မောင်သီဟတို့ မြန်မာပြည်သူပြည်သားများသည် ရံဖန်ရံခါဆိုသလို လွန်စွာမှ ထူးဆန်းသော အပြုအမူတို့ကို ပြုလုပ်လေ့ ရှိကြသည်။ ဥပမာ လွန်ဆွဲခြင်း။ လွန်ဆွဲတာ ဘာဆန်းတုန်း၊ တကမ္ဘာလုံး ဆွဲနေကြတာပဲ ဟု ဆိုလတ္တံ့။ ဆန်းသည်၊ ဆန်းတာမှ အတော့်ကို ဆန်းသည်။ လျှပ်စစ်မီးလာအောင် လွန်ဆွဲရခြင်း ဖြစ်သည်။

လွန်ကြိုးကို ဒိုင်နမိုနှင့်ဆက်၊ ၎င်းနောက်တွင် လူအားဖြင့် ဝိုင်းဆွဲကာ ဒိုင်နမိုကို လည်စေလျက် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းနေခြင်းဟု သင်ထင်မြင်နေပါက လွန်စွာ မှားလေပြီ။

လွန်ဆွဲပါက မိုးရွာသည်ဟု မြန်မာနိုင်ငံတွင် အယူရှိကြသည်။ ကြည့်ရတာ မိုးနတ်မင်းကြီးသည် ကြိုးလေးတစ်ချောင်းကို လူတွေ ဟိုဘက်သည်ဘက်ဝိုင်းဆွဲကာ ဝရုန်းသုန်းကား ဖြစ်ကြခင်းကို အတော်ကြိုက်ဟန်တူသည်။ နာမည်ကိုက မိုးခေါင်ကျော်စွာနတ်တဲ့။ မိုးခေါင်အောင်လုပ်ရတာကို မိုးရွာပေးရတာထက် ကြိုက်ဟန်တူသည်။ ငယ်ငယ်က လွန်ဆွဲပွဲ ကြည့်ဖူးသည်။ အမျိုးသမီးတွေ တစ်ဘက်၊ အမျိုးသားတွေတစ်ဘက် ဆွဲကြခင်းဖြစ်သည်။ လက်တစ်ဆုပ်အရွယ် ကြိုးကြီးတစ်ချောင်းကို အလျားလိုက် ချထားသည်။ အလယ်တွင် တွင်းကြီးတူးထားကာ စည်းသတ်မှတ်ထားသည်။ တွင်းထဲကို စပြုတ်ကျသည့်ဘက်က အရှုံးဖြစ်သည်။ လူဖလံလေးတွေ၊ အားမရှိသူတွေဟု ထင်ရသူတွေက ရှေ့မှာနေရသည်။ တော်ရုံတန်ရုံ ဗလကောင်းသူတို့က နောက်မှာနေသည်။ ဗလအကောင်းဆုံးသူက ကြိုးထိန်းဖြစ်သည်။ နောက်ဆုံးနေရာမှာ နေသည်။ ဖနောင့်ကို မြေပေါ်တွင်လှည့်လျက် တွင်းတူးကာ ကန်ထားသည်။ ထမီတွေ ပုဆိုးတွေကျွတ်အောင် ဆွဲကြသည်။ ဟိုဘက်ပါလိုက်၊ သည်ဘက်ပါလိုက်နှင့် နောက်ဆုံးတွင် အမျိုးသမီးများဘက်က နိုင်သွားလေသည်။ ငယ်ငယ်တုန်းကတော့ စဉ်းစားမရ။ အမျိုးသားများသည် သဘာဝအ​ေလျာက် အင်အားကြီးမားသည် မဟုတ်ပါလော။ သို့ရာတွင် အင်အားသုံးရသော ပြိုင်ပွဲများတွင် ခန္ဓာအလေးချိန်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း နောက်ပိုင်းတွင် မောင်သီဟ မှတ်သားမိလေသည်။

သည်ရက်ပိုင်း ဖ​ယောင်းတိုင်ကိုင်ပြီး ရန်ကုန်၊ မန္တလေး နှင့် အချို့မြို့ကြီးတွေမှာ ဆန္ဒပြကြတာ ကြားသည်။ အစိုးရဘက်ကလည်း အရင်လို “ဗြူးဗြူဗြဲဗြဲ”တွေ မလုပ်ဘဲ သတင်းစာကနေ လေသံပျော့နဲ့ တောင်းပန်သည်။ အဓိက ရေအားလျှပ်စစ်ပေါ်တွင် အားထားရသောကြောင့် မိုးတွင်းတွင် ပြည်တွင်းသုံးနိုင်သော လျှပ်စစ်အားထက် ပိုမိုထုတ်လုပ်ပြီး နွေတွင် ထုတ်လုပ်မှု နည်းပါးရသည်ဟု ဆိုသည်။ ပိုမိုထုတ်လုပ်တာတော့ မဖြစ်နိုင်။ နိုင်ငံအနှံ့ ရောက်အောင်မပေးနိုင်တာပဲ ဖြစ်မည်ဟု မောင်သီဟ တွေးသည်။ ငယ်ငယ်က မောင်သီဟနေခဲ့တဲ့ရွာမှာ အခုထိ ဖယောင်းတိုင်သုံးရတုန်း။ မီးလာခြင်း မလာခြင်းသည် သူတို့နှင့်မဆိုင်၊ မြို့နေလူတန်းစား၏ ကိစ္စဖြစ်သည်။ မောင်သီဟ ဆယ်တန်းဖြေခဲ့သည့်မြို့မှာ အခုထိ တစ်ရက်သုံးနာရီသာ မီးရပြီး သုံးရက်တစ်ခါ မီးပျက်တုန်း။ မီးလောင်မှုအကြီးအကျယ်တွေ ဖြစ်လိုက်လျှင်လည်း မီးပျက်နေတုန်းမေ့သွားလို့၊ ရှော့ဖြစ်လို့၊ ဖြူးစ်လောင်လို့ စသည့်အကြောင်းရင်းများက အများဆုံးဖြစ်သည်။

အခု”ဒီမိုကရေစီ”ဖြစ်ခါနီးအစိုးရက အရင်အစိုးရ အရှုပ်ထုပ်တွေကို ရှင်းရသည့်အထဲမှာ မီးပြဿနာကိုရှင်းရတာ အကြီးဆုံးတစ်ခုဖြစ်မည်။ သဘာဝဓာတ်ငွေ့တွေက တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ကို အနှစ်သုံးဆယ်၊ အနှစ်ငါးဆယ်စသည် ကြိုရောင်းထားလို့ ကုန်ပြီ။ အဲဒီက ရတဲ့ငွေတွေလည်း ဘယ်ရောက်ကုန်ပြီမသိ။ ကွမ်းစားဆေးသောက် ကျပျောက်လို့ ကုန်ပြီထင်သည်။ သည်တော့ အလကားပဲတင်းရသည့် ရေအားလျှပ်စစ်ကိုသာ မျှော်ရတော့မည်။ သတင်းစာထဲတွင်ပြောသည်၊ မိုးရွာ​ေအာင် ဆုတောင်းကြပါ တဲ့။

ဖယောင်းတိုင်ထွန်းပြီး မြို့ထဲထွက်ဆန္ဒပြခြင်းသည်လည်းကောင်း၊ သဘာဝဓာတ်ငွေ့ဖြင့် ရမည့် လျပ်စစ်ဓာတ်အားကို မျှော်လင့်ခြင်းသည်လည်းကောင်း၊ မီးမှန်မှန်လာသည့် နေပြည်တော်ကို ပြောင်းရွှေ့ဖို့အကြံသည်လည်းကောင်း မဖြစ်နိုင်တော့ပြီ။ မောင်သီဟသည် ပုဆိုးကို မြှောင်အောင်ကြိုက်လိုက်ကာ လွန်ဆွဲနေကြသော ကလေးအုပ်၏ နောက်ဆုံးတွင် ဝင်ရပ်လိုက်သည်။ ဟိုဘက်က ကလေးထု၏ မကျေမနပ်သံတွေ ထွက်လာသည်။ မတတ်နိုင်၊ မီးလာဖို့အရေးကြီးသည်။

Myanmar at night, 2001, Satellite photo by NASA.

Summary: This essay is about “Tug of War” to get electricity in Myanmar. Traditionally, tug of war is usually held to get rain. Myanmar mainly relies on hydro powered generators for electricity. So, basically, the more rain, the more electricity. Crops can wait rain. But people cannot since most of everyday tasks need electricity. Despite the candle light protests, this is a crisis that government cannot solve immediately. So, the last desperate effort is to play tug of war to get rain to get electricity.

Tags: , , , , ,

· · · ◊ ◊ ◊ · · ·

Some might wonder why there are little written forms of brief history of Zawgyi and Unicode. It seems that many people just don’t want to dig the past. If that’s the case, I might as well be the villain again digging up the old pasts. If there is any mistake written here, it’s the responsibility of me alone.

Brief

ယူနီကုဒ်လက်ရှိ စွဲစွဲမြဲမြဲသုံးနေသူတွေထဲမှာ ဇော်ဂျီဖောင့် မသုံးဖူးတာ၊ မသုံးတတ်တာ တစ်ယောက်မှမရှိလို့ ပြောရင် ရမယ်။ ယူနီကုဒ်ထက် ဘာပိုကောင်းလဲမေးရင် (၁) ရှေးဦးပိုင်း ယူနီကုဒ်ဖောင့် တချို့ထက် စာလုံးပုံစံ ကြည့်ရတာ ပိုအဆင်ပြေတယ်။ (၂) မြန်မာတွေ ကွန်ပျူတာစသင်ရင် ရင်းနှီးပြီးသားဖြစ်တဲ့ ဝင်းဖောင့်တွေနဲ့ အလားတူ အမြင်အရ စာလုံးစီတာဖြစ်တဲ့အတွက် အရင်လာ အရင်ရိုက် နောက်မှလာ နောက်မှရိုက်စနစ်ဖြစ်တဲ့အတွက် ပိုနားလည်လွယ်တယ်။ (၃) လူသုံးများတယ်။ ဘာပိုမကောင်းလဲမေးရင် (၁) စံ စတန်းဒတ်ကို မလိုက်နာဘဲ တိုင်းရင်းသား အက္ခရာနေရာတွေယူသုံးတဲ့အတွက် တခြားတိုင်းရင်းသားဘာသာတွေ သုံးမရဘူး။ (၂) Apple, Windows, Linux စတဲ့ အဓိက ပလက်ဖောင်းတွေမှာ အသင့်ပါလာပြီးသားဖြစ်တဲ့ စံစနစ်နဲ့ မကိုက်ညီဘူး။ ရှင်းအောင်ပြောရရင် ဇော်ဂျီဖောင့်သွင်းမထားရင်၊ စာသားကို ဇော်ဂျီတိုက်ဖေ့စ်အဖြစ် သတ်မှတ်မထားရင် ဖတ်မရဘူး။ (၃) စာအုပ်စာရင်း၊ လူစာရင်း၊ ဆောင်းပါးစာရင်း အစရှိတာတွေအတွက် မြန်မာလို အက္ခရာ စီမရဘူး။ (၄) ရရစ်ရှစ်မျိုး၊ ရကောက်သုံးမျိုး၊ ဘကုန်းသုံးမျိုး အစရှိသဖြင့် ကုဒ်ပွိုင့်အများကြီး ထပ်နေတဲ့အတွက် ရှာတဲ့နေရာ၊ သတ်ပုံစစ်တဲ့နေရာတွေမှာ အဆင်မပြေဘူး။ (၅) ယူနီကုဒ်ကို အခြေခံသတ်မှတ်ထားတဲ့ ICU စနစ်သုံး OS, ဘရောက်ဇာ တွေမှာ Select မှတ်တာ၊ တွက်ချက်တာတွေ အဆင်မပြေဘူး။ (၆) ဇော်ဂျီမှာ ဇော်ဂျီစာလုံးပုံစံတစ်မျိုးသာ ရှိတယ်။

လက်ရှိကြုံနေတာတော့ နိုင်ငံတကာ စံအတိုင်းသွားနေတဲ့ လူသုံးများတဲ့ဆော့ဝဲတွေ ဝန်ဆောင်မှုတွေကို မြန်မာမှုပြုရာမှာ တွေ့ရတဲ့ ပြဿနာပါ။ ကိုယ်က ယူနီကုဒ်နဲ့ ပြန်ထားတယ်။ နောက်တစ်ယောက်က ဇော်ဂျီနဲ့ လာပြင်သွားတယ်။ ဒါမှမဟုတ် Google Map လိုနေရာမျိုးမှာ ဇော်ဂျီနဲ့လာရေးသွားတယ်။ Approve လုပ်တဲ့ Member တွေက မြန်မာစာမတတ်တော့ ဟုတ်ပြီဆိုပြီး Publish လုပ်ပေးလိုက်တယ်။ ဆာဗာက ပုံဖော်တော့ ပဲပင်ပေါက်လိုစာတွေ ထွက်လာတယ်။ ကိုယ်ကနောက်ပိုင်း တွေ့မိလို့ သွားပြင်တော့ မေးခွန်းထုတ်ခံရတယ်။ သက်သေပြရတယ်။ စောင့်ရတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ ကြာတော့ တစ်ယောက်ချင်း ရှင်းပြနေရတာ စိတ်ကုန်လာတယ်။ ယူနီကုဒ် နဲ့ ဇော်ဂျီ ဘာကွာလဲ မသိတဲ့လူတွေက မြန်မာစာ အွန်လိုင်းသုံးတဲ့သူတွေရဲ့ ၉၀ ရာနှုန်းကျော်ရှိမယ်ထင်တယ်။ တချို့လည်း ကြားဖူးနားဝရှိမယ်။ တချို့လည်း ယူနီကုဒ်စသုံးကြည့်လို့ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရတာ အဆင်မပြေတာ၊ ကိုယ့်စာကို လူမဖတ်တော့တာ ရှိလို့ စိတ်ပျက်ပြီး ဇော်ဂျီပြန်သုံးတာရှိမယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အနှေးနဲ့အမြန် အွန်လိုင်းသုံးတဲ့ မြန်မာတိုင်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရတော့မယ့် အရာဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ၊ သုံးတတ်အောင် စမ်းကြည့်ထားဖို့ နီးစပ်ရာ အပေါင်းအသင်းတွေကို တိုက်တွန်းပါတယ်။

