်သွယ်ရေးဆိုတာကလည်း မိုနိုပိုလီကနေ ပုဂ္ဂလိကပိုင်လုပ်ငန်း သုံးခုလောက်ကို အပြိုင်အဆိုင် လုပ်ခွင့်ပေးလိုက်ရင် ဈေးတွေ ဝုန်းကနဲ ပြုတ်ကျသွားမယ့် အရာပါ။ လူသိန်းနဲ့ချီပြီး အလုပ်ရမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလောက် တင်းတင်းကျပ်ကျပ် ထိမ်းချုပ်ထားရလဲ နားမလည်(ချင်ယောင်ဆောင်နေသည်)နိုင်ပါ။

သိတော့သိပြီးသားတွေပါပဲ။ မေ့ထားလို့မရအောင် အစပြန်ဆွဲထုတ်ပေးတာပါ။ ကျွန်တော်ကတော့ ၂၀၁၀ နောက်ပိုင်းမှာလည်း လူအများစုအတွက် ဒုံရင်းဒုံရင်းလို့ပဲ ထင်မိပါကြောင်း။

Tags: , , ,

· · · ◊ ◊ ◊ · · ·

By Heart

24 Apr 2010

I worked late a few days ago and encountered with some people from Singapore Heart Foundation at MRT on my way home. They asked me for donation. I, myself, have a weak heart, physically and mentally. So I signed up to donate a few dozens bucks monthly. Well done.

Tags: , , , ,

· · · ◊ ◊ ◊ · · ·

2010 Forecast

17 Mar 2010

2010 election law came out. It doesn’t surprise me, and so to others. But it sure alerted among political activists. DASSK and U Win Tin’s attitudes are clear enough that they won’t budge as long as SPCD plays hard. Now NLD will vote for “register for election” or “NO”. I’m quite keen on forecasting politics of 2010. So, here is my guess.

(1) The group(inside NLD) who want to go to election will win.
(2) UN will fold it’s paper tiger again and will be squashed by Big-C and Big-R.
(3) The process of election will be so fast that everybody won’t have time to react.
(4) Pro-gov group will win most of the seats as we all knew.
(5) Pro-Demos will shout loud especially on online and radio.
(6) No big and organized movement will appear this year.
(7) Big-C will be the first country to approve the new gov. Big-R, NK, Ir and CB will follow to approve.
(8) DASSK will most likely be freed for a few months to lessen international pressures.
(9) SPDC will still be on top of everything.
(10) Our life will be the same as usual with new gov. May be a bit better, I hope :).

Tags: , , , , ,

· · · ◊ ◊ ◊ · · ·

ကားကျပ်ချိန် တိမ်အုံမည်းလို့
အံခဲပြီး ပြေးတဲ့ဟန်။
ကိုလေးမောင် ငါးဖောင်ရိုးက
တိုးဝှေ့လို့ပြန်။
မိုးသက်လေက ခြေနဲ့ကန်
ငါးဆယ်တန် လေနဲ့မျော။
စပယ်ယာတွေ ပိတ်ပိတ်ဟောက်တော့
ကြောက်စိတ်နဲ့မော။

ဘတ်စ်ကျားကြီး ဝုန်းဒိုင်းကြဲလို့
မိုးသည်းအောက် ဖြတ်လို့လာ။
ထီးဖြူရှင် ချိုင့်တစ်လုံးနဲ့
သုတ်သုတ်ပြာပြာ။
မြို့ထဲဘက် အဖြတ်မှာ
ဘတ်စ်ကားပေါ် တက်ကာပြေး။
ကိုလေးမောင် မျက်ထောင့်လေးနဲ့
စောင်းကြည့်တယ်လေး။

