Monday 28th February 2011

by Lionslayer
Wiki need_to_know Basics

Wiki Basics

၁။ my.Wikipedia.org ကိုသွားပါ။ မြန်မာဝီကီပီးဒီးယား ရဲ့ Home Page ဖြစ်ပါတယ်။
၂။ ညာဘက်အပေါ်ထောင့် “Log in ဝင်ရန်/ အကောင့် လုပ်ရန်” ကနေ ဝင်ပြီး Register လုပ်ပါ။ အကောင့်မလုပ်လည်း ရေးလို့ရပါတယ်။ ဝီကီက ကိုယ့်ရဲ့ အိုင်ပီကို မှတ်ထားပါလိမ့်မယ်။ အကောင့်လုပ်ရင် ကိုယ်ရေးခဲ့တာတွေ အမှတ်အသားရှိပြီး အလွယ်တကူ စီစဉ်ခန့်ခွဲနိုင်ပါလိမ့်မယ်။
၃။ အကောင့်လုပ်ပြီးလို့ရှိရင် မိမိရဲ့ ကိုယ်ပိုင်နစ်နာမည်နဲ့ စရေးလို့ရပါပြီ။ ညာဘက်အပေါ်က Search Box ထဲမှာ ကိုယ်ရေးချင်တဲ့ ဆောင်းပါးခေါင်းစဉ်ကို ရိုက်ထည့်ပါ။
၄။ ဆောင်းပါးရှိပြီးသားဆိုရင် တစ်ခါတည်း ဆောင်းပါးထဲ တန်းရောက်သွားပြီး “ပြင်ရန်” ကို နှိပ်တာနဲ့ ဆောင်းပါးကို တည်းဖြတ်နိုင်ပါပြီ။ မရှိသေးရင် “ဤဝီကီတွင် “​XXX” အမည်နှင့် စာမျက်နှာကို ဖန်တီးပါ။” ဆိုပြီး အနီရောင်လင့်နဲ့ ပေါ်လာပါလိမ့်မယ်။ အဲဒီလင့်ကို နှိပ်လိုက်ရင် ဆောင်းပါးရေးတဲ့ စာမျက်နှာကို ရောက်သွားပါပြီ။
၅။ ဆောင်းပါးထဲရောက်သွားရင် စရေးလို့ရပါပြီ။ ခေါင်းစဉ်ခွဲ၊ ဖောမတ်နဲ့ ပုံတွေထည့်ပုံထည့်နည်း အသေးစိတ်ကို ဒီမှာ ကြည့်ပါ။ ရေးပြီးသားတွေကို ဘယ်လိုမြင်ရမလဲသိဖို့ အောက်က ဒုတိယခလုပ်ဖြစ်တဲ့ “နမူနာကြည့်ရန်” (Preview) ကို နှိပ်ပါ။ ခဏခဏ ပြင်လိုက်သိမ်းလိုက်လုပ်တာကို ရှောင်ဖို့ ဖြစ်ပါတယ်။ စိတ်တိုင်းကျပြီဆိုရင် သိမ်းပါ။
၆။ ဆောင်းပါးတစ်ခုခုအပေါ် ပြောစရာရှိရင် သူ့ရဲ့ ဆွေးနွေးရန်လင့်ထဲမှာ ဝင်ရေးပါ။ ရေးပြီးသားစာနောက်မှာ ~~~~ (‘~’ သင်္ကေက လေးခု) ရိုက်ပေးထားရင် သိမ်းပြီးတဲ့အခါ ကိုယ့်လက်မှတ်နဲ့ ရေးတဲ့အချိန် ပေါ်လာပါလိမ်ြမယ်။ အထွေထွေ ဆွေးနွေးစရာနဲ့ အကြံပြုချက်တွေကို “လက်ဖက်ရည်ဆိုင်” မှာ ဝင်ပြောနိုင်ပါတယ်။
၇။ ဝီကီရေးနေကျလူတွေကတော့ “လတ်တလောအပြောင်းအလဲ” ကို အရင် ဝင်ကြည့်တာ များတယ်။ ဘယ်သူတွေ နောက်ဆုံး ဘာတွေပြင်သွားတယ်၊ ဘာတွေပြောသွားတယ်ဆိုတာ အလွယ်သိနိုင်ပါတယ်။

ဒါတွေကတော့ ဝီကီရေးသူတွေအတွက် သိထားသင့်တဲ့လင့်တွေပါ။
၁။ လတ်တလော အပြောင်းအလဲ
၂။ မိမိရဲ့ အသုံးပြုသူ စာမျက်နှာ (ဒီမှာ ကိုယ့်အကြောင်း ကိုယ်ရေးပါ။)
၃။ ဆောင်းပါးမာတိကာ
၄။ မသုံးတတ်သေးသူများ လက်တည့်စမ်းရန်နေရာ
၅။ တည်းဖြတ်ခြင်း အသေးစိတ်/အကျဉ်း
၆။ ဝီကီမဏ္ဍိုင်ငါးခု
၇။ တစ်ယောက်ယောက် ဝီကီမှာ ဘယ်လောက်ရေးခဲ့ပြီလဲဆိုတာ သိချင်ရင်
၈။ ဝီကီ စာရင်းချုပ် (Stats)
၉။ ဖိုင်/ပုံ တင်ဖို့။ ဝီကီအားလုံးအတွက် သုံးချင်ရင် Commons မှာတင်။
၁၀။ ကိုယ့်အကောင့်ကိုယ် စိတ်ကြိုက်ပြင်ဖို့ (သို့) ရွေးချယ်စရာများ

Tags: , , ,

· · · ◊ ◊ ◊ · · ·

Leave a Reply

*