Thursday 16th June 2011

by Lionslayer
Burmese Unaspirated and Aspirated Consonants, Burmese (Myanmar) Consonants (Characters, Letters)

Burmese Unaspirated and Aspirated Consonants

သံပျော့ သိထိလ အက္ခရာတွေက က, ဂ, င, စ, ဇ, ဉ , ဋ, ဍ, ဏ, တ, ဒ, န, ပ, ဗ, မ တို့ ဖြစ်ပြီး သူတို့ကို ဟ သံကပ်လိုက်ရင် ခ, ဃ, ဆ, ဈ, ဌ, ဎ, ထ, ဓ, ဖ, ဘ တို့ရတယ်။ သံတင်း ဓနိတ အက္ခရာတွေလို့ ခေါ်တယ်။ (သံပြင်း သံညင်း ဖြစ်တဲ့ ဃောသ အဃောသနှင့် မရောပါနှင့်)။ မြန်မာစာမှာ မှတ်သားစရာ တစ်ခုက သိထိလကို ဟ သံ ကပ်လိုက်ရင် (ဓနိတ သို့မဟုတ် ဟထိုး) ရတဲ့ အသံနဲ့ ကြိယာအများစုဟာ ပြုသူကြိယာ (Active Verb) တွေဖြစ်ပြီးတော့ သိထိလ မူရင်းသံကတော့ ဖြစ်သူကြိယာ (Passive Verb) တွေ ဖြစ်နေတတ်တယ်။ ဥပမာ ဖျက်ဆီး လို့ ပျက်စီးတယ်၊ ချိုးဖဲ့ လို့ ကျိုးပဲ့တယ် အစရှိတာတွေ ဖြစ်ပါတယ်။ သိထိလ အက္ခရာမဟုတ်တဲ့ ရကောက်နဲ့ လ အက္ခရာတွေမှာလည်း ဟထိုး ကပ်လိုက်ရင် Active ဖြစ်ပြီး မကပ်တာက Passive ဖြစ်ပါတယ်။ အမြဲပုံသေလားဆိုတော့လည်း မဟုတ်ပါ။ ဥပမာ ထိ နဲ့ တိ၊ ခင် နဲ့ ကင်၊ ချစ် နဲ့ ကျစ် ၊ လှုပ် နဲ့ လုပ် စတာတွေ ဖြစ်ပါတယ်။

ဒီလင့်ကတော့ သိထိလနဲ့ ဓနိတ ကြိယာအတွဲတွေ စုစည်းထားတာ ဖြစ်ပါတယ်။ ရှိသလောက်စုံပြီထင်ပါတယ်။ ပေါင်းစပ်ကြိယာတွေတော့ မပါပါ။ ဥပမာ ချိုးဖျက် ကျိုးပျက် အတွဲဆိုရင် ချိုး ကျိုး၊ ဖျက် ပျက် အတွဲတွေပဲ ထည့်ထားပါတယ်။ ဒီထဲ မပါသေးဘူးထင်တာတွေ မှတ်ချက် ဝင်ရေးသွားပေးပါ။

Tags: , , , , , , , , , , , , ,

· · · ◊ ◊ ◊ · · ·

3 Responses to “သိထိလ နှင့် ဓနိတ ကြိယာအတွဲများ”

  1. Lionslayer says:

    ချ ကျ
    ချက် ကျက်
    ချန် ကျန်
    ခြွင်း ကြွင်း
    ချွတ် ကျွတ်
    ချိုး ကျိုး
    ချုံ့ ကျုံ့
    ချဲ ကျဲ
    ခြွေ ကြွေ
    ​ခြေ ကြေ
    ခြောက် ကြောက်
    ခွာ ကွာ
    ခွဲ ကွဲ
    ငြှိမ်း ငြိမ်း
    ငှဲ့ ငဲ့
    ဆွတ် စွတ်
    ဆုတ် စုတ်
    ညွှတ် ညွတ်
    ညှပ် ညပ်
    နှစ် နစ်
    နှပ် နပ်
    နှောက် နောက်
    နှိမ့် နိမ့်
    နှဲ့ နဲ့
    ဖျက် ပျက်
    ဖျော့ ပျော့
    ဖျောက် ပျောက်
    ဖျော် ပျော်
    ဖြည် ပြည်
    ဖြည့် ပြည့်
    ဖြတ် ပြတ်
    ဖြန့် ပြန့်
    ဖြို ပြို
    ဖြုတ် ပြုတ်
    ဖြုန်း ပြုန်း
    ဖြေ ပြေ
    ဖြောင် ပြောင်
    ဖြဲ ပြဲ
    ဖွင့် ပွင့်
    ဖိ ပိ
    ဖုံး ပုန်း
    ဖော့ ပေါ့
    ဖောက် ပေါက်
    ဖော် ပေါ်
    ဖဲ့ ပဲ့
    မျှော မျော
    မြှိုက် မြိုက်
    မြှုပ် မြုပ်
    မြှောက် မြောက်
    ရွှေ့ ရွေ့
    လျှော့ လျော့
    လွှင့် လွင့်
    လွှတ် လွတ်
    လွှဲ လွဲ
    လှန် လန်
    လှန့် လန့်
    လှိမ့် လိမ့်
    လှဲ လဲ
    ဝှေ့ ဝေ့

  2. Ngwe Tun says:

    ထူးထူးခြာခြားနှင့် အဖြူရောင်ပါတဲ အက္ခရာတွေမှာ ဟထိုးထဲလို့ရတယ်၊ ဟထိုးပုံစံကို ဒီဇယားမှာ တွေ့နိုင်တယ်၊ မှတ်လို့ကောင်းတဲ့ မြန်မာစာ…

· · · ◊ ◊ ◊ · · ·

Leave a Reply to Ngwe Tun

*