မိုးတိတ်လို့ ဂိတ်အဝင်
တိမ်စင်တဲ့တေး။
ကိုလေးမောင် လစ်ကာပြေးခဲ့
ထီးဖြူတဲ့လေး။

Tags: , ,

· · · ◊ ◊ ◊ · · ·

ငပျင်း

12 Nov 2007
တစ်ခါက ရွာတစ်ရွာမှာ ငပျင်းဆိုတဲ့ လူတစ်ယောက် ရှိပါသတဲ့။ ပျင်းလိုက်ပုံများ နှစ်ယောက်မရှိပါဘူးတဲ့။ တစ်နေ့တော့ ငပျင်းအမေက ခေါ်ပါလေရော။ 

“ဟဲ့ သားလေးငပျင်း… ငှက်ပျောသီးလာစား”

“ဟာ… ပျင်းတယ်… အခွံနွှာပေး”

“ပြီးပြီ… ရော့”

“ဝါးရမှာပျင်းတယ်… အမေဝါးပေး”

“ပြီးပြီ”

“မျိုချရမှာ ပျင်းတယ်… အမေပဲ မျိုချလိုက်တော့”

အဲလောက်ကိုပျင်းတာ။ ပုလင်းနက်ဖိုရမ်ထဲ ဝင်ရင်လည်း တော့ပစ်တွေတင်တင်ပြီး ပျင်းလွန်းလို့ဆိုပြီး တစ်ခါမှ ဝင်မရေးပါဘူးတဲ့။ သူတင်တဲ့တော့ပစ်တွေမှာလည်း စာရိုက်ရမှာ ပျင်းလို့ဆိုပြီး ဘာခေါင်းစဉ်မှ မတပ်ပါဘူးတဲ့။

ဂလိုနဲ့ပဲ နောက်ဆံတတင်းတင်းနဲ့ ငပျင်းမိဘနှစ်ပါးဟာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပါလေရောတဲ့။ ငပျင်းတစ်ယောက်ဟာ ချက်တင်ဝင်လိုက်၊ ဂိမ်းဆော့လိုက်၊ အိပ်လိုက်၊ စားလိုက် လုပ်နေရင်းက မိဘနှစ်ပါးထားခဲ့တဲ့ အမွေများ တဖြည်းဖြည်းပြောင်လာလိုက်တာ နွားပိန်တရှဉ်းနဲ့ အိမ်တစ်လုံးပဲ ကျန်ပါတော့ သတဲ့။ အဲဒီနွားပိန်တစ်ရှဉ်းဟာလည်း ငပျင်း ဂရုမစိုက်တဲ့အလျောက် ရွာထဲမှာ ဟိုခြံဝင် ဒီခြံထွက်နဲ့ ရွာသားတွေရဲ့ တောက်ညင့်ကပ်မှုကို အတော်လေး ခံရပါသတဲ့။ ဂလိုနဲ့ တစ်နေ့တော့ နွားတစ်ရှဉ်းခမျာ အသွားမတော် တစ်လှမ်း ဆိုသလို လူဖြောင့်စိတ်တို မုဆိုးကြီး ကိုဟိတ်ရဲ့ ညှောင့်ကျင်းထဲကျပြီး မာလကီးပါလေရော။ ကိုဟိတ်လည်း အားနာနာနဲ့ ငပျင်းကို ဝင်ပြောသတဲ့။

“မင်းနွားနှစ်ကောင်တော့ သွားရှာပြီကွာ… ကျွတ်ကျွတ်… အသားကိုပေါ်ပြီး အရပ်ဝေလိုက်တော့မယ်နော်… ရှလွတ်”

“သဘော သဘော… ကျန်တဲ့အရေခွံသာ ကျနော့်ပေး”

နွားအရေခွံလည်းရရော အိမ်ပြင်မှာ နှစ်ရက်လောက် အခြောက်လှမ်းပြီး အဲဒီနွားအရေခွံ မစိုမခြောက်ကြီးကို လိပ်နေပါသတဲ့။ ရွာသားတွေလဲ ဝိုင်းစပ်စုတာပေါ့။

“မစိုမခြောက်ကြီးနဲ့ ဘာလုပ်မလို့လဲ”

