Monday 10th October 2011
by Lionslayerမောင်သီဟ ကျောင်းပိတ်ရက်တွင် ဒလရှိ အမျိုးများထံ အလည်သွားရန်စိတ်ကူးသည်။ သောကြာညနေ ကျောင်းမှစောစောပြန်လာကာ အထုပ်ပြင်နေစဉ် အဘွားရောက်လာသည်။
“သောကြာ ရေကြောင်း မသွားကောင်း။”
မောင်သီဟ ပျင်းပျင်းနှင့် ကမ်းနားထွက် လေညင်းခံသည်။
အိမ်အပြန်တွင် အပူမိ အဖျားတက်သည်။ ဦးလေးက လေစိမ်းခံ၍ ဖျားသည်ပြောသည်။ ယနေ့တိုက်သောလေတွင် မည်သည့်အရောင်မှ မပါသည်မှာ သေချာသည်။ ညဦးပိုင်းခန့်တွင် အတန်ငယ် နာလန်ထ၍ ရေချိုးမည်ကြံသော် အမေက ဤသို့ဆိုသည်။
“ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက်။”
သောကြာ စနေ ရေမချိုးရ။ တနင်္ဂနွေမှသာ ချိုးရမည်။ ယနေ့သောကြာဖြစ်၍ နောက်နှစ်ရက်စောင့်။ မောင်သီဟတစ်ယောက် ချွေးနံနံနှင့်ပင် အိပ်ရာဝင်သည်။
တနင်္ဂနွေရေချိုးပြီးသော် အနည်းငယ်သန့်သွားသယောင်ရှိသော်လည်း အားမရသေး။ နောက်နေ့ခေါင်းလျှော်မည်ဟု တေးသည်။ တနင်္လာမနက် ကျောင်းမှ ခွင့်ယူထားသောကြောင့် အားနေသဖြင့် တရော်ကင်ပွန်းကျိုသော် အဖေက တားသည်။
“ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး။”
တနင်္လာ ခေါင်းမလျှော်ရ။ အင်္ဂါမှ လျှော်ရန်။ မောင်သီဟ ခေါင်းမှ ဘောက်တဖွားဖွားထွက်အောင် တဗြင်းဗြင်းကုတ်သည်။
ခေါင်းမလျှော်ရသော် မောင်သီဟ လက်သည်းညှပ်ကို ထုတ်သည်။ ဘကြီးရောက်လာ၍ ယူသိမ်းသွားသည်။
“သက်ဝေဇနီး လက်သည်းလှီး။”
အင်္ဂါနေ့ထိစောင့်။ လူရှင်းရာသို့သွား၍ လက်သည်းကိုက်နေလေတော့သည်။
နောက်နေ့ မနက်အစောကြီး တိတ်တိတ်လေးထသည်။ ခေါင်းမလျှော်ခင် တခါတည်း ဆံပင်ညှပ်မည်ဟု တွေးကာ ဈေးသို့သွားသည်။ ဈေးကပြန်လာသော အရီးနှင့်တွေ့၍ နားရွက်ဆွဲ အိမ်ပြန်ခေါ်လာသည်။
“မွေးရက် သောကြာ တနင်္လာ ကေသာဆံဖျား မဖြတ်ရ။”
အင်္ဂါသား မောင်သီဟ အိမ်ရောက်သော် ဆံပင်မွေးများကို ဆွဲနှုတ်သည်။ ပြက္ခဒိန်ကို ဖြဲဆုတ်သည်။ အိမ်ကလူများက သူ့အား ရူးသွားရှာပြီဟု ထင်ကြလေသည်။
#Note: Some say that these proverbs are meant for Sunday-born only. The people born in other days need to add in the corresponding days accordingly. For example, if Sunday-born cannot get a haircut on birthday, Friday and Monday, Monday-born cannot do that on birthday, Saturday and Tuesday.
Tags: Burmese characters in number, myanmar days, myanmar proverbs, Myanmar weekdays in characters
I’ve heard like မွေးနေ့၊ သောကြာ၊ တနင်္လာ၊ ကေသာဆံဖြတ် မပြုအပ်။ More rhythmic? lol
That seems more reasonable.
“မွေးရက် သောကြာ တနင်္လာ ကေသာဆံဖျား မဖြတ်ရ။” ဂေါတမ ဘုရားလောင်း သိဒ္ဓတ္တမင်းသား (သောကြာသား) က တနင်္လာနေ့မှာ ဆံတော်ကို ပယ်တဲ့အတွက် သောကြာနေ့ မွေးတဲ့သူများ တနင်္လာနေ့မှာ ဆံပင်မညှပ်ကောင်းဘူးလို့ ပြောတာပါ။
That’s new to me. Thanks.