အခုဆို မြန်မာ၃ နဲ့ ပိတောက် လောက်သာ ယူနီကုဒ်ဖောင့် ရှိတော့တာမဟုတ်ဘဲ Microsoft နဲ့ Apple အပါအဝင် မိမိကိုယ်ပိုင် နည်းပညာအမျိုးမျိုးနဲ့ ချဉ်းကပ်ပုံအမျိုးမျိုးနဲ့ လုပ်ထားတဲ့ ယူနီကုဒ်စနစ်ကို လိုက်နာထားတဲ့ ဖောင့်တွေ ရှိနေပြီဖြစ်လို့ စာလုံးမလှခြင်းဟာ ပြဿနာအကြီးကြီး မဟုတ်တော့ပါဘူး။ စံတစ်ရပ်တည်းကို လိုက်နာထားတဲ့အတွက် ဖောင့်တစ်မျိုးနဲ့ ရေးထားတာကို နောက်ဖောင့်တစ်မျိုးနဲ့ ကြည့်ရင် အမှန်မမြင်ရတဲ့ ပြဿနာလည်း မရှိတော့ပါဘူး။ မြန်မာစာ သင်ပုန်းကြီးရေးသလို ရိုက်လို့ရတဲ့ လက်ကွက်စနစ်(အိုင်တီဇင်က ဆရာ ဦးတင်ညွန့်ပြောတာတော့ စာမရိုက်တတ်တဲ့ ဦးဇင်းတစ်ပါး နာရီဝက်အတွင်း မြန်မာလိုရိုက်တတ်သွားတယ် ပြောတယ်။)၊ ဝင်းဖောင့်လို ရိုက်လို့ရတဲ့စနစ်၊ ဇော်ဂျီလို ရိုက်လို့ရတဲ့ စနစ်၊ Logical အတိုင်း ရိုက်လို့ရတဲ့စနစ်စသည်ဖြင့် အမျိုးမျိုးသော လက်ကွက်တွေ ရှိနေပြီဖြစ်လို့ လက်ကွက်ပြောင်းသွားလို့ ဆိုတဲ့ အခက်အခဲလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အနည်းနဲ့ အများဆိုသလို အဆင်မပြေမှုတွေကတော့ ကျန်နေတုန်းပါပဲ။

There is no Unicode user who can’t use Zawgyi-One. Pros of Zawgyi:
(1) Beautiful and neat fontface.
(2) Visual sequence is easier to understand.
(3) Popular.

Cons:
(1) Non-standard. We can’t use Ethnic languages with Zawgyi.
(2) Not compatible with Burmese standard fonts from Microsoft, Apple and Linux community.
(3) Cannot sort correctly.
(4) Lots of repeated codepoints to save up for non-reshaping such as 8 codepoints for medial Ra.
(5) Not compatible with ICU. Selection and calculation are difficult.
(6) Only one typeface.

We are having problems in localization since many Zawgyi-One users are unaware of usage of Unicode. That makes conflicts in localization and translations in such as Google Maps and Wikipedia. It’s important that every Myanmar online should have knowledge of Unicode whether they practice Unicode or not.

Now, there are many Unicode fonts for Burmese compatible to each other including fonts from OSX Lion and Windows 8. There are many Unicode layouts for different OSes including Zawgyi layout.

History

၁၉၉၅ မှာ Michael Everson က ယူနီကုဒ်မှာ မြန်မာစာ (ဗမာစာ) ပါအောင် စအဆိုပြုတယ်။ ၉၇ နဲ့ ၉၈ မှာ Proposal နဲ့ ပြင်ဆင်ချက်တွေကို သူပဲ တင်သွင်းတယ်။ ၉၉ ကစပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ပါတယ်။ ၂၀၀၃ မှာ NLP ကို စ ဖွဲ့တယ်။ ၂၀၀၅ မှာ မြန်မာ၁ ဖောင့်ကို စဖြန့်တယ်။ အားနည်းချက်တွေ အများကြီးတွေ့ရတယ်။ လက်တွေ့လုပ်ငန်းခွင် သုံးနိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီချိန်မှာ Solveware က မြစေတီဖောင့် ထွက်လာတယ်။ Web ပေါ်မှာ ပထမဦးဆုံးသော အဆင်ပြေပြေသုံးလို့ရတဲ့ ဖောင့် ဖြစ်လာတယ်။ အခြေခံအက္ခရာတွေမှာ ယူနီကုဒ်စနစ်ကို လိုက်နာထားပေမဲ့ စာလုံးပုံပြောင်းတဲ့နေရာတွေအတွက် Private use အတွက် ချန်ထားတဲ့ ကုဒ်ပွိုင့်တွေထဲက ယူသုံးတယ်။ ဆိုလိုတာက ယူနီကုဒ်စနစ်နဲ့ အပြည့်အဝ မကိုက်ညီဘူး။ သို့သော် မြန်မာစာကို Web ပေါ်မှာ ဒီလိုသုံးလို့ရပါလားဆိုတာ လူတွေ သိသွားကြတယ်။ တနည်းပြောရရင် ကိုလမ်ဘတ် ကြက်ဥထောင်သလိုပဲ။ ဒီလို အဆင်ပြေပြေသုံးလို့ရပေမဲ့ သုံးစွဲခ ဈေးကြီးတာကြောင့် အခမဲ့ သုံးလို့ရမယ့် နည်းတွေ ရှာကြံလာကြတယ်။ အလွယ်ဆုံးကတော့ မြစေတီဖောင့်ကို ဖောင့် Editor တစ်ခုမှာ စာလုံးပုံပြောင်းထည့်လိုက်တာပါပဲ။ ၂၀၀၅ ဝန်းကျင်မှာ Alpha, Geocomp, MyMyanmar နဲ့ ပြည်ပက Bit ဖောင့်တွေ ထွက်လာတယ်။ ရည်ရွယ်ချက်တွေကတော့ ကောင်းကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာစာကို သုံးလို့ရနိုင်တဲ့ပုံစံမျိုးနဲ့ တသမတ်တည်း သုံးနိုင်အောင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့ဖောင့်တွေမှာ မြစေတီရဲ့ ကုဒ်ပွိုင့်အတိုင်း လိုက်ရေးထားရုံမက ဖောင့်ကိုပါ နင်းပြီး မြန်မာစာပြောင်းထည့်ထားတာ အထဲက Font Info တွေပါ နဂိုအတိုင်း ပြန်ပါလာတယ်။ Solveware က နို့တစ်စ်ထုတ်တယ်။ ဇော်ဂျီ ကုဒ်ပွိုင့်တွေ ပြောင်းရေးတယ်၊ Alpha Font ကနေ Alpha Zawgyi, Zawgyi1, Zawgyi-One စသည်ဖြင့် (နာမည်) တဖြည်းဖြည်း ပြောင်းသွားတယ်။ MyMyanmar က စံအတိုင်းလိုက်နာတဲ့ ယူနီကုဒ်ဖောင့် လုပ်ပြသွားတယ်။ ၂၀၀၆ ဇူလိုင် မှာ ယူနီကုဒ် ၅.၁ စံနဲ့ မြန်မာ၂ ထွက်တယ်။ မြန်မာစာနဲ့ မွန်စာအတွက် လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အတွက် Proposal တွေ ထပ်တင်တယ်။ မြန်မာသုံး Model ကို လက်ခံပြီး စံအဖြစ် သတ်မှတ်တဲ့အတွက် ၂၀၀၇ မှာ ယူနီကုဒ် ၅.၂ အတည်ဖြစ်တယ်။ ၂၀၀၇ ဒီဇင်ဘာ ၁၄ မှာ မြန်မာ၃ ကို အများပြည်သူသုံးနိုင်အောင် Publish လုပ်လိုက်တယ်။

ဇော်ဂျီ ၂၀၀၆ ဗားရှင်းကို ၂၀၀၆ ဇူလိုင်မှာ မြန်မာ၂ နဲ့ အပြိုင်ထုတ်တယ်။ ယူနီကုဒ် ၄.၀ သော်လည်းကောင်း၊ ၅.၁ သော်လည်းကောင်း မကိုက်ညီပါ။ စံကို အတည်ပြုချက်မရခင် လက်ဦးမှုရအောင် ထုတ်လိုက်ပုံရတယ်။ Private use area ကို မသုံးဘဲ တိုင်းရင်းသားဘာသာတွေအတွက် ချန်ထားတဲ့ နေရာတွေထဲက ယူသုံးတယ်။ Planet.com.mm မှာ စသုံးတယ်။ အလကားပေးတယ်။ ဖိုရမ်ထဲမှာ လက်ကွက်သွင်းစရာမလိုဘဲ ရိုက်လို့ရအောင်လုပ်ပေးထားတယ်။ ချက်လို့ရတယ်။ မီဒီယာသမားတွေ လုပ်တာဖြစ်တဲ့အတွက် ကြော်ငြာအားကောင်းတယ်။ သုံးရတာအဆင်ပြေတယ်။ တိုတိုပြောရရင် ပေါက်သွားတယ်။ ဖိုရမ်မာတွေ ဘလော့ရေးတော့ ဇော်ဂျီဝမ်းပဲ သုံးကြတယ်။ အချင်းချင်းကူညီကြတယ်။ ဖောင့်ရဲ့ အားနည်းချက်တွေကို ဝိုင်းဝန်းကူညီ ပြင်ဆင်ပေးကြတယ်။ ၂၀၁၀ မြန်မာအွန်လိုင်းအသိုင်းအဝိုင်းမှာ ဖေ့စ်ဘုတ် စ ခေတ်စားတယ်။ ဇော်ဂျီပဲအဓိကသုံးကြတယ်။

Michael Everson proposed codepoints for Burmese in 1995. He proposed again in 1997 and amended in 1998. Myanmar representatives started involving as observers in Unicode consortium in 1999. NLP was founded in 2003. Myanmar1 was published in 2005. It had weaknesses in practical usages. Solveware published Myazedi font in the same year. It was a non-standard font using Private Use codepoints for alternative shapings, yet became the first usable font for web. It was like Columbus’s egg. Many fonts including Zawgyi cloned Myazedi. Solveware published legal notice in local newspaper which force the other fonts to change their codepoints. According to Unicode standard 5.1, Myanmar2 was published in July 2006. Zawgyi-One font was published at the same time. But it didn’t followed neither Unicode 4.0 or Unicode 5.1 standards (probably to compete in publishing date with Myanmar2)and used reserved codepoints for minority languages. There were major updates in Unicode 5.2 and updated font Myanmar3 was published in Dec 14 2007.

Zawgyi-One font was published as freeware and used on popular www.planet.com.mm website in 2006. It became a major hit since the advertising was enormous and most online users are waiting for a usable Burmese font. Bloggers started using Zawgyi-One font and they helped each other. Since then, majority of Burmese online users used Zawgyi-One as primary font and unaware of Unicode standard.

Zawgyi’s Copyright Holder And Recognition

ဇော်ဂျီစာလုံးပုံစံက ASCII ဖောင့်တွေဖြစ်တဲ့ Arthouse ဖောင့်တွေထဲက တစ်ခုဖြစ်တယ်။ ဇော်ဂျီအဖွဲ့ထဲက တစ်ယောက် (လို့ထင်ရသူတစ်ယောက်) က Arthouse ဆီက ဖောင့်နဲ့ဆိုင်တဲ့ အခွင့်အရေး အားလုံး ဝယ်လိုက်တယ် ဆိုပါတယ်။ ခက်တာက ဇော်ဂျီအဖွဲ့ထဲက ပညာရှင်ငါးဦးဆိုတာ ဘယ်သူမှန်း မသိရပါ (သို့မဟုတ် ဝန်မခံပါ)။ MyMyanmar က ထုတ်တဲ့ MyMyanmar ဆော့ဖ်ဝဲမှာ Zawgyi-One/Two/Three စသည်ဖြင့်ပါလာတယ်။ ကွန်ပျူတာဂျာနယ်မှာ Zawgyi-One ကို မိုင်မြန်မာက ဝယ်လိုက်တယ်လို့ ပါလာတယ်။ ဒါပေမဲ့ Arthouse က ကိုဇော်ဝင်းမြတ်နဲ့ အင်တာဗျူးတစ်ခုမှာ Font ပုံစံနဲ့ ပတ်သက်တဲ့ အခွင့်အရေးအားလုံးကို သူသာပိုင်တယ်လို့ ပြောပါတယ်။ ဇော်ဂျီဝမ်းရဲ့ မြန်မာမဟုတ်တဲ့ အက္ခရာတွေမှာတော့ Microsoft ရဲ့ Tahoma ဖောင့်ကို တိုက်ရိုက်ယူသုံးထားပါတယ်။ ယာယီလို့ ပြောပေမဲ့ ခုထိပြင်သေးတာ မတွေ့ပါ။ ၂၀၀၈ Arial ဗားရှင်းမှာ Microsoft ပိုင် Arial ဖောင့်ကို ယူသုံးတယ်။ ၂၀၀၇ မှာ ဇော်ဂျီအဖွဲ့ MCPA Excellence Award ဆုရတယ်။

Zawgyi-One typeface was taken from Arthouse(Mandalay) font package. A member of Zawgyi team unofficially said that they bought all rights of Zawgyi font from font’s designer. One big confusion is that the “five” main founders of Zawgyi font are unknown of (at least did not declared themselves). MyMyanmar software package included Zawgyi-One, Zawgyi-Two and Zawgyi-Three fonts and said it owned Zawgyi font in Computer Journal(Myanmar). Again, Zaw Win Myat of Arthouse said in an interview that he still owned all rights of Zawgyi typeface and he just simply allowed the usage of the font. All other characters of Zawgyi font apart from Burmese codepoints are directly copied from Tahoma font of Microsoft. Zawgyi-Arial version uses Arial font owned by Microsoft too. Zawgyi team won 2007 MCPA Excellence award.

