ယူနီကုဒ်သုံးသူများ ချမ်းသာသုခနှင့် ပြည့်ဝမည်
19 Jun 2011ယူနီကုဒ်သုံးသူများ ချမ်းသာသုခနှင့် ပြည့်ဝမည်။ မသုံးလျင် ဆင်းရဲဒုက္ခ ရောက်မည်။ ဤစာကို ရသူတိုင်း မိမိအသိမိတ်ဆွေ ငါးယောက်၏ FB Wall ပေါ်တွင် ပြန် Share ပါ။ သို့မဟုတ် နီးစပ်ရာ ယူနီကုဒ်မရှိသေးသော ကွန်ပျူတာငါးလုံးကို ယူနီကုဒ်အတင်းအကြပ်သွင်းပါလေ။ (လိုအပ်လာပါက လက်နက်ကြီး လက်နက်ငယ်သုံးပါ။)
ဒလမှ အကြော်သည် ဒေါ်ဘုမ ယူနီကုဒ်သုံးသဖြင့် အကြော်ရောင်းကောင်းသည်။ (ဟင် ဘာဆိုင်လို့လဲ)။
စင်ပူမှ ကိုကျောက်လုံး ယူနီကုဒ်သုံးသဖြင့် ပီအာအလွယ်ရသည်၊ တိုတို လေးသန်းဖိုးပေါက်သည်။
ရန်ကုန်မှ ဦးပု မသုံးသဖြင့် ခွေးဆွဲခံရသည်။
တောင်ကြီးမှ လျောင်ကီး မသုံးသဖြင့် ခေါက်ဆွဲဆိုင်လူမကျ။
ဤသည်ကား ပထမံဆြာဆန်း တစ်ရေးနိုးမက်သော အိပ်မက်အလိုတည်း။