“အို… သူများကို အဲလိုမပြောပါနဲ့… အဲလေ… ဟိုဘက်ရွာမှာ ဆင်ခုနစ်ကောင် ဖိနပ်လုပ်ငန်းက အဲဒီနွားအရေခွံ မစိုမခြောက်တွေကို ဈေးကောင်းပေး ဝယ်နေတယ်တဲ့”

ငပျင်းလည်း ရွှီးလိုက်တာပေါ့။ အမှန်က ဘယ်ဟုတ်ရမှာလဲ။ ခြောက်တဲ့အထိ စောင့်ရမှာ ပျင်းလို့။ ရွာသားတွေလည်း ငပျင်းအကြောင်း နောကြေနေပြီမို့ မယုံတဲ့ အကြည့်နဲ့ ကြည့်ကြည့်ပြီး ထွက်သွားကြသတဲ့။ ငပျင်းလည်း ရှက်ရှက်နဲ့ သူအလိပ်ကြီးကို ကောက်ထမ်း ရွာပြင်ကို သုတ်သုတ်သုတ်သုတ်နဲ့ ထွက်သွားပါလေရော။ ဂလိုနဲ့ ခြေဦးတည့်ရာ လျှောက်သွားလိုက်တာ မှောင်လာတော့ သစ်ပင်တစ်ပင်ပေါ်တက်၊ သူ့အလိပ်ကြီး ခေါင်းအုံးပြီး အိပ်နေပါသတဲ့။ သန်းခေါင်လောက်လဲရောက်ရော လူတစ်စု မှောင်ရိပ်ခိုပြီး အဲဒီသစ်ပင်အောက် ရောက်လာပါသတဲ့။ သူတို့ကတော့ ဓားပြတိုက်ပြီး ဝေစုလာခွဲတဲ့ ဓားပြအုပ်စုပေါ့။ ခေါင်းဆောင်ကတော့ ဂိုဏ်းချုပ်ကြီး လေရူး။( ထီးကိုင်းများ၊ ဖိနပ်များ ချုပ်သူမဟုတ်)

“ကဲ… အားလုံးပဲ ဝေစုခွဲမယ်… ထိုင်ကြ။”

“ဆရာ… အနော်က အင်ခရစ်လုပ်ထားတဲ့ စစ်ကျူရတီကုတ်ကို ဖြေပေးတာနော်… အနော် ဝေစုပိုရသင့်တယ်။”

“အနော်က အလာမ်းစစ်စတမ်ကို ဒစ်ဇေးဘဲ လုပ်ပေးတာနော်… အနော်ပိုရမှ ဖြစ်မယ်။”

“ဓားစာခံတွေကို ပွိုင့်သာတီအိတ်တစ်လက်တည်းနဲ့ ထိန်းရတဲ့ အနော့ကိုလည်း ထည့်တွက်အုံးမှပေါ့ ဆရာရူးရဲ့။”

“ဟိတ်… တိတ်ကြစမ်း… ဒီပလန်းကို ခေါင်းဆောင်စီစဉ်တဲ့ ငါသာလျှင် အရေးအပါဆုံး… ဟီးဟီးဟီး… ဒီတော့ ငါပဲ ဝေစုပိုရသင့်တယ်။”

(သံပြိုင်) “အဟင့်ဟင့်… ဆရာရူး မတရားဘူး။”

“ဘာကွ… ငါမတရားရင် မိုးကြိုးအကြိမ်တစ်ထောင် ငါ့ငယ်ပါတည့်တည့် အဲလေ ငါ့ငယ်ထိပ်တည့်တည့် ပစ်ပါစေကွာ… ဟွန်း…”

အဲဒီအချိန်မှာပဲ ငပျင်းရဲ့ သားရေလိပ်ကြီးဟာ ခေါင်းအောက်ကလျှောပြီး ပြုတ်ကျလာသတဲ့။

“ဝုန်း.. ဂျုန်း.. ဂျလုံး.. ဖြောင်း… ဂျွတ်…”