Future Upgrade

ဇော်ဂျီကို ယူနီကုဒ်ဖြစ်အောင် ဇော်ဂျီအဖွဲ့က ပြောင်းပေးမယ့် အချိန်ကို စောင့်နေသူတွေ ရှိတာတွေ့တယ်။ စောင့်မနေပါနဲ့။ ဇော်ဂျီ ကို ဘယ်နည်းနဲ့မှ နဂိုအတိုင်းလည်းဖြစ်အောင် (ဖတ်လို့ရအောင်)၊ ယူနီကုဒ်စနစ်နဲ့လည်း ကိုက်ညီအောင် ပြောင်းလို့မရပါ။ ယူနီကုဒ်ဖောင့်ကို ဇော်ဂျီစာလုံးပုံနဲ့ လိုချင်တယ်ဆိုတော့ ဖြေရှင်းနည်းက လွယ်ပါတယ်။

There are some who waiting for the “right” time when the Zawgyi team would upgrade Zawgyi font to Unicode standard and still compatible with old Zawgyi. But it’s just logically impossible to co-exist since Zawgyi characters and Unicode characters cross-exit. If it’s simply the changing of one of Unicode font’s typeface to Zawgyi typeface, it’s pretty easy.

Ref:

  • http://www.myanmarnlp.org.mm/
  • http://www.unicodeconference.org/
  • http://unicode.org/conference/about-conf.html
  • http://www.zawgyi.net
  • http://www.myanmaritpro.com/
  • http://my.wikipedia.org/wiki/မြန်မာယူနီကုဒ်နေ့ရက်စဉ်သမိုင်း

 

Tags: , , ,

· · · ◊ ◊ ◊ · · ·

ဒီတစ်ခါလည်း သူများခေါင်းစဉ် ခိုးချလိုက်ဦးမယ်။ သာသာယာယာဆိုလို့ ခေါင်းထဲရောက်လာတာ အိမ်သာ ကိစ္စပါ။ ဟုတ်ပေမပေါ့။ အိမ်မှာ ဒါလေးတစ်လုံးလောက်ရှိမှ သာယာတော့မကိုး။ ရခိုင်မှာတော့ ဒီ့ထက် ပိုဒဲ့ကျတယ်။ ချဘောင်သာ တဲ့။ အိမ်သာအကြောင်းပြောရင် မသတီ၊ အော်ဂလီဆန် ရွံ့ကနဲဖြစ်ပေသော်ငြား အစားအသောက်တွေနဲ့ ဆက်စပ်တွေးမိတယ်ပြောရင် အံ့ဩကြမလားပဲ။

ကျော်စွာ ဓာတ်မြေဩဇာစက်ရုံမှာ အမေတာဝန်ကျတော့ ကျွန်တော်လည်း အဲမှာပဲပေါ့။ အဲဒီမှာ ရုပ်ရှင်ရုံရှေ့ မျက်စောင်းထိုးပြောမလား ဓားလွယ်ခုတ်ပြောမလား အဲနားက အိမ်မှာ ကျွန်တော်တို့နေတယ်။ ကျော်စွာဆိုတာ ပြည်နဲ့ အောင်လံကြားက ရွာလေးပါ။ ရွာလေးနားမှာ စက်ရုံတည်ပြီး ဝန်ထမ်းအိမ်ရာ တစ်ထပ်တိုက်ပုလေးတွေ ဆောက်ပေးထားတယ်။ ရုပ်ရှင်ရုံဆိုတာလည်း ဝန်ထမ်းတွေအတွက် ဖွင့်ပေးထားတဲ့ ကားအကျတွေတင်တဲ့ ဖလင်ရုံလေးပါ။ ရုပ်ရှင်ရုံရှေ့ မှာ ဘာပင်ကြီးလဲမသိဘူး ရှိတယ်။ အဲဒီအပင်က အစေ့တွေ ချာလပတ်ရမ်းပြီးကျလာရင် ကျွန်တော်တို့ ကလေးတွေ ကျောက်တုံးနဲ့ထုပြီး အထဲကအဆံကို ခွဲစားကြတယ်။ ဆောင်းတွင်းဆို ကလေးတွေစုပြီး ပုရစ်တွင်းတွေ ရေနဲ့လောင်း၊ ထွက်လာတဲ့ ပုရစ်တွေကိုလိုက်ဖမ်း၊ ကြော်စား အကုသိုလ်တွေ ပျော်ပျော်ကြီးကျူးလွန်ကြတာပေါ့။ ကဲ ပြောရင်းဆိုရင်းချော်တောငေါ့သွားပြီ။ အဲဒီမှာ ကျွန်တော်နေတဲ့အိမ်က အိမ်ဘေးပတ်လည်မှာ ကွန်ကရစ်ခင်းထားတယ်။ ကွန်ကရစ်ကြမ်းပြင်ပြီးမှ ကွန်ကရစ်မြောင်းလေးရှိတယ်။ မြောင်းလေးဘေးမှာမှ မြေကွက်လပ်ပတ်လည် တစ်လံလောက်ရှိသေးတယ်။ အဲဒီနောက်မှာမှခြံစည်းရိုး။ ခြံနောက်မှာ ဒန့်သလွန်ပင်ကြီးရှိတယ်။ ခြံဘေးမှာတော့ သပြေပင်နှစ်ပင် ငှက်ပျောပင်တစ်တောနဲ့ ဆီးပင်ကြီးတစ်ပင်ရှိတယ်။ ခြံရှေ့တံခါးဝနားမှာ ပန်းပင်တွေရှိတယ်။ အဲ ကွန်ကရစ်မြောင်းလေးထဲမှာတော့ ကန်စွန်းပင်တွေ ရှိတယ်။ သန်လိုက်တာ မပြောပါနဲ့ စားလို့လည်း ကောင်းမှကောင်း။ ကောင်းဆို မြေဩဇာကလည်း ကောင်းတာကိုး။ အိမ်သာမအားရင် ကလေးဆိုတော့ နောက်ဖေးဘက်ထွက်သွားပြီး မြောင်းဘောင်မှာ ခပ်တည်တည်နဲ့ သွားထိုင်လိုက်တာပဲလေ။ မိုးတွေရွာလို့ ရေလျှံတဲ့နေတွေဆို ပေါလောပေါလောနဲ့ပေါ့။ တွေးကြည့်လည်း လွမ်းမိပါတယ်။ အဲဒီမှာ မီး ၂၄ နာရီလာတယ်လေ။

ရခိုင်ကျောက်ဖြူဘက်က အဘိုးအဘွားတွေဆီ သွားနေတော့ အဲဒီနားမှာ အမျိုးအိမ်တွေချည်းစုနေတာ။ အဲဒီတုန်းက အဲလိုနယ်ဘက်တွေမှာယင်လုံ အိမ်သာခေတ်မစားသေးဘူး။ အိမ်တွေနဲ့ ခပ်လှမ်းလှမ်း မြေကွက်လပ်နေရာမှာ အိမ်သာတွေချည်းပဲ တန်းစီဆောက်ထားတာ။ ကိုယ့်အိမ်သာကိုယ် သော့ဖွင့်ပြီး သွားတက်ပေါ့။ အိမ်သာပုံစံက ခြေတံရှည်အိမ်သာလေးတွေ။ အောက်ဘက်မှာ သစ်သားဇလားအပွင့်ကြီးတစ်ခုချထားတယ်။ ဟုတ်တယ် အပွင့်။ ယင်တလောင်းလောင်း လောက်တဖွားဖွားနဲ့၊ အိမ်သာတက်ရင်း ထိုင်ကြည့်နေတောင် အပျင်းပြေလောက်တယ်။ ပြည့်သွားရင်တော့ ချေးကုလားခေါ်သွန်ရတယ်။ နောက်ပိုင်းယင်လုံအိမ်သာတွေဖြစ်သွားတော့ စည်ပင်က မိလ္လာကားခေါ်စုပ်တယ်။ ထားတော့။ ပြောချင်တာက အဲဒီနားမှာ ခြံစည်းရိုးကို နွယ်တက်နေတဲ့ ဧရာမ မြောက်ဥပင်ကြီးအကြောင်းပါ။ သဘာဝမြေဩဇာတွေ မဟားဒယားစားသုံးပြီး အရွက်ဖားဖား စိမ်းစိမ်းစိုစိုနဲ့ အိမ်သာနဲ့ ခြံစည်းရိုးကြား မင်းမူနေတာ။ အဘိုးက မြောက်ဥဟင်းခါးချက်ကျွေးတဲ့နေ့တွေ ထမင်းမြိန်သလား မမေးပါနဲ့။

