Tuesday 26th July 2011

by Lionslayer

တစ်ခါက ပုပ္ပါးတောင်နားတွင် သစ်ခုတ်စားသည့် မောင်ပွားရှိသည်။ တစ်နေ့သစ်ခုတ်သွားရင်း ဝတ်စုံနီ အပေါ်အောက် ပြောင်ပြောင်ရောင်ရောင်ဝတ်ထားသည့် တုတ်တိုတစ်ချောင်းနှင့် လူတစ်ယောက်ကို တောထဲတွင်တွေ့ရာ မောင်ပွားမနေနိုင်၊ စိတ်ဝင်စား၍ အသာလိုက်ချောင်းသည်။ ထိုလူနီသည် ဟိုနားသည်နားက သစ်ဥသစ်ဖုသစ်မြစ်တို့ကို တူးဆွ၍ တောင်​ခြေနားက ကျောက်ဖျာကြီးတစ်ချပ်သို့ ခါးတောင်းကျိုက်ထဲတွင်ထည့်၍ သယ်သွားသည်။ မောင်ပွားလည်း ဟိုခြုံတိုး သည်ခြုံတိုးနှင့် လိုက်ချောင်းသည်။ ကျောက်ဖျာပေါ်တွင် ပါလာသော သစ်ဥသစ်ဖုတို့ကို သူ့တုတ်တိုလေးဖြင့် ရောကြိတ်ကာ ရလာသော ဆေးရည်ကို ကောက်လျက်လိုက်ပြီးနောက် ပေါင်တစ်ချက်ပုတ်ကာ ထခုန်လိုက်သည်တွင် ထိုလူနီလည်း မိုးပေါ်ပျံထွက်သွားတော့သည်။ မောင်ပွားလည်း အံ့အားသင့်ကာ ငေးကြည့်နေရာမှ “ဟာ ဒါ ဇော်ဂျီ ပဲ” ဟု ဝမ်းသာအားရ ရေရွတ်၍ ပုန်းနေရာမှ အမြန်ခုန်ထွက်ကာ ဆေးကြွင်းဆေးကျန်တို့ကို အငမ်းမရ ကောက်လျက်တော့သည်။ သူ့စိတ်ကူးမှာ အချောင် ဇော်ဂျီကဲ့သို့ မိုးပျံနိုင်ရန်ဖြစ်သည်။ ယင်းနောက် ပေါင်တစ်ချက်ပုတ်ပြီး လေထဲသို့ထခုန်လိုက်သည်တွင် စွေ့ကနဲ မြောက်တက်သွားပါ၏။ သို့သော် တစ်တောင်သာသာမျသာဖြစ်၍ အပေါ်လည်း ဆက်မတက် ​အောက်လည်း ပြန်မကျတော့ဘဲ လေထဲတွင် တန်းလန်းကြီးဖြစ်နေတော့သည်။ နောက်ပိုင်း မောင်ပွားတစ်ယောက် ဝါးလုံးရှည်နှင့် မြေကြီးကို ထောက်ကာထောက်ကာ သွားရသောဟူ၏။ အရပ်ကခေါ်သည်ကား ဟိုမရောက်သည်မရောက် မောင်ပွား ဟူသတည်း။

Note:#Inspired by a story in Shwe Thwe Journal 20 years ago.

Tags: , ,

· · · ◊ ◊ ◊ · · ·

2 Responses to “ဇော်ကန့်လန့်”

  1. zt says:

    It is ဇော်ကန့်လန့် 😀

· · · ◊ ◊ ◊ · · ·

Leave a Reply

*