ဓားပြအုပ်စုလည်း မိုးကြိုးပစ်ပါပြီဆိုပြီး ရှိတာတွေ ပစ်ချ၊ ကိုယ်လွတ်ရုန်း ထွက်ပြေးကြပါလေရော။ မနက်မိုးလင်းလို့ သစ်ပင်အောက်ဆင်းလာတဲ့ ငပျင်းမတော့ ရတနာထုပ်ကြီးကို တွေ့ပြီး နဝေတိမ်တောင် ဖြစ်နေပါသတဲ့။ ရတနာတွေကများလွန်းတော့ အားလုံးကို မသယ်နိုင်တာနဲ့ နည်းနည်းလောက်ကို ပုဆိုးခါးပုံစထဲထည့်၊ ကျန်တာတွေကို မြေကြီးထဲမြုပ်ပြီး ရွာကို မြောက်ကြွမြောက်ကြွနဲ့ ပြန်လာပါသတဲ့။ရွာသားတွေလဲ ငပျင်းကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ရတနာတွေ ဘယ်လိုရလာလဲဆိုတာ ဝိုင်းမေးကြသတဲ့။

“ဟီး အနော်ကျောသားပဲ။ ဟိုဘက်ရွာမှာ မစိုမခြောက်တွေကိုဈေးကောင်းပေး ဝယ်နေပါတယ်လို့။”

ငပျင်းလည်း ပြီးပြီးရော ပေါပေါကြီး ဖြေလိုက်တာပေါ့။ ရွာသားတွေလည်း ဒီတစ်ခေါက်တော့ ငါတို့ပွပြီဆိုပြီး ရွာထဲက ရှိသမျှနွားတွေကို ပေါ်၊ မခြောက်တခြောက်နေလှမ်းပြီး ဟိုဘက်ရွာကို အုပ်စုလိုက် သွားရောင်းကြသတဲ့။ ဟိုဘက်ရွာရောက်တော့မှ အလိမ်ခံလိုက်ရမှန်း သိတဲ့ ရွာသားတွေမှာ ဒေါသတကြီးနဲ့ အုပ်စုလိုက် ပြန်လာပြီး ငပျင်းအိမ် ကို မီးတင်ရှို့လိုက်ကြသတဲ့။ အင်တာနက်ကဖေးကပြန်လာတဲ့ ငပျင်းခမျာ ပြာပုံ အတိဖြစ်နေတဲ့ သူ့အိမ်ကိုမြင်လိုက်ရပေမယ့် ဘာမှမပြောဘဲ ပြာတွေကိုတောင်းတစ်လုံးထဲ ကောက်ထည့်ပြီး သုတ်သုတ်သုတ်သုတ်နဲ့ ရွာပြင်ကို ထွက်သွားပါသတဲ့။ စိတ်ဆိုးပုံမရတဲ့ ငပျင်းကိုကြည့်ပြီး ရွာသားတွေလည်း အံ့သြနေကြတာပေါ့။ ငပျင်းလည်း တောထဲသွား၊ ရတနာတွေကို တောင်းထဲထည့်ပြီး ညနေစောင်းလောက်မှ ရွာပြန်လာသတဲ့။ ရတနာတွေပါလာပြန်တဲ့ ငပျင်းကိုကြည့်ပြီး ရွာသားတွေလည်း စပ်စုကြပြန်ပါရော။ ငပျင်းကတော့ ခပ်တည်တည်ပဲ။

“ကိုရီးယားစတိုင် အိုးတိုက်ဖွဲပြာ လုပ်မလို့တဲ့… ဟိုဘက်ရွာမှာ အိမ်ပြာတွေကို ဈေးကောင်းပေးဝယ်နေတယ်။”