ကျောက်ဖြူကနေ မြေလတ်ပိုင်းသွားချင်ရင် လမ်းပန်းဆက်သွယ်ရေးက ခုခေတ်လို မကောင်းသေးဘူး။ တောင်ကုတ်ကို သင်္ဘောနဲ့ အရင်သွား။ တောင်ကုတ်ရောက်မှ ပြည်၊ ရန်ကုန်ကို ကားပြောင်းစီးရတယ်။ ကျောက်ဖြူအရှေ့ဘက်က ရေစူးမကောင်းလို့ အနောက်ဘက်ပိုင်းကနေ ရမ်းဗြဲတစ်ကျွန်းလုံးကို သင်္ဘောနဲ့ပတ်ပြီးမှ တောင်ကုတ်သွားလို့ရတယ်။ ရမ်းဗြဲဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တွေနဲ့ ဂျပန်တွေ အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့တဲ့ နာမည်ကျော်ကျွန်း။ ဗြိတိသျှစစ်သင်္ဘောက ချိန်ပစ်လိုက်တဲ့ အမြောက်ဆံဟာ ကျောက်ဖြူခံတပ်က ဂျပန်အမြောက်ပြောင်းဝထဲ တည့်တည့်ဝင်သွားခဲ့တဲ့အကြောင်း ခုထိ ပြောစမှတ် ဖြစ်တုန်း။ သင်္ဘောက မနက်စောစော ခုနစ်နာရီလောက်ထွက်ရင် ညနေစောင်း ရှစ်နာရီလောက်မှ တောင်ကုတ်ရောက်တယ်။ တောင်ကုတ်ကနေ ရခိုင်ရိုးမခရီးကြမ်းကို ဖြတ်ပြီး မောင်းလိုက်ရင် နောက်တစ်နေ့ နေ့လည်လောက် ပြည်ကိုရောက်တယ်။ ရန်ကုန်ထိဆိုရင် ညမှောင်မှ ရောက်မယ်။ ရိုးမပေါ်က ဆတ်သားခြောက်က နာမည်ကျော်၊ ဆတ်သားစစ်လားမစစ်လားတော့မသိ။ တစ်ခါ ကားဆရာသား ကောင်လေးတစ်ယောက်ကပြောတော့ အမဲသားကို ထုံးရည်ကြည်မှာစိမ်ပြီး အရသာပြောင်းအောင် လုပ်ထားတာဆိုလားပဲ။ အဲဒါ အမေရယ် ကျွန်တော်ရယ်၊ အစ်မရယ် သုံးယောက်ပေါ့ ရခိုင်ကအပြန်။ ကျွန်တော်လည်း ခုနစ်နှစ် ရှစ်နှစ်လောက် ရှိဦးမယ် ထင်တယ်။ ဖြစ်ချင်တော့ သင်္ဘောက ရမ်းဗြဲသင်္ဘောဆိပ်နားမှာ ပျက်တယ်။ အဲဒီတော့ သင်္ဘောဆိပ်မှာ ခဏနားပြီးပြင်တယ်။ သင်္ဘောဆိပ်ကနေ မြို့အထိ တော်တော်လှမ်းတယ်။ နောက်တစ်နာရီလောက် ကားနဲ့ သွားရသေးတယ်။ ပြင်ပြီးသွားတော့ ညနေစောင်းနေပြီ။ ရေကျချိန်ဆိုတော့ သင်္ဘောကနောက်နေ့မှ သွားလို့ရတော့မယ်။ အဲဒါနဲ့ သင်္ဘောဆိပ်နားက ဇရပ်လိုမျိုး နံရံအပွင့်နဲ့တည်းခိုခန်းမှာနားရတယ်။ ဆောင်းတွင်းဆိုတော့ အေးလိုက်တာ လွန်ပါရော။ မှတ်မှတ်ရရ ဖလ်ဘူးရှောက်သီးဆေးပြားကို အဲဒီမှာ အမေ့ဆီက စ စားရတာ မှတ်မိတယ်။ ဖလ်ဘူးကို ဖန်ဘူးလို့ အသံထွက်ရကောင်းမှန်းမသိတာနဲ့ ဖယ်လ်ဘူး ဖယ်လ်ဘူးနဲ့ ထွက်ခဲ့တာ။ တစ်ညလုံးလည်း ဆီးချုပ်ဝမ်းချုပ်နဲ့။ ဖလ်ဘူးတွေနင်းကန်စားပြီး ဗိုက်က ရစ်တစ်တစ်နဲ့ပေါ့။ အိမ်သာမရှိလို့တော့မဟုတ်ဘူး။ ကြောက်လို့။ တည်းခိုတဲ့နေရာနဲ့ မလှမ်းမကမ်း ကမ်းပါးတလျှောက်မှာ အိမ်သာလေးတွေ တန်းစီဆောက်ထားတယ်။ အိမ်သာဆိုပေမဲ့ ဖြစ်ကတတ်ဆန်း လေးတိုင်စင်လေးတွေ။ ကမ်းပါး အောက်ခြေကလည်း ရေကျတဲ့အချိန်ဆိုတော့ ရွှံ့တွေဗွက်တွေ၊ အပေါ်ကလာတဲ့ အင်အင်းတွေနဲ့ရောပြီး ဝါညစ်ညစ် ရွံ့ပြင်ကျယ်ကြီးပေါ့။ တစ်ခါခါ ငါးစင်ရိုင်းလေးတွေ ထပွက်တယ်။ အပေါ်ကအောက်ထိ ဝါးတစ်ရိုက်လောက်မြင့်တယ်။ တံတားထိုးထားတာလည်း ကမ်းနဲ့ ဝါးတစ်ရိုက်လောက်ကွာတယ်။ တံတားကလည်း မည်ကာမတ္တတံတား။ လက်ကောက်ဝတ်အရွယ် ဝါးလေးနှစ်လုံးထိုးထားပြီး ဘေးမှာ လက်ကိုင်တန်းလေးတစ်တန်း လုပ်ထားတယ်။ ကျွန်တော်ကငယ်ငယ်တုန်းက အမြင့်ကြောက်တတ်တယ်။ သုံးထပ်အိမ်မှာ ပြတင်းပေါက်က ထွက်မကြည့်ရဲဘူး။ ကဲစဉ်းစားကြည့် အိမ်သာမသွားရဲတာ ဘယ်သူ့အလွန်လဲလို့။ ဒါလည်းမနေနိုင်ပါဘူး။ နောက်နေ့မနက်စောစော မအောင့်နိုင်လို့ ကြောက်ကြောက်နဲ့ သွားရတာပါပဲ။ တံတားပေါ်ဖြတ်တော့ ဒူးတွေယိုင်လို့ပေါ့။ တံတားအစပ်မြူတွေကြားမှာ ထိကရုံးလေးတွေ ကျိုးတိုးကျဲတဲ ပွင့်လို့။ အောက်ငုံ့မကြည့်နဲ့၊ အောက်ငုံ့မကြည့်နဲ့။ ခြေလှမ်းတောင် ကျဲကျဲမလှမ်းရဲဘဲ တစ်လက်မစီ တိုးတိုးရွှေ့သွားရတယ်။ ။နောက်ဆုံးအောင်မြင်စွာ အိမ်သာထဲရောက်သွားတော့လည်း နံရံကမလုံ့တလုံ။ ဆောင်းလေများ တစ်ကျော့လောက်ဖြတ်တိုက်လိုက်ရင် ကျောရောဖင်ရော စိမ့်ကနဲပဲ၊။ အောက်များယောင်လို့ ငုံ့မကြည့်ရဲဘူး။ မတော်လို့ ချော်ကျသွားရင် အောက်က အင်အင်းရွှံ့ထဲမှာ စွပ်ဆို ခေါင်းစိုက်နေမှာ။ သေသော်မှတည့် ဪကောင်း၏။

စာကြွင်း။ ။ မေ့လို့။ ရွံတတ်ရင် ဒီစာ မဖတ်ပါနဲ့။

Tags:

· · · ◊ ◊ ◊ · · ·

In summary, as of 2011, Myanmar Unicode fonts can correctly render in;

  • Windows (Opentype on Uniscribe)
  • OSX (Opentype on AAT) with Myanmar font built-in
  • Linux distros (Opentype, Graphite on Pango,Harfbuzz) with Myanmar font built-in or Repository available
  • iOS (Opentype on AAT).

We have a few more updates now.

(1) Nook is Android based tablet and it seems to be able to render Myanmar Unicode correctly. နွတ်(ခ်) မှာ မြန်မာယူနီကုဒ်ဖောင့် အမှန်ပေါ်ပါပြီ။
(2) Android itself started supporting Myanmar Unicode 5.0 in it’s IcecreamSandwich Android 4.0. The reshaping rules are based on Pango and are inside the system (not in the font). The most visible changes are virama u1039 and vowel e u1031. အန်းဒရွိုက် ၄.၀ မှာ မြန်မာယူနီကုဒ် ၅.၀ စာလုံးပုံဖော်တဲ့ စနစ်ပါလာပါပြီ။ ယူနီကုဒ်က ၅.၁ နောက်ပိုင်းမှာမှ ပုံသေဖြစ်တဲ့အတွက် အမှန်မပေါ်သေးပါဘူး။

Android 4.0 Myanmar Unicode Support

Android 4.0 ICS Myanmar Unicode Support. Zawgyi texts will not show correctly anymore.

(3) Windows 8 consumer preview came out a few days ago. It has improved Myanmar font (supports Burmese and Mon) and Myanmar font fallback for IE. So, it’s confirmed that Windows 8 will support Myanmar Unicode font and Keyboard in PC, mobile or tablets when it comes out. ဝင်းဒိုး ၈ စားသုံးသူအတွက် နမူနာမှာ အရင်တစ်ခါထက် ပိုမှန်လာတဲ့ မြန်မာယူနီကုဒ် ပါလာတဲ့အတွက် တကယ်ထုတ်ရင် ပါလာမှာ သေချာပါပြီ။

Shifted Unicode Keyboard on Windows8 Consumer preview

Shifted Unicode Keyboard on Windows 8 Consumer Preview (Based on Myanmar3 Layout by Myanmar NLP)

#P.S. Myanmar Wikipedia has more than 10,000 articles now.

Tags: , , ,

· · · ◊ ◊ ◊ · · ·

Paradigm Shift

31 Jan 2012

Paradigm Shift
ငယ့်ငယ်တုန်းက ဖတ်ဖူးတဲ့ ကိုတာ့စာထဲမှာတော့ ပါရာဒိုင်း (Paradigm)တဲ့။ မျက်စိထဲမြင်ယောင်တာကတော့ ပါပရာရယ် ပဒိုင်းသီးရယ်။ နောက် နည်းနည်းကြီးလာတော့ ကျော်ဝင်းက ယဉ်ကျေးမှုတွေ တွန်းတိုက်မိကြတယ် (cultural conflict/clashes) ပြောပြန်တယ်။ ဒီတစ်ခါတော့ တရုတ်ကြီး အင်္ကျီလက်စနဲ့ ကုလားမကြီးဆာရီနဲ့ ငြိကြတယ်ပေါ့။

ဆံရှည်ထားတာ လမ်းသရဲ၊ ဘောင်းဘီဝတ်တာ လူမိုက်ဆိုတဲ့ အဆင့်ကနေ နည်းနည်းတော့ ရွေ့လာပြီထင်တာပဲ။ ဆံပင်ဝဲနဲ့ အီမိုတွေပေါ်လာသလို၊ မိန်းကလေးတွေလည်း အပြိုင်းအရိုင်း တိုတက်လာကြတော့ ခေတ်ကြီးပျက်နေပြီပြောရင် နည်းနည်းတော့ လွန်လိမ့်မယ်။ ကိုယ့်နိုင်ငံ စီးပွားရေးအင်အားကောင်းမှ၊ နိုင်ငံ့မီဒီယာတွေ ကမ္ဘာကို ဖြန့်နိုင်မှ၊ နိုင်ငံသားတွေပညာကိုယ်ခံအားကောင်းမှ ကိုယ့်ယဉ်ကျေးမှုကို သူများဆီ သွားနယ်ချဲ့လို့ရမယ်။ နိုင်ငံကလည်းဆင်းရဲ၊ လူအများစုက ပညာမတတ်ကြရင် နယ်ချဲ့လာတဲ့ သူတပါးယဉ်ကျေးမှုတွေ ကိုယ်က ပြန်ယူနေရမှာပဲ။ ဒါ ရှောင်မရ ပြုမရ၊ အကောင်းဘက်ရောက်အောင်သာ လမ်းကြောင်းပြောင်းပေးလို့ရတဲ့ ကိစ္စ။ သိပ်တော့မပူပါနဲ့။ ရန်ကုန်နွေလယ်ခေါင်မှာ တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့လူသာလျှင် မက်ထရစ်ကားထဲက လောင်းကုတ်ကြီးတကားကားနဲ့ ချွေးထုတ်နေပါလိမ့်မယ်။ ကံကောင်းတာက မြန်မာဆိုတာ စာပေ၊ ဂီတ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ကိုယ်ခံအားကောင်းခဲ့တဲ့ ဒေသဖြစ်လေတော့ ယဉ်ကျေးမှုဝါးမျိုခံရခြင်းအစား ယဉ်ကျေးမှုမွေးစားခြင်းဘက်ကို ပိုရောက်နေတယ်ပြောရမယ်။

မြန်မာရယ်လို့ဖြစ်လာတာတောင် နှစ်ပေါင်း တစ်ထောင်စွန်းစွန်းပဲ ရှိသေးတယ်။ ဒီကြားထဲမှာ ဒီလိုပဲ အဆင့်ဆင့်ပြောင်းပြီး ဒီနေ့ခေတ်ရောက်လာတယ် မဟုတ်ပေလား။ ဝတ်ပုံစားပုံတောင် ဒီနှစ်နဲ့ နောက်နှစ် ယောင်ယောင်လေး ကွဲတယ်။ ရှေးခေတ်မြန်မာကြီးတွေ ဝတ်တဲ့ ရင်ဖုံးနဲ့ ဒီနေ့ခေတ်တိုက်ပုံ ဘယ်မှာတူလို့လဲ။ သူတို့ခေါင်းပေါင်းစရှည် တစ်ထောင်ထောင်နဲ့ လွှတ်တော်အမတ်တွေရဲ့ လယ်ဒီမိတ်ခေါင်းပေါင်းစတိုနံ့နံ့ တခြားစီ မဟုတ်လား။ တောင်ရှည်ပုဆိုးဆိုတာ လုံချည်ဆိုင်မှာတောင် သွားမေးလို့ မရှိတဲ့ အဖြစ်။ မြန်မာ့ရိုးရာစားစရာဆိုတဲ့ မုန့်ဟင်းခါးတောင် ပေါ်တာ နှစ်တစ်ရာ မပြည့်တတ်သေး။ ဒီနေ့မြန်မာက လူမျိုးကြီးဗမာဆိုတာလည်း တိဗက်က အဓိက ဆင်းသက်လာပြီး တရုတ်အရောရော၊ မွန်အရောရောမဟုတ်ပေလား။ ဒါကြောင့်ပဲ နိုင်ငံရှိရင် လူမျိုးရှိတယ်ဆိုတဲ့စကားက အများကြီးတာသွားပါတယ်။

ရှေးခေတ်က သီတင်းကျွတ်ရင် ဆီမီးခွက်မျှောတယ်။ ဖယောင်းတိုင်ထွန်းတယ်။ ဒီခေတ်လည်း မျှောတဲ့လူမျှောတုန်း၊ ဖယောင်းတိုင်လည်း ထွန်းတဲ့လူထွန်းတုန်း။ အများစုကတော့ လျပ်စစ်မီးသီးထွန်းမယ်၊ မီးရှူးမီးပန်းဖောက်မယ်။ ရှေးကသင်္ကြန်မှာ သပြေခက်နဲ့ ရေပက်ခဲ့ကြပေမဲ့ ခုခေတ် မီးသတ်ပိုက်နဲ့ထိုးမယ်၊ ရှေးက နွားလှည်းနဲ့ လှည့်ပေမဲ့ ခုခေတ် ကားနဲ့လည်မယ်၊ အိုးစည်ဗုံမောင်းအစား တီးဝိုင်းနဲ့ဆိုမယ်။ ထိန်းသိမ်းတဲ့လူက ထိန်းသိမ်းနေသလို တိုင်းတပါးယဉ်ကျေးမှုကို ကူးချတဲ့လူကလည်း ကူးချနေပါတယ်။ အဟောင်းတွေပျက်လို့ အသစ်တွေဝင်လာတဲ့အချိန် ကြားထဲက အခြေအနေတစ်ရပ်မှာ ကိုယ်ပိုင်စတိုင်တစ်ရပ်ဖြစ်လာတာကို နှောင်းပိုင်းလူတွေက ငါတို့ယဉ်ကျေးမှုလို့ အမည်တပ်ကြပါလိမ့်မယ်။

