Friday 22nd May 2009

by Lionslayer

Email တွေ ဖော်ဝတ်လုပ်ရုံနဲ့ ကွန်ပျူတာ အလကားပေးမယ်လို့ သင်နည်းနည်းဖြစ်ဖြစ် ယုံနေရင်တော့ ကိုယ့်ခေါင်းသာ ကိုယ်တူနဲ့ ထုလိုက်ပါတော့။ ဒီလို Email မျိုးကို Hoax လို့ ခေါ်တယ်။ လူတွေကို မဟုတ်တာကို အဟုတ်ထင်စေတာမျိုး၊ ထင်ရုံနဲ့ မပြီးဘဲ လိုက်ပြီး Forward လုပ်ခိုင်းတဲ့ အီးမေးမျိုး။

တစ်ခုခုကိုအလကားရမယ်၊ ဒီမေးကို forward လုပ်ပေးပါ။ ဒီဗိုင်းရပ်စ်ဟာ အလွန်ပြင်းထန်တယ်၊ ကွန်ပျူတာတစ်ခုလုံး ပေါက်ကွဲသွားမယ်၊ လူတိုင်းကို အသိပေးပါ စသဖြင့် လာရင်တော့ ဒါတွေဟာ Hoax ရဲ့ သွင်ပြင်တွေပါပဲ။

တကယ်လို့ Email တစ်စောင်ဟာ Hoax လို့ သံသယရှိရင် Google မှာ ရိုက်ထည့်ပြီး ရှာဖွေ စစ်ဆေးကြည့်ပါ။ Hoax မှန်ရင် အလွယ်တကူ တွေ့ပါလိမ့်မယ်။Hoax ရဲ့သားကောင် အဖြစ်မခံပါနဲ့။ သူများတွေကိုလည်း Hoax နဲ့ အနှောင့်အယှက် မပေးမိပါစေနဲ့။

ဒီနေရာမှာ Hoax ဟုတ်မဟုတ် စစ်ဆေးနိုင်ပါတယ်။

· · · ◊ ◊ ◊ · · ·

Leave a Reply

*