ရွာသားတွေလဲ အဟုတ်မှတ်ပြီး ညတွင်းချင်း ကိုယ့်အိမ်ကိုယ် မီးရှို့ကြတာ တစ်ရွာလုံး မီးဟုန်းဟုန်းတောက်ပါလေရော။ မီးအား ဘယ်လောက်ကောင်းလဲဆိုရင် ဆယ်မိုင်အကွာက သန်းတုပ်လို့ ရပါသတဲ့။ နောက်နေ့မှာတော့ တောင်းကိုယ်စီထမ်းလို့ အိမ်ပြာသွားရောင်းတဲ့ ရွာသားတွေခမျာမှာ ခရီးစရိတ်တောင် ကြေအောင်မရောင်းရဘဲ ပြန်လာရပါသတဲ့။ ဒေါသချောင်းချောင်းထွက်နေတဲ့ ရွာသားတွေဟာ ချက်တင်ကျူနေတဲ့ ငပျင်းကို ဝိုင်းဖမ်းပြီး ဂုန်နီအိတ်နဲ့ထုပ်၊ ကမ်းစပ်က လမုပင်ကြီးပေါ်မှာ ကြိုးနဲ့တုပ်၊ တွဲလောင်းချိတ်ထားပါသတဲ့။ ဒီရေတက်လာရင် ကြိုးဖြတ်ချမယ်ပေါ့။ အဲဒီအချိန်မှာပဲ နွားကျောင်းသားလေး ဂျွန်ဝူး ဟာ ပုလွေကျူရင်း နွားအုပ်ကြီးကို ကျောင်းလာပါသတဲ့။ ပုလွေသံကြားလိုက်ရတဲ့ ငပျင်းဟာ ဂုန်နီအိတ်ထဲကနေ ဝူးဝါးဝူးဝါးနဲ့ ထအော်ပါလေရော။

“အဟင့် အဟင့် သူကြီးသမီးကို မယူပါရစေနဲ့… မယူပါရစေနဲ့… “

ဂျွန်ဝူးလည်း စိတ်ဝင်စားသွားပြီး လှမ်းမေးသတဲ့။

“သူကြီးသမီးက ဒါလောက်ချောတာ… ဘာလို့မယူချင်ရတာလဲ…”

သူ့သမီးကို ယူရင် သူကြီးရာထူးကို ဆက်ခံရမယ်တဲ့… အနော်ကအေးအေးပဲ နေပါရစေလို့ ကျောတာကို လက်မခံဘဲ သဘူမတောမချင်း ဒီမှာ ချိတ်ထားမယ်တဲ့… အဟင့် အဟင့်…”

“ဟာ… ပိန်းလိုက်တာကွာ… နေရာချင်းတောင် လဲလိုက်ချင်တယ်… ဒီလိုလုပ် ငါ့နွားတွေ မင်းယူ… ငါက မင်းကိုယ်စား အထုပ်ထဲ ဝင်နေမယ်… ဘယ်လိုလဲ…”

ငပျင်းလည်း သဘောမတူချင် တူချင်ပုံလေးနဲ့ လက်ခံလိုက်တာပေါ့။ ငပျင်း နွားအုပ်ကြီးနဲ့ ထွက်သွားချိန်မှာ ဂျွန်ဝူးတစ်ယောက် ဂုန်နီအိတ်ထဲမှာ သွားဖြဲပြီး ကြည်နူးနေပါသတဲ့။ ဒီရေတက်လာချိန်မှာ ရွာသားတွေရောက်လာပါလေရော။

“သူကြီးသမီးကို ယူမယ်… သူကြီးသမီးကို ယူမယ်…”

ဂုန်နီအိတ်ထဲက စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရတဲ့ ရွာသားတွေဟာ ဂျွန်ဝူးကို ဝိုင်းရိုက်ပြီး ရေထဲ ကန်ချလိုက်ကြပါလေရော။ (နောက်ပိုင်း ဂျွန်ဝူးဘာဖြစ်သွားသည်ကို အနော်တကယ်မသိပါ။)

“ဟင်း သေခါနီးတောင် တဏှာရူးနေသေးတယ်”

ညနေလည်းစောင်းရော ငပျင်းတစ်ယောက် ပုလွေမှုတ်ရင်း ရွာထဲကို နွားတစ်အုပ်နဲ့ ပြန်လာပါသတဲ့။ ရွာသားတွေလည်း မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဖြစ်ကြောင်းကုန်စင်ကို စပ်စုကြပါသတဲ့။