တရုတ်အင်္ကျီကနေ တိုက်ပုံဖြစ်၊ ဒိုတီက ပုဆိုးဖြစ်၊ ထိုင်းသီချင်းက သီချင်းကြီးဖြစ်နဲ့ သူများဟာကို ကိုယ့်ဟာဖြစ်အောင် တဖြည်းဖြည်းနဲ့ ယူနီကွီး (Unique) ကိုယ်ပိုင်ဝိသေသလက္ခဏာတစ်ရပ် ဖြစ်အောင် လုပ်ယူနိုင်တာ အင်အားကြီးနိုင်ငံတွေကြားမှာ ပဲလှော်ဆားညပ်သလိုညပ်နေတဲ့ မြန်မာတွေရဲ့ ထူးခြားတဲ့ အချက်ပေါ့ဗျာ။ ဒီလို ရာစုရှည်အောင် တည်တံ့(နည်းနည်းစီပြောင်းလဲ)လာတဲ့ ယဉ်ကျေးမှုတွေရှိသလို ကြားထဲမှာ ပျောက်ပျက်သွားတဲ့ ဓလေ့တွေလည်း အများကြီး ရှိသပေါ့။ ဥပမာ လှေလှော်၊ မြင်းစီး၊ သဲပုံစေတီဆိုတဲ့ ပွဲတွေဟာ တော်တော်ရှားရှားပါးပါးမှ တွေ့ရတော့တဲ့ ဓလေ့တွေပါ။ ဗမာယဉ်ကျေးမှု လွှမ်းမိုးလို့ တချိန်က ဗမာတွေနဲ့ တန်းတူ အင်အားကြီးခဲ့တဲ့ မွန်၊ ရခိုင် စတဲ့တိုင်းရင်းသားတွေ၊ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာတွေ ပျက်သွားတာလည်း တပုံတပင်ရှိတာမို့ ပျောက်ပျက်သွားတဲ့ ဓလေ့တွေအတွက် သိပ်ပြီး နှမြောမနေပါနဲ့။ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းရသလို တိုးတက်နေအောင်လည်း အမြဲကြံဆောင်နေရမယ် မဟုတ်လား။ ထိန်းသိမ်းရုံပဲ ထိန်းသိမ်းနေရင် ကြာရင်ကောမှာပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကလည်း ဒီသီချင်းကြီးတွေ၊ ဒီခေတ်လည်းတစ်ပုဒ်မှ တိုးမလာ။ ရှေးက ရုပ်သေး ခုခေတ်ထိ ဒီတိုင်းပဲ။ ဒီခေတ်နည်းပညာတွေ၊ ဆက်တင်တွေနဲ့ ပေါင်းစပ်မရနိုင်ပေဘူးလား။ (ဒီနေရာမှာ ဝင်နှောက်ချင်တာက တစ်သီးပုဂ္ဂလတွေရဲ့ ကဏ္ဍပါ။ စည်းလုံးညီညာ အောင်ကြောင်းဖြာလို့ ဘယ်လိုပဲ ပြောပြော ခေတ်ကိုအပြောင်းလဲကြီးပြောင်းလဲခဲ့သူ တစ်ယောက်ချင်းစီက သူ့ခေတ်မှာ သူများထက် အပုံကြီး တော်ခဲ့ချွန်ခဲ့တဲ့ လူရည်ချွန်တွေ ဉာဏ်ကြီးရှင်တွေကြောင့်လို့ ပြောရင် လွန်အံ့မထင်။) ခေတ်နဲ့ မညီ လူကြိုက်မများတော့တဲ့ ဓလေ့တွေကတော့ ဘယ်လောက်အသက်သွင်းသွင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေမှာပါပဲ။

ယဉ်ကျေးမှု ထိန်းသိမ်းတယ်ဆိုရာမှာ အစိုးရရဲ့ မူဝါဒ၊ တိုင်းပြည်ရဲ့စီးပွား၊ ပြည်သူတွေရဲ့ ပညာရေးရေချိန်တွေက အရေးပါတဲ့ နေရာတွေမှာ ရှိနေပါတယ်။ ဒီနေ့ခေတ်လို ကမ္ဘာရွာဖြစ်နေတဲ့အချိန်မှာ သူများလွှမ်းမိုးတာ အနည်းနဲ့ အများတော့ ခံရမှာပါပဲ။ အရေးကြီးတာက ပါရာဒိုင်းအရွေ့တွေကြားမှာ ကိုယ့်ယဉ်ကျေးမှုတွေ အပြင်ကို အစွံထုတ်နိုင်ဖို့နဲ့ သူများယဉ်ကျေးမှုတွေရဲ့ အတွန်းအတိုက်ကို ထိုက်ကျိကျင့်သလို အသာလေး ရောမွှေမွေးစားလိုက်ဖို့ပါပဲ။ လုံးဝအဝင်မခံဘဲ တောင့်ခံထားရင် မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ ယဉ်ကျေးမှုရှော့ရ(Cultural Shocks)သွားပြီး လူကြီးတွေ နောက်ကောက်(Knock out)ကျသွားလိမ့်မယ်။ “Survival of the fittest” (အင်္ကျီအကျပ်ဝတ်မှ ဖိုက်တင်ချနိုင်မယ်ဆိုလား) လို့ ဒါဝင်ကြီးက ဆိုတယ် မဟုတ်လား။ သေချာတာကတော့ မြန်မာဆိုတဲ့ ဝိသေသက မြန်မာနိုင်ငံရှိနေသရွေ့တော့ ပျောက်ပျက်သွားဦးမှာ မဟုတ်။

Tags: , ,

· · · ◊ ◊ ◊ · · ·

ဖိုးတေ

19 Jan 2012

နေတက် ရေတက်မှာ မွေးတဲ့ ကလေး တိုးတက်ဦးမယ်ဟုဆိုကာ ဘကြီးဘုန်းကြီးက မောင်တိုးဟု အမည်ပေးသည်။ အဖေက အဘိုးနာမည်ပါအောင်ဟုဆိုကာ ဖေတိုးဟု သမုတ်သည်။ အမေက အဖေ့ဘက်နေသဖြင့် ဖေတိုးအမည်ရလေသည်။ သို့ရာတွင် တွင်သည်ကား ဖေတိုးမဟုတ်။ ဖိုးတေဟူ၏။ ဖိုးတေ၏ မိဘများသည် သူကြီးမျိုးရိုးဖြစ်သည်နှင့်အညီ ရွာတွင် ဩဇာညောင်း၏။ သူကြီးခေတ် မရှိပြီဖြစ်ငြားလည်း လယ်ပိုင်၊ နွားပိုင် ရွာမျက်နှာဖုံးဟူသော ဂုဏ်ပုဒ်ကား မနည်းလှ။ ထိုထိုဂုဏ်တို့ဖြင့် အများတကာ၏ ဖူးဖူးမှုတ်ခံရသော ဖိုးတေသည် လူကြီးတွေ့လျှင် ဆိုးချင်၏။ ရွယ်တူကလေးတွေ့လျှင် အနိုင်ကျင့်ချင်၏။ ကလေးမိဘများက တိုင်ပါများသောကြောင့် အဖေက ကြိမ်လုံးကိုင်လျှင် ဖိုးတေသည် ရွာဦးကျောင်းသို့ပြေး၍ ကျောင်းထိုင်ဖြစ်သူဘကြီးဘုန်းကြီး၏ သင်္ကန်းအောက်ပုန်းလေ၏။ ထိုအခါ နောက်မှလိုက်လာသောအဖေသည် ဒီကောင်ကွာ ဟုတစ်ခွန်းသာပြောလျက် ဆရာတော်ကို ဦးချကာ ပြန်လေ၏။ ဆရာတော်သည် သံယောဇဉ်အပေါင်းကို ဖြတ်လျက် သင်္ကန်းဝတ်လာသော်ငြား ဖိုးတေက ဘုန်းဘုန်းဘုရာ့ ဟုအနားကပ်လာပြီး အသံစာစာဖြင့် ချွဲလျှင် သဘောကျလျက်နေလေ၏။

ဖိုးတေ ကျောင်းနေသော် ဆရာဆရာမများကအစ မည်သူမှ အမည်ရင်းကို မခေါ်။ ဖိုးတေသာ ခေါ်ကြလေ၏။ ကျောင်းတွင်လည်းဆိုး၏၊ ပေ၏၊ အနိုင်ကျင့်၏၊ လူမှန်လျင် ကျောင်းရှိ ဆရာမလေးယောက်နှင့် ကျောင်းအုပ်ဆရာလေးမကျန် နောက်ဖို့သာချောင်းနေ၏။ ကြာသော် ဖိုးတေသည် အမည်ရင်းကိုပင် မေ့တေ့တေ့ရှိကာ ဖေတိုးခေါ်လျှင်မထူး ဖိုးတေခေါ်မှ ထူးလေ၏။ ပညာရေးတွင် ပျင်းရိသူဖြစ်လင့်ကစား ဖိုးတေသည် အမြဲအဆင့်ကောင်း၏။ မိဘနှစ်ပါးကား ဂုဏ်ယူမဆုံးတည်း။ ဆရာတော်သည် ကျောင်းအားရက်များတွင် ဖိုးတေအား ခေါ်ကာ မင်္ဂလသုတ်၊ ပဋ္ဌာန်း (၂၄) ပစ္စည်း အစရှိသည်တို့သင်ပေးကာ ပရိတ်သတ် ရှေ့မှောက်၌ ရွတ်ဆိုခိုင်း၏။ ဖိုးတေက အထစ်အငေါ့မရှိရွတ်ပြသော် ဆရာတော်ကား တပြုံးပြုံးနေလေ၏။ မူလတန်းအောင်သော် တစ်ရွာကျော်ရှိ တွဲဖက်အထက်တန်းကျောင်းသို့ သွားတက်ရ၏။ ခရီးဝေးသည်ဆိုကာ အဖေက စက်ဘီးတစ်စင်းဝယ်ပေး၏။ မောင်ဗမာဟူသတည်း။ စက်ဘီးကား မြင့်သည့်အပြင် ဘားတန်းလည်းပါသေး၏။ ရွာတွင် စက်ဘီးရှိသူဟူ၍ ရွာကျောင်းအုပ်၊ ဆေးမှူးနှင့် ဖိုးတေသာ ဖြစ်၏။ စက်ဘီးစီးကား သင်ပေးစရာမလို။ မနက်ကတည်းက စက်ဘီးဆွဲဲထွက်သွားရာ ညနေစောင်းတွင် မဏိကွမ်းစားလျက် စက်ဘီးဘေးထိုးစီးကာ ပြန်​ေရာက်လာလေ၏။ အာဂဖိုးတေတည်း။ ရှစ်တန်းရောက်သော် ရွာ၌ ပထမဆုံး ထော်လာဂျီမောင်းတတ်သူကား ဖိုးတေသာဖြစ်ပေ၏။ ကျောင်းအားရက်တွင် ထော်လာဂျီကို ရွာနီးချုပ်စပ် ပတ်မောင်းကာ ရှိသမျ အပျို မကျန်အောင် ပတ်၍ လူပျိုလှည့်လေ၏။ မိဘနှစ်ပါးကား ထော်လာဂျီစာမိသွားသော ဆိတ်ပိုင်ရှင်များအား လျော်ကြေးပေးရသည်တဖုံ၊ စာပေးခံရသော သမီးရှင်များကို တောင်းပန်ရသည် တစ်မျိုးနှင့် ဖိုးတေဆိုးသမျ မရိုးရအောင် ခံကြရလေ၏။ ဖိုးတေသည် ဆိုးသော်လည်း မိုက်သည့်ထဲမပါ။ ဆရာတော်တစ်ချက်ငေါက်လျှင် အပိုးကျိုးလေ၏။ ကွယ်ရာတွင်ကား ခွေးမြီးကောက် ကျည်တောက်စွပ်တည်း။

ဖိုးတေဆယ်တန်းအောင်သော် နှစ်ဘာသာဂုဏ်ထူးပါသဖြင့် ရွာတွင် ပေါက်ပေါက်မြောက်မြောက်ဖြစ်သူဟူ၍ တစ်ရွာလုံး ဂုဏ်ယူကြ၏။ အဆင့်မြင့်ပညာတို့ကို ဆည်းပူးရန် ရန်ကုန်ရွှေမြို့တော်သို့ရောက်၏။ မြို့သစ်ရှိ အသိဘုန်းကြီးကျောင်းတွင် ဝေယျာဝိစ္စလုပ်ရင်း အိုင်တီဟူသော ပညာတို့ကို ဆည်းပူး၏။ မိဘတို့ သားငယ်အကြောင်းကြားရသော် ဝမ်းသာမဆုံးတည်း။ ကွန်ပျူတာမသိ အင်တာနက်မသိသော်ငြား မိမိတို့ မသိသည့် အံ့ဘွယ်ဘနန်း ပညာတို့ကို ဆည်းပူးနေသည်ဟူ၍ ဂုဏ်ယူမဆုံး ဖြစ်ကြ၏။ ဘကြီးဘုန်းကြီးကား အာဂလူဟု ချီးကျူးလေ၏။ နှစ်အတန်ကြာသော် အိုင်တီပညာရပ်တို့ကို ဟိုစပ်စပ် သည်စပ်စပ် တတ်မြောက်လာ၍ နိုင်ငံခြားအလုပ်သွားလုပ်ချင်ပါသည်ဟု မိဘတို့ထံပူဆာ၏။ မိဘတို့မှာ တစ်ဦးတည်းသော သားငယ်အား ရပ်ဝေးပြည်ခြားသို့ မလွှတ်ချင်သော်ငြား ဘုန်းဘုန်းက အားပေးသဖြင့် ရှိသည့် လယ်အချို့ကို ပေါင်နှံရောင်းချကာ အေးဂျင့်တည်းဟူသော သူတို့မှတဆင့် အရောက်ပို့လိုက်ကြလေသည်။

