Myanmar3 (Windows/Linux)

Masterpiece Uni Sans (OSX)

Drag the link to Bookmark Bar and click when viewing websites written in Unicode.

BookmarkDrag

Please note that Myanmar3 is for Windows and Linux while Masterpiece Uni Sans is for OSX(Mac). If Bookmark Toolbar is not there, enable it by View>Toolbars>Bookmarks Toolbar from browser’s menu. I used mm3web which is considerably small in size. After converting it to compressed font, it’s only around 10Kb in size.

This bookmarklet doesn’t work with Chrome browser in all OSs.

Tags: , , ,

· · · ◊ ◊ ◊ · · ·

ယူနီကုတ်သုံးရေးရင် အသုံးပြုတဲ့ ကီးဘုတ်တွေ ကွန်ဗာတာတွေ ကွဲပြားတာကြောင့် နဲ့ အမှတ်တမဲ့ သတိမထားမိတာကြောင့် အောက်ပါအမှားအယွင်းတွေ ဖြစ်တတ်ပါတယ်။ ကွင်းထဲက စာလုံးတွေက အမှန်တွေ ဖြစ်ပါတယ်။

၁။ ဥ လုံးကြီးတင်ဆံခတ် (ဦ)

၂။ ဥသတ် (ဉကလေးသတ်)

၃။ ဥရေးချ (ဉကလေးရေးချ)

၄။ သ ရရစ် (ဩ)

၅။ သ ရရစ် သဝေထိုးရေးချ ရှေ့ထိုး (ဪ)

၆။ အသတ် အောက်ကမြစ် (အောက်ကမြစ်အသတ်)

၇။ သုည (ဝလုံး)

မျက်မြင်ခွဲခြား နိုင်ဖို့ ခက်တာကြောင့် အကူအညီ ဖြစ်လိုဖြစ်ငြား ဒီ Unicode Cleaner ကို လုပ်ပါတယ်။ ပြထားတဲ့လင့်ကို မောက်စ်နဲ့ဖိဆွဲပြီး ဘရောက်ဆာက Bookmarks Toolbar ပေါ်မှာ လွှတ်ချပါ။

Unicode Cleaner 01

ဒီလိုမျိုး စာသားလေး ပေါ်လာပြီဆိုရင်  Google စမ်းသပ်စာမျက်နှာ ကို သွားပါ။ Bookmarks Toolbar ပေါ်က Unicode Cleaner ခလုတ်ကို နှိပ်ပါ။ စောစောက ရေးထားတဲ့ ၇ ချက်နဲ့ မှားနေတဲ့စာလုံးတွေ မှန်သွားတာ တွေ့ပါလိမ့်မယ်။

ကဲ ဒီ Bookmarklet လေးကို ဝီကီပီးဒီးယားအတွက် လက်တွေ့ အသုံးချကြည့်ရအောင်။ စာမျက်နှာအသစ်တစ်ခု ဖန်တီးပါ။ စောစောက ပြောထားတဲ့အမှားတွေနဲ့ စာတစ်ကြောင်း ရေးကြည့်ပါ။ အဲဒီနောက် Preview (သို့) နမူနာပြရန် ခလုတ်ကို နှိပ်ပါ။ သတိထားရမှာက အဲလို မနှိပ်ရင် အသစ်ရေးတဲ့စာတွေ ပျောက်သွားပါလိမ့်မယ်။ အဲဒီနောက် Unicode Cleaner Bookmarklet လေးကို နှိပ်ပါ။ မှားနေတာတွေ ပြင်သွားတာတွေ့ရင် သိမ်းလို့ ရပါပြီ။ ဒီနည်းကို စောစောက အမှားတွေ ပါနေတဲ့ ရေးပြီးသား ဆောင်းပါးတွေကို တည်းဖြတ်ဖို့လည်း သုံးနိုင်ပါတယ်။ သူကျတော့ တည်းဖြတ်ရန်ထဲဝင်၊ Unicode Cleaner ကို နှိပ်၊ သိမ်းလိုက်ရင် ရပါပြီ။

Tags: , ,

· · · ◊ ◊ ◊ · · ·