“အနော် ရေထဲလဲရောက်ရော နဂါးမင်းကြီးနဲ့ တွေ့တယ်”

“နဂါးမင်းက ဘယ်လိုပုံလဲဟင်… ကိုစီအမ်တို့၊ ကိုအားဂလီးတို့လိုမျိုး ခပ်ဖြောင့်ဖြောင့်လား…”

“အဟီး… ဟုတ်ဘူး… ကိုမဟာလိုမျိုး ခန့်ချောကြီး…”

“အင်း… အဲဒီတော့…”

“အဲဒီတော့သူက အနော့ကိုပြောတယ်… နွားတွေကြိုက်သလောက် ဖမ်းသွား တဲ့…”

“ဟင်.. ရေထဲမှာ နွားတွေရှိတယ်… ဟုတ်လား…”

“သြော်… မယုံရင် ဒီမှာ အနော်ဖမ်းလာတဲ့ နွားတွေသာ ကြည့်ပေတော့… ပြီးတော့ ပြောလိုက်သေးတယ်… နွားတွေထပ်လိုချင်ရင် ဒီရေတက်ချိန်မှာ ဂုန်နီအိတ်စွပ်ပြီးလာငုပ်လှည့် တဲ့”

ရွာသားတွေလည်း ဝမ်းသာအားရနဲ့ ခုန်ပေါက်ပြီး အိမ်ကိုပြန်ပြေးကြပါလေရော။ နောက်နေ့လည်းကျရော ကမ်းစပ်က လမုပင်တွေမှာ တွဲလောင်းဆွဲထားတဲ့ ဂုန်နီအိတ်တွေ အစီအရီပါပဲတဲ့။ အကြောင်းရင်းကတော့ တစ်ရွာလုံးလိုလို နွားငုပ်ဖို့ ပြင်ဆင်နေတာပါတဲ့။ ဒီရေလည်းတက်လာရော ရွာသားတွေရဲ့ ဇနီးဖြစ်သူတွေဟာ ဝမ်းသာအားရနဲ့ ကြိုးတွေကို ဖြတ်ချလိုက်ကြတာ တဗွမ်းဗွမ်းနဲ့ ဆူညံနေပါသတဲ့။

နောက်နေ့ရောက်တဲ့အထိ နွားငုပ်သွားကြသူ ရွာသားတစ်စုဟာ ပြန်ပေါ်မလာပါဘူးတဲ့။ ဒီအချိန်မှာ ငပျင်းရောက်လာပြီး ပြောပါသတဲ့။

“အဟီး တစ်ခုပြောဖို့ မေ့သွားတယ်… နဂါးမလေးတွေက သိပ်ချောတော့ တော်ရုံလူဆို ပြန်လာချင်မှာ မဟုတ်ဘူး”

ဂလိုနဲ့ ငပျင်းဟာ အားကိုးရာမဲ့နေတဲ့ အမျိုးသမီးလေးများကို လက်ထပ်ပြီးသကာလ ရွာသူကြီးအဖြစ် ပျော်ရွှင်စွာ အသက်ထက်ဆုံးနေသွားပါသတဲ့။

ပြီးပါပြီ။
—————————————————————————————-

ဒီပုံပြင်ကပေးတဲ့ သင်ခန်းစာလေးကတော့ အချောင်နေမှ ကောင်းစားကြ။ အဲ မဟုတ်သေးပါဘူး။ များများလိမ်လေ အသက်ရှည်။ အဲ ဒါလည်းမနိပ်သေးဘူး။ သိဘူး။ ကိုယ့်ဟာကိုယ် ကြိုက်သလို ဆွဲတွေးပေတော့။ ပုံပြင်ကို မကြိုက်ရင် အဲဒါ ပုံပြင်ကို စတီထွင်ခဲ့တဲ့လူရဲ့ အပြစ်သာဖြစ်ပါကြောင်း။

Tags: , , , ,

· · · ◊ ◊ ◊ · · ·