မလေးရှားတွင် တစ်နှစ်ခန့်ကြာသော် စင်္ကာပူ ကူးချင်ပါသည် ဖြစ်လာ၏။ သူ့အပေါင်းအသင်းရောင်းရင်းတို့ စင်္ကာပူတွင် ကောင်းစားနေသည့်သတင်းကြားလျင် မလေးတွင် သည်မောင် မနေနိုင်တော့ပြီ။ တစ်နှစ်စာ လုပ်ထားသည့်အထုပ်ပိုက်ကာ စင်္ကာပူသို့ ခုန်ကူးလေ၏။ စင်္ကပူတွင် စီးပွားပျက်ကပ်နှင့် တိုးသဖြင့် အလုပ်ရှာမရ။ သူ့အသိတို့ အလုပ်မရ၍ တဖြုတ်ဖြုတ်ပြန်ကြသည်ကို တွေ့လျင် စိတ်ဓာတ်ကျလာ၏။ တစ်လရှာလည်း အလုပ်မရ နှစ်လရှာလည်း အလုပ်မရနှင့် နောက်ဆုံး မလေးရှားပြန် စတေးရှောင်ခါနီးတွင်မှ အဲယားကွန်းလိုက်ပြင်သည့်ဆိုင်တွင် အလုပ်ရ၏။ ပျော်လိုက်သည်ဖြစ်ခြင်း။ ပဉ္စင်းထွက်စဉ်က ထိုမှမပျော်။

သားတော်မောင် အဆင်ပြေသည့်သတင်းကြားလျင် အမေလည်းပျော်၏၊ အဖေလည်းပျော်၏။ ဘဘုန်းဆိုလျင် တရားဟောလျင် နိုင်ငံခြားရောက် တူတော်မောင် တော်ကြောင်းကောင်းကြောင်း ထည့်ထည့်ဟောကာ ဟိမဝန္တာချီးမွမ်းခန်းဖွင့်ရသည်မှာ အမော။ မိဘတို့မှာ တစ်လတန်သည် နှစ်လတန်သည် မြို့တက်ကာ ဖိုးတေကြိုက်တတ်သည့် အစားအစာ အခြောက်အခြမ်းလေးများလည်း လူကြုံထည့်ပေးရသည်ကို ကရိကထ များသည်မထင်၊ ပီတိဖြာ၍သာ နေကြလေ၏။ ဖိုးတေမှာကား အလုပ်ရခါစက တစ်ကြိမ်၊ သီတင်းကျွတ်တွင်တစ်ကြိမ် နှစ်ကြိမ်မျသာ ငွေပို့ဖူးလေ၏။ လခလည်း နည်းလှသည် မဟုတ်ပါလော။

စင်္ကာပူတွင် တစ်နှစ်ခန့်ကြာသော် ဖိုးတေ အလုပ်ပြောင်းလေသည်။ ယခု ဖိုးတေ အဲယားကွန်းမပြင်တော့ပြီ။ နက်ဝပ်အင်ဂျင်နီယာ ဟူသော အမည်သစ်ဖြင့် ခေါင်းတမော့မော့ ရင်ကော့နိုင်ပြီဖြစ်၏။ အားလပ်ချိန်တို့တွင် အချိန်ပေးလေ့လာခဲ့သော အကျိုးကျေးဇူးတို့တည်း။ လစာလည်း များလာပြီဖြစ်၍ ဖိုးတေ လက်ယားလာလေသည်။ အိုင်ဖုန်းဟူသည်ကို စကိုင်သော်အပေါင်းအသင်းများကြားတွင် အင်မတန်ထင်ပေါ်၏။ နာမည်ကြီးအိုင်ဖုန်းကို မမြင်ဖူး မတွေ့ဖူးကြသည့်အလား ဝိုင်းဝန်းကြည့်ရှုကြ၏။ ယင်းကိုပင် ဖိုးတေ သဘောကျ၍ နေလေ၏။ အိုင်ဖုန်းဖိုးထွက်သော် နောက်မကျစေရ ဖုန်းအမြန် လဲ၍ ကိုင်ပြန်လေ၏။ အိုင်ပက်ထွက်သော် ထမင်းဖိုးချွေတာ၍ ဝယ်ကိုင်ပြန်လေ၏။ ကင်မရာ၊ မက်ဘုတ် စသည်တို့လည်း မလွတ်စေရ၊ အက်ပဲလ် ကန်နွန် အစရှိသည်တို့ကို ပေးဝေငှ၏။ ရသမျလခ စု၍ ဝယ်လေသည်။

မိဘတို့မှာ အသက်လည်းထောက်ပြီဖြစ်၍ ငယ်စဉ်ကလို ကောင်းစွာ မလုပ်ကိုင်နိုင်တော့ဘဲ မြေများကို သီးစားချကာ စားနေကြရလေသည်။ အဖေလည်း ဒူလာဒဏ်ဖိစီးသဖြင့် နာတာရှည်တပိုင်း ဖြစ်နေလရာ အမေသာ အစစအရာရာ စီမံနေရတော့သည်။ သို့သော် သူတို့သားတော်မောင်ကို အများက မကောင်းပြောလျင် မခံနိုင်ကြ။ ငွေနှစ်ကြိမ်ကန်တော့ထားသည်ကိုလည်း​ေကာင်း၊ တစ်ခုသောနွေတွင် ရွာအရောက်တစ်ပတ်ခန့်ပြန်လာသော နိုင်ငံခြားရောက် သားတော်မောင်ကောင်းကြောင်းကိုလည်းကောင်း မစားရဝခမန်း ပြောကြလေ၏။ စင်္ကာပူငွေစျေးက ကျနေတယ်မဟုတ်လား ဘယ်ပို့နိုင်မတုန်းဟု ရှာကြံ၍ ဆင်ခြေပေးကြလေ၏။

ဖိုးတေ ရည်းစားရသောနေ့တွင် ရင်တို့သည် ဒိန်းချပ် ဒိန်းချပ်နှင့် ခုန်၍နေ၏။ မိန်းကလေးကား ကျောင်းသူဖြစ်၏။ သူ့ကို အစ်ကိုတိုးဟု ခေါ်၏။ ပိုးကြေးပန်းကြေးတို့ဖြင့် ငွေပိုကုန်သည်ကို မနှမြော။ အများနည်းတူ သူလည်း လူရာဝင်ပြီဖြစ်လေ၏။ ဖိုး​ေတ သည်နှစ်အကုန်တွင် လခတိုး၏။ လခတိုးသည့် အထိမ်းအမှတ်နှင့် အိုင်ဖုန်းဖိုးအက်စ်ဝယ်၏။ အိုင်ပက်တူးဝယ်၏။ သူငယ်ချင်းများကို ဘီယာအဝတိုက်၏။ ရည်းစားနှင့်အတူ တစ်မြို့လုံးပတ်၍ စျေးဝယ်ထွက်ကြလေ၏။

ဖိုးတေသည် မကြာမီ အိုင်ပက်သရီးဝယ်မည်ဟု တွေးသည်။ ကင်မရာမှာ လန်းစ်ကောင်းကောင်းဝယ်တပ်မည်ဟု ကြံသည်။ ကွန်ပျူတာမှာ မန်မိုရီထပ်တိုးရမည်။ ဘကြီးဘုန်းကြီးပို့ထားသော စာသည် စားပွဲပေါ်က စာအုပ်ပုံကြားမှ တစ်ပိုင်းတန်းလန်းထွက်ကျနေ၏။ စာထဲတွင် ဘုန်းကြီးက “ဖိုးတေ လောကစည်းစိမ်တွေနောက် သိပ်မလိုက်နဲ့” ဟု ဆုံးမထား၏။ ဖိုးတေသည် မမိုက်၊ သို့သော် ဆိုး၏။

· · · ◊ ◊ ◊ · · ·

SOPA ဆိုတာ Stop Online Piracy Act ရဲ့ အတိုဖြစ်တယ်။ ဒီနေ့မှာ အဆုံးအဖြတ်ကျမှာ ဖြစ်တယ်။ အမေရိကန်က ရုပ်ရှင်၊ စာပေ၊ သီချင်း အနုပညာထုတ်လုပ်သူတွေရဲ့ လှုံ့ဆော်မှုနဲ့ ဥပဒေတစ်ရပ် ဖြစ်လာဖို့ ကြိုးပမ်းမှု ဖြစ်တယ်။ ခုမှမဟုတ် အရင်ကလည်း လွှတ်တော်မှာ တက်ပေမဲ့ ကန့်ကွက်သူများတာကြောင့် အတည်မဖြစ်ပါ။

ကမ္ဘာပေါ်က ဝဘ်ဆိုက်တော်တော်များများရဲ့ ဆာဗာတွေက အမေရိကန်မှာ ရှိတယ်။ SOPA သာ ဥပဒေအဖြစ် အသက်ဝင်သွားရင် အခုလက်ရှိ အွန်လိုင်းမှာ ပိုင်းရိတ် ရုပ်ရှင်ဆိုက်၊ ဖိုင်အပ်လုတ်၊ သီချင်းဆိုက်တွေကို ဟို့စတင်း ပရိုဗိုက်ဒါတွေ၊ ဒိုမိန်း မှတ်ပုံတင်သူတွေဆီကနေ (ယုတ်စွအဆုံး ISP ကနေ) တိုက်ရိုက် ဖျက်ချခိုင်း ရပ်ခိုင်းလို့ ရတယ်။ ပိုင်းရိတ်ရုပ်ရှင်တစ်ကားကို တွေ့ပြီဆိုပါစို့။ အခု လောလောဆယ်မှာက ရုပ်ရှင်ကုမ္ပဏီက အဲဒီရုပ်ရှင်တင်ထားတဲ့ဆိုက်ကို တောင်းဆိုရတယ်။ တောင်းဆိုတာကို မလိုက်လျောရင် တရားစွဲ၊ တရားရုံးက အပြစ်ရှိကြောင်း သံသယ ဖြစ်ပြီး ဒီရုပ်ရှင်ကိုဖျက်စေ၊ သို့ ဒီဆိုက်ကို ရပ်စေ ဆိုမှ ပိတ်လို့ရတယ်။ အခုဥပဒေသာ အသက်ဝင်သွားရင် ဆိုက်ပိုင်ရှင်ကို အသာခေါက်ထားပြီး ဟို့စတင်းပရိုဗိုက်ဒါဆီမှာ ဒီဆိုက်ကို တန်းပိတ်ခိုင်းလို့ ရတယ်။ ဒီဥပဒေသာ ပေါ်ပေါက်လာရင် မူလ အနုပညာ ထုတ်လုပ်သူတွေကို အင်မတန် အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ်။ တစ်နှစ်တစ်နှစ် ပိုင်းရိတ်ကနေ ဆုံးရှုံးနေတာ ၁၀၀ ဘီလျံဖိုးလောက် ရှိတယ်ဆိုတယ်။ ဟုတ်တော့လည်း ဟုတ်မယ်။ အွန်လိုင်း ရုပ်ရှင်၊ စာအုပ်၊ ဆော့ဝဲ၊ မန်းဂ တွေကို မြန်မာတစ်ပြည်ထဲတင် ခိုးစားနေတာ မနည်းလှဘူး။ လူဦးရေ ဘီလျံချီတဲ့ တရုတ်နဲ့ အိန္ဒိယမှာလည်း ခိုးကူးတွေ အများဆုံး သုံးကြတယ်ဆိုတယ်။

မကောင်းတာက အများကို ဝန်ဆောင်မှု ပေးနေတဲ့ ဆိုက်တွေနဲ့ အခမဲ့ လွတ်လပ် သတင်းရင်းမြစ် ဆိုက်တွေအတွက်ပါ။ Youtube က အကောင့်တစ်ခုမှာ ခိုးကူးသီချင်းတစ်ပုဒ် တင်ထားပြီဆိုပါစို့။ Youtube ဒိုမိန်းကြီး တစ်ခုလုံးကို ချက်ချင်း ရပ်ခိုင်းလို့ရတယ်။ Facebook မှာ ပိုင်းရိတ်သီချင်းတွေ ရုပ်ရှင်တွေ တင်ထားရင် Facebook.com ကြီး တစ်ခုလုံးကို ချက်ချင်း ပိတ်ခိုင်းလို့ ရတယ်။ အပြစ်ရှိကြောင်း ထင်ရှားမှသာ ပိတ်ရမှာ မဟုတ်ဘဲ သံသယ ဖြစ်ရုံနဲ့တင် ပိတ်ခိုင်းလို့ ရတဲ့အတွက် တော်တော် ပြင်းထန်တဲ့ ဥပဒေလို့ ပြောနိုင်ပါတယ်။ အမှန်ပြောရရင် ကုမ္ပဏီကြီးတွေမှာ အင်အားကြီးမားတဲ့ ရှေ့နေအဖွဲ့တွေနဲ့ နောက်ကလိုက်နိုင်တဲ့ငွေအင်အား ရှိတာကြောင့် ဒီလိုအမှုဖြစ်ရင် သိပ်မှုစရာ မရှိပေမဲ့ အခုမှထောင်တဲ့ လုပ်ငန်းပေါက်စတွေဆိုရင်တော့ ဘဝပျက်ပါပြီ။

အဆိုးဆုံးကတော့ ဝီကီပီးဒီးယားလို အများက ဝိုင်းပံ့ပိုးနေတဲ့ ဆိုက်တွေပါပဲ။ ဒီလိုဆိုက်တွေဟာ ခိုးကူးဆန့်ကျင်တယ်၊ အခမဲ့ လွတ်လပ်ရင်းမြစ်တွေသာ သုံးစွဲတယ်ဆိုပေမဲ့ ဘယ်သူမဆို တည်းဖြတ်လို့ရနေတဲ့အတွက် ခိုးကူးမကင်းတဲ့ အကြောင်းအရာတွေလည်း ရောပါနေပါတယ်။ မပါဘူး မရှိဘူး ဆိုရင်တောင် တစ်ယောက်ယောက်က ရုတ်ချည်းပဲ ကောက်တင်ပြီး ဝီကီပီးဒီးယားကို ချက်ချင်းပိတ်ခိုင်းလိုက်လို့ ရပါတယ်။ ဒါကြောင့် ဝီကီသမား အများစုကြီးက ဒီဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပါတယ်။ ဝီကီတည်ထောင်သူရဲ့ စာမျက်နှာမှာ ဝီကီစာမျက်နှာအကုန်လုံးကို ဗလာ လုပ်ပစ်ပြီး ဆန္ဒပြဖို့ တောင် ကြံရွယ်တယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာ အင်မတန်ကောင်းတာမို့ ဒီဆောင်းပါးကို ချက်ချင်းပဲ ကောက်ရေးဖြစ်ပါတယ်။ အတည်သာဖြစ်သွားရင် အင်တာနက်ကြီး အရင်နဲ့ မတူတော့မှာတော့ သေချာပါတယ်။ အနည်းဆုံးတော့ လူတော်တော်များများ ခိုးကူးပစ္စည်းဆိုတာကို ပိုသတိပြုမိလာကြမယ်၊ အမေရိကန်လုပ်ငန်းရှင်တွေ ပိုမြတ်လာကြမယ်လို့တော့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ခိုးကူး ပပျောက်ဖို့တော့ မဖြစ်နိုင်သေးလောက်ပါဘူး။ မသကာ အင်တာနက်လွတ်လပ်ခွင့်ပိုရှိတဲ့ တခြားနိုင်ငံတွေ (ဥပမာ နယ်သာလန်) ကို ရွှေ့သွားမယ် ထင်တာပါပဲ။ ဒီဥပဒေ ဒီနှစ် အတည်မဖြစ်လည်း နောက်နှစ်အနည်းငယ်အတွင် လွှတ်တော်မှာ ပြန်တက်လာမှာ ပါပဲ။ အခုမဟုတ်တောင် တစ်ချိန်ချိန်မှာ အတည်ဖြစ်လာနိုင်တဲ့ ကိစ္စမို့ ဒီနေ့ ဒီသတင်းကို နားစွင့်နေပါတယ်။

# Updated
SOPA 2.0 will be revised on Tuesday.
# Updated
The hearing will continue into Friday and maybe longer.

Tags: , , , , , ,

· · · ◊ ◊ ◊ · · ·

အွန်လိုင်းလောကမှာ n00b ဆိုတဲ့ အသုံးရှိပါတယ်။ Newbie – လူသစ်လေး လို့ ခေါ်တဲ့အသုံးပါ။ အင်တာနက်သုံးခါစမှာ အထာမနပ်လို့ မသုံးတတ်လို့ ဟိုလူ့မေး ဒီလူ့မေးနဲ့ စပ်စုစိန် လုပ်ခဲ့ရတာတော့ လူတိုင်းမှာ အနည်းနဲ့ အများ ရှိကြမှာပါ။ အွန်လိုင်းမှာ နှံ့စပ်ပြီးသားလူတောင်မှ ဖိုရမ်အသစ်တစ်ခု ကွန်မျူနတီအသစ်တစ်ခုကို ရောက်သွားလို့ရှိရင် n00b ပြန်ဖြစ်သွားတတ်တာ ထုံးစံပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီစာကို အွန်လိုင်းဝင်ခါစလူတွေ နှပ်ချခံရခြင်း နည်းပါးစေဖို့ ရည်ရွယ်ရေးပါတယ်။

၁။ အီးမေး လုံခြုံရေး

ဒီနေ့ခေတ်မှာ အီးမေးဟာ လူတစ်ယောက်ရဲ့ သင်္ကေတ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဂျီမေးအသုံးများတဲ့နေရာမှာ အီးမေးရဲ့ ကဏ္ဍဟာ ပိုလို့တောင် အရေးပါပါသေးတယ်။ ဂျီမေးတစ်ခုရှိတာနဲ့ ဂျီတော့ဂူးဂဲပလပ်ဂူးဂဲစာရွက်စာတမ်းပီကာဆာ စတဲ့ ဝန်ဆောင်မှုအများအပြားကို ဒီအကောင့်တစ်ခုတည်းနဲ့ သုံးနိုင်ပါတယ်။ ဂူးဂဲအကောင့် အများအပြားလုပ်ထားတယ်ဆိုဦးတော့။ အဓိကသုံးတဲ့ အကောင့်တစ်ခုတော့ ရှိကြမှာပါ။

ဂူးဂဲအကောင့်ရဲ့ ဆာဗာဘက်ပိုင်း လုံခြုံရေးဟာ အင်မတန် မြင့်ပါတယ်။ အမေရိကန်က တချို့အစိုးရပိုင်းဌာနတွေတောင် (ဥပမာ LA ရဲဌာနချုပ်နှင့် ဌာနခွဲများ) ဂူးဂဲရဲ့ ဝန်ဆောင်မှုတွေကို သုံးနေကြပါတယ်။ ဒါပေမဲ့ အသုံးပြုသူတွေရဲ့ အီးမေးတွေ ဟက်ခံရတယ်၊ ပေါက်ကြားကုန်တယ်ဆိုတာ မကြာခဏ ကြားနေရပါတယ်။ ဘာကြောင့်လဲ။

(က) စိတ်မချရသော ကွန်ပျူတာမှ သုံးခြင်း
တချို့ အများသုံးကွန်ပျူတာတွေမှာ ကြံရွယ်ချက်ရှိရှိနဲ့ ကီးလော့ဂါတွေ ထည့်ထားတတ်ပါတယ်။ ကီးလော့ဂါဆိုတာ မိမိရိုက်ထည့်လိုက်တဲ့ ခလုတ်တိုင်းကို မှတ်တမ်းတင်ထားတာပါပဲ။ အဲဒါကြောင့် မိမိရဲ့ အကောင့်နဲ့ စကားဝှက်ကို အလွယ်ပဲ ရသွားနိုင်ပါတယ်။

ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့

  • စိတ်ချရတဲ့ နာမည်ရှိတဲ့ အင်တာနက်ဆိုင်တွေမှာ သုံးပါ။
  • Onscreen Keyboard ကိုသုံးပြီး စကားဝှက်ကို ရိုက်ထည့်ပါ။
  • ဒီထက်ပိုပြီး စိတ်ချချင်သေးရင် မိမိရဲ့ စကားဝှက်အပြင် ကြားထဲမှာ ကျပန်းအပိုအက္ခရာ သုံးလေးလုံးလောက် ထည့်ရိုက်လိုက်ပြီး နောက်မှ ဒလိကီး ဘက်စပေ့ စတာတွေသုံးပြီး ပြန်ဖျက်ပါ။

(ခ) Remember Password
Remember Password ဆိုတာ အင်တာနက် ဘရောက်ဆာတွေမှာပါတဲ့ Feature တစ်ခုပါ။ စိတ်ချရတဲ့ အိမ်က ကွန်ပျူတာမှာ မိမိရဲ့ စကားဝှက်ကို မှတ်မိတာ ပြဿနာမရှိပေမဲ့ အများသုံးကွန်ပျူတာတစ်လုံးမှာ ချန်ခဲ့မယ်ဆိုရင်တော့ မိမိရဲ့ စကားဝှက်ကို သူတပါးက အလွယ်ပဲ ယူသုံးနိုင်ပါပြီ။ ဒါ​ေကြာင့် “အများသုံး ကွန်ပျူတာတစ်လုံးက ဘရောက်ဆာမှာ စကားဝှက်ကို Save လုပ်ခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ မိမိရဲ့ ကွန်ပျူတာမှာပါ အဲဒီ feature ကို ပိတ်ထားနိုင်ပါတယ်။

(ဂ) အကောင့် ပိတ်ပစ်လိုက်မယ်
တစ်ခါခါ မိမိရဲ့ အကောင့်ထဲကို Google Team က ပို့တယ်ဆိုတဲ့ စာတွေ ရောက်လာတတ်ပါတယ်။ သင့်အကောင့်ကို မကြာမီ Deactivate လုပ်တော့မှာမို့ မလုပ်စေချင်ရင် အောက်က Form ကို ဖြည့်ပြီး ပြန်ပို့ပေးပါဆိုပြီး အီးမေးမျိုးတွေပါ။ Form ထဲမှာ အမည်၊ မွေးနေ့၊ နေထိုင်ရာ တိုင်းပြည်၊​ မြို့ စတာတွေနဲ့အတူ အီးမေးလိပ်စာ၊ စကားဝှက် တို့အတွက် ဖြည့်ခိုင်းထားပါတယ်။ အဲဒါတွေကို ဖြည့်ပြီးပို့လိုက်လို့ကတော့ မိမိအကောင့်ကို သူတို့ရသွားပါပြီ။ သူတို့ဆိုတာကတော့ အွန်လိုင်းမှာ လိမ်လည်နေတဲ့ လူတွေပါ။ နာရီပိုင်းအတွင်းမှာ အကောင့်ရဲ့ စကားဝှက်ကို ပြောင်းပြီး မိမိရဲ့ အီးမေးထဲက အဆက်အသွယ်တွေကို မိမိအနေနဲ့ ငွေတောင်းတဲ့စာတွေ ပို့ပါတော့တယ်။ ဥပမာအားဖြင့် မိမိဟာ ဂရိကို မမျှော်လင့်ဘဲ ထွက်သွားပြီး အလုခံရလို့ ဒုက္ခရောက်နေတဲ့ အကြောင်း၊ လတ်တလော ငွေလိုနေလို့ အောက်ပါလိပ်စာကို ငွေအမြန်ပို့ပေးပါဆိုတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ မိမိရဲ့ မိသားစု၊ သူငယ်ချင်းတွေက တကယ်မှတ်လို့ ခြစ်ခြုတ်ပို့လိုက်ရင် အဲဒီငွေ ဆုံးပြီသာ မှတ်ပါတော့။ မဖြစ်နိုင်ဘူး မထင်ပါနဲ့။ အသိထဲမှာ အဲဒါမျိုး အခိုးခံရတာ နှစ်ယောက်ရှိပါပြီ။ တစ်ယောက်က မနေ့ကမှ ဖြစ်တာပါ။

ကာကွယ်နည်းကတော့ ရှင်းပါတယ်။ “မိမိရဲ့ စကားဝှက်ကို Google Team မကလို့ ဘယ်သူတောင်းတောင်း မပေးပါနဲ့”။ အများကို ဝန်ဆောင်မှုပေးနေတဲ့ ဘယ်အဖွဲ့အစည်းမှ စကားဝှက်တောင်းတဲ့ အလုပ်မျိုး မလုပ်ပါ။ အဲလိုအီးမေးမျိုးရဲ့ အီးမေးလိပ်စာကလည်း အလွယ်တကူ ဖန်တီးထားတဲ့ အီးမေးအတုတွေ ဖြစ်ပါတယ်။

ကဲ အီးမေး အခိုးခံလိုက်ရပြီ ဆိုပါတော့။ ဘာလုပ်မလဲ။ ပထမဆုံး မိမိရဲ့ အီးမေးကို Recover လုပ်ဖို့ (ပြန်ရဖို့) ကြိုးစားပါ။ ဒီအီးမေးကို Secondary အီးမေး (နောက်အီးမေးတစ်ခု) နဲ့ Confirm လုပ်ထားတာရှိရင်၊ ဒါမှမဟုတ် ဖုန်းနံပါတ်နဲ့ Confirm လုပ်ထားတာ ရှိရင် အဲဒါတွေနဲ့ ပြန်ရအောင်ကြိုးစားပါ။ အဲလိုမှ မရှိဘူး၊ မရတော့ဘူးဆိုရင် အီးမေးဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းကို (ဥပမာ Google Support) ကို တရားဝင် အကြောင်းကြားပါ။ မိမိရဲ့ Contact အဆက်အသွယ်တွေကို အီးမေးအခိုးခံလိုက်ရကြောင်း ချက်ချင်းအသိပေးပါ။ အခိုးခံလိုက်ရကြောင်း ချက်ချင်းသိလိုက်ပြီး တစ်ဖက်လူက စကားဝှက် မပြောင်းရသေးရင် အမြန်ဝင်ပြီး ပြောင်းလိုက်ပါ။

၂။ ဖိုးကံကောင်း

“သင့်နာမည်နှင့် ဘဏ်ထဲတွင် ဒေါ်လာရှစ်သိန်းရောက်နေသည်။ အမြန်ဆက်သွယ် ထုတ်ယူပါ။” အဲလိုစာမျိုး အီးမေးအင်ဘောက်ထဲမှာ ပထမဆုံးအကြိမ် ရုတ်တရက်တွေ့လိုက်လို့ကတော့ ရင်ထဲမှာ ဒိန်းချပ်ဒိန်းချပ်နဲ့ ခုန်မသွားဘူးလား။ သူပေးထားတဲ့ ကွက်လပ်တွေကို ဖြည့်ပြီး စာပြန်လိုက်ပြီဆိုရင် ငွေလွှဲဖို့ ဘဏ်လုပ်ငန်း အဆင့်ဆင့်အတွက် မပြောပလောက်တဲ့ ကျသင့်ငွေကို မိမိဘက်က ကုန်ကျပေးဖို့ စာပြန်လာပါလိမ့်မယ်။ ဒေါလာ လေးငါးရာဆိုတာ ဒေါ်လာ ရှစ်သိန်းနဲ့စာရင် မုန့်ဖိုးလောက်ပဲ ရှိတာဆိုတော့ မရှိရှိတာလေးစုဆောင်းပြီး ပို့လိုက်မိခဲ့ရင် မိမိဟာ လွန်ခဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရိုးတာနေပြီဖြစ်တဲ့ ရိုးရာလိမ်နည်းကြီးနဲ့ အလိမ်ခံလိုက်ရပါပြီ။

အဲဒီနည်းနဲ့ ခပ်ဆင်ဆင်တူတဲ့ တခြားလိမ်နည်းတွေကတော့ ထီပေါက်တယ်၊ မဲပေါက်တယ် စတာတွေပါ။ ကာကွယ်နည်းကတော့ ရှင်းပါတယ်။ သင်ငွေအများကြီးရမယ်၊ ဒါပေမဲ့ အဲဒီငွေအများကြီးအတွက် သူတို့ကို ငွေနည်းနည်းပေးရမယ်ဆိုရင် လိမ်နေတာ သိလိုက်ပါတော့။ လောကကြီးမှာ အလကားရတဲ့ငွေဆိုတာ မရှိဘူးလို့ စိတ်ထဲမှာ မြဲမြဲမှတ်ထားလိုက်ပါ။

တစ်နေ့ကတောင် အီးမေးထဲမှာ အမေရိကန် ဒီဗွီပေါက်တယ်။ ငွေရှစ်ရာလွှဲပါဆိုပြီး စာရောက်လာပါတယ်။ အဲဒါမျိုးစာကို ပရင့်ထုတ်ပြီး စီးတီးဟောမှာ လိုက်မေးနေတဲ့ အန်ကယ်ကြီးတစ်ယောက်ကိုလည်း အတုဖြစ်ကြောင်း ပြောပြခဲ့ဖူးပါတယ်။

ကိုယ့်ဆီလာတဲ့ အီးမေးကို ကြည့်ပြီး အဲဒီစာပို့တဲ့ အဖွဲ့အစည်းဟာ အတုလား အစစ်လား အလွယ်မှန်းလို့ရပါတယ်။ အလကားရတဲ့ အီးမေးဝန်ဆောင်မှုတွေသုံးထားမယ် (ဥပမာ citibank ကလာတယ်ဆိုတဲ့ အီးမေးမှာ @citibank မပါဘဲ @Gmail, @Yahoo mail)၊ အီမေးလိပ်စာက သပ်သပ်ရပ်ရပ်မရှိဘဲ ဗျောက်သောက်ဖြစ်နေမယ် (ဥပမာ facyx2033@gmail.com) ဆိုရင် ဒါ လူလိမ်ပါ။ DV ပေါက်လို့ အမေရိကန်အစိုးရဆီကလာတယ်ဆိုတဲ့ အီးမေးလိပ်စာမှာ .gov ဆိုတာ နောက်ဆုံးက မပါရင် လူလိမ်ပါ။ နောက်ဆုံး အတိုမှတ်ရရင် “ငွေတောင်းရင် လူလိမ်ပါ“။

၃။ ချစ်တော့ချစ်တယ် ငွေလိုတယ်

နောက်ပိုင်းတွေ့လာတဲ့ လိမ်နည်းကတော့ Social Network တွေ ကွန်မျူနတီတွေမှာ အကောင့်လုပ်ပြီး မိန်းကလေးတွေကို မိတ်ဆွေလိုက်ဖွဲ့ (အမျိုးသမီးဆိုရင် ယောကျ်ားလေးတွေကို မိတ်ဆွေလိုက်ဖွဲ့ပြီး) အချိန်တိုအတွင်းမှာ လက်ထပ်ခွင့် တောင်းတာပါ။ သူတို့ ပရိုဖိုင်ကို ကြည့်လိုက်ရင် UK US မှာနေပြီး ဆရာဝန်၊ အင်ဂျင်နီယာစတဲ့ အလုပ်တွေ လုပ်နေသူ ခန့်ချောပုံတွေ ယူသုံးထားကြပါတယ်။ ပိုပြီး ယုတ္တိရှိအောင် ဖေ့စ်ဘုတ်လိုမျိုးမှာတောင် အကောင့်တွေ ဖန်တီးထားတတ်ပါသေးတယ်။ မိတ်ဆွေဖြစ်လို့ ဖုန်းတွေဘာတွေနဲ့ စကားပြောဖြစ်သွားပြီ၊ အဖြူကို အထင်ကြီးပြီး ကျ သွားပြီဆိုရင်တော့ သူတို့က လက်ထပ်ခွင့်တောင်းပါပြီ။ ယောင်မှားပြီး လက်ခံလိုက်မိပြီဆိုရင် ကိုယ်ကို တွေ့ချင်လို့ လာခဲ့မယ်ဖြစ်ကြောင်း ငွေအနည်းငယ် အရေးပေါ်လိုကြောင်း၊ သို့မဟုတ် တစ်နေရာမှာ ဒုက္ခရောက်နေလို့ ငွေအရေးပေါ်လိုနေကြောင်း ပြောပြီး ကိုယ့်ဆီက ငွေတောင်းပါတော့မယ်။ လက်တောင်ထပ်တော့မှာဆိုတော့ ကိုယ်က ငွေပို့လိုက်တာနဲ့ အဆိုပါ ငနဲသား စုပ်စမြုပ်စမကျန်အောင် ပျောက်သွားပြီ မှတ်ပါတော့။ မဖြစ်နိုင်ဘူး မထင်ပါနဲ့။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတောင် မလေးရှားက ဆရာဝန်မ အပျိုကြီးကို အဲလို လိမ်သွားတာ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က Myanmar Network မှာတောင် အဲလိုအကောင့်မျိုးတစ်ခု အမှတ်မထင်တွေ့လိုက်ပါသေးတယ်။ ကာကွယ်နည်းကတော့ အပေါ်က အတိုင်းပါပဲ။ “ငွေတောင်းရင် လူလိမ်ပါ“။

၄။ မမှတ်နိုင်ဘူး

အွန်လိုင်းမှာ အီးမေးအကောင့်၊ ဖေ့စ်ဘုတ်အကောင့်၊ ဟိုအကောင့် ဒီအကောင့် မှတ်ရတာ အလုပ်ရှုပ်လွန်းလို့ အားလုံးကို စကားဝှက်တစ်မျိုးတည်းနဲ့ သုံးတတ်ကြပါတယ်။ အဲဒါ အင်မတန် အန္တရာယ်ကြီးပါတယ်။ ဆိုက်တစ်ခုမှာ စကားဝှက်ကို တစ်ယောက်ယောက်က ခိုးသွားပြီဆိုရင် သူက အဲဒီစကားဝှက်နဲ့ ကိုယ့်ရဲ့ အီးမေး အပါအဝင် အခြားအကောင့်တွေကို ဝင်ကြည့်ပါတော့မယ်။ စကားဝှက်အားလုံးက အတူတူဆိုရင် အကောင့်အားလုံး ပါသွားပြီသာ မှတ်ပါတော့။

  • ဒီတော့ အကောင့်တစ်ခုစီအတွက် စကားဝှက် တစ်မျိုးသုံးပါ။
  • စကားဝှက်ကို ရှည်ရှည်ပေးပါ။
  • စာလုံးအကြီးအသေး၊ ဂဏန်းနဲ့ သင်္ကေတတွေ ရောပေးပါ။
  • ဖြစ်နိုင်ရင် စကားဝှက်ကို တစ်လတစ်ကြိမ်ပြောင်းပါ။

အကောင့်တွေမှာ အီးမေးက တစ်ဆင့် စကားဝှက် Reset အသစ်ပြန်လုပ်တဲ့ Feature ပါတဲ့အတွက် အီးမေးဆုံးရှုံးသွားရင် တခြားအကောင့်တွေမှာ မိမိရဲ့ အီးမေးလိပ်စာကို အသစ်ပြန်ပြောင်းပေးပါ။

၅။ ရှဲလိုက်မယ်

Email တွေ ဖော်ဝတ်လုပ်ရုံနဲ့ ကွန်ပျူတာ အလကားပေးမယ်လို့ သင်နည်းနည်းဖြစ်ဖြစ် ယုံနေရင်တော့ ကိုယ့်ခေါင်းသာ ကိုယ်တူနဲ့ ထုလိုက်ပါတော့။ ဒီလို Email မျိုးကို Hoax လို့ ခေါ်တယ်။ လူတွေကို မဟုတ်တာကို အဟုတ်ထင်စေတာမျိုး၊ ထင်ရုံနဲ့ မပြီးဘဲ လိုက်ပြီး Forward လုပ်ခိုင်းတဲ့ အီးမေးမျိုး။ တစ်ခုခုကိုအလကားရမယ်၊ ဒီမေးကို forward လုပ်ပေးပါ။ ဒီဗိုင်းရပ်စ်ဟာ အလွန်ပြင်းထန်တယ်၊ ကွန်ပျူတာတစ်ခုလုံး ပေါက်ကွဲသွားမယ်၊ လူတိုင်းကို အသိပေးပါ စသဖြင့် လာရင်တော့ ဒါတွေဟာ Hoax ရဲ့ သွင်ပြင်တွေပါပဲ။ အဲဒါမျိုးကို ကိုယ့်အသိတစ်ယောက်က ဖြန့်တယ်၊ ကိုယ်ကလည်း Hoax မှန်းသိနေတယ်ဆိုရင် တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ သူငယ်ချင်းတစ်ယောက် ဝမ်းသာအားရနဲ့ အဲလို လိုက်ဖြန့်နေတာကို Hoax ဖြစ်ကြောင်း သွားထောက်လို့ စိတ်ကောက်သွားပြီး ခပ်တန်းတန်းတောင် ဖြစ်သွားဖူးပါတယ်။

တကယ်လို့ Email တစ်စောင်ဟာ Hoax လို့ သံသယရှိရင် Google မှာ ရိုက်ထည့်ပြီး ရှာဖွေ စစ်ဆေးကြည့်ပါ။ Hoax မှန်ရင် အလွယ်တကူ တွေ့ပါလိမ့်မယ်။ Hoax ရဲ့သားကောင် အဖြစ်မခံပါနဲ့။ တချို့တွေဆို စေတနာ ဗရပွနဲ့ မြန်မာလိုပါ အကျအန ပြန်ပေးလိုက်ကြပါသေးတယ်။ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သတင်းအလွဲပေးခြင်းဟာ ဝေဒနာပေးခြင်းပါပဲ။ များသောအားဖြင့် ကိုယ်ရလာတဲ့ Hoax တွေဟာ အွန်လိုင်းမှာ ပြန့်နေပြီးသားဖြစ်တတ်တာမို့ Hoax တွေကို စာရင်းပြုစုထားတဲ့ ဆိုက်တွေမှာ သွားရောက် စစ်ဆေးနိုင်ပါတယ်။

#This post is dedicated to two of my friends who recently lost their gmail accounts from email scams.

Read more:

 

Tags: , , , ,

· · · ◊ ◊ ◊ · · ·

This project is to promote Myanmar by means of freely and openly accessible photos and videos. You may upload the media files according to below agreements. And only contribute the photos you can let go.

  1. The uploaded media files (digital photos and videos) are your own and do not violate any copyright issue. In other words, you shot them yourself.
  2. You made no photo manipulation except minimum color, exposure, brightness and contrast adjustments.
  3. You agree to apply Creative Commons Attribution 3.0 Unported (CC BY 3.0) to this media file. (You let other people the rights to remix and reshare your photos freely.)
  4. You agree not to add any visible watermark or trademark on the photo or video footage.
  5. The media file has to be related with Myanmar or shot inside Myanmar.

Uploading to Wikimedia Commons

  1. Go to Wikimedia Commons uploading wizard. If you still do not have an account there, I recommend to create an account though it is not mandatory in uploading a file.
  2. Read carefully and click “next” on “Learn” page.
  3. Click “Select media file to donate” in “Upload” page. Select the photo and click “upload“.
  4. After uploading, click “Continue” to go to “Release rights” page.
  5. (a) Choose “This file is my own work” if you are uploading your own photo. (b) Choose “This file is not my own work” If you are uploading on behalf of other people. Fill the source link (if there is any) and author’s name. Click “The copyright holder published this work with the right Creative Commons license” and choose “Creative Commons Attribution ShareAlike 3.0“. Click “Next“.
  6. In “Describe” page, add the title and description properly since it helps in searching the photo with certain keywords. Add “{{Openmyanmar}}” in “Other information” to add OpenMyanmar logo and project description. Click “Next” and uploading process is finished.

After these steps, the image is uploaded and can easily be used in any of Wikimedia project. You images have higher chances to be used in international media and news agencies. And the best part is that you still get all the credits related with your photos.

# See the project home here and project page here.

# Facebook page here.

Tags: , , , , , ,

· · · ◊ ◊ ◊ · · ·

11-11-11

11 Nov 2011

Today is the day of many ones. 1111, Nov 11 had more ones than this. Tharlon which is Myanmar’s first OS is published today. Nothing special for me. I write this note just as a memoir. Happy many ones to you all.

Tags: , ,

· · · ◊ ◊ ◊ · · ·