There have been three opensource Zawgyi<->Uni js converters in the past: Burglish, Parabaik, Thanlwinsoft. Burglish which was most compact closed it’s source in early age of mmitpro(was a geek forum around 2007/8). Thanlwinsoft is the longest and most complex converter but with least conversion mistakes. Parabaik (originally Paragu) converter is simplest and easiest to understand. I will make it short. Rabbit converter is a line-by-line rewrite of parabaik converter, is claimed to write by their own and does not credit to parabaik. Actually, Parabaik itself is an opensource and anybody can freely use or contribute to it. Here is the detailed comparison of js of Parabaik and Rabbit early version. Samples for same conversion mistakes: (uni2zg ကမ္ဘောဇ အဋ္ဌေသု ဉှာ သင်္ကေတ zg2uni အက်ႌ သခ်ႋဳင္း, There are more but omitted for further issues.)

Is giving a proper credit that difficult?

Related Posts: Copyright Converter Credit is Respect

· · · ◊ ◊ ◊ · · ·

Talking Backwards

23 Jul 2016

ဇော်ဆရာတွေက ဇော်ဂျီမှာ u1039 ဝိရာမ(အသတ်) ကို အသတ်လို့ သုံးထားပြီး ကုဒ်ပွိုင့်အသစ်တွေရတဲ့အခါ ဇော်ဂျီနဲ့လွဲအောင် တမင် လွှဲလိုက်တယ် (u1039 ကို ပါဌ်ဆင့်ရေးတဲ့ ဝိရာမနေရာမှာ ထားလိုက်ပြီး u103A ကို အသတ်နေရာမှာထားလိုက်တယ်) လို့ ပြောပါတယ်။ အဲလိုလွှဲလိုက်တဲ့အတွက် အရင်ယူနီကုဒ် Contents တွေက ဒီဘက်မှာ သုံးမရတော့ဘူး၊ အဲလိုသဘောမျိုးရေးပါတယ်။ ရှင်းဖို့ မလိုလောက်ဘူးတွေးပေမဲ့ အဲဒီကိစ္စကို မီဒီယာထဲမှာ ခဏခဏထည့်ထည့် ပြောနေတော့ တတ်နိုင်သလောက် လူပြိန်းနားလည်အောင် ရှင်းကြည့်ပါမယ်။

(၁) ဇော်ဂျီက ယူနီကုဒ်လေးကို အခြေခံထားတယ်ဆိုတာရယ် ယူနီသမားတွေက စိတ်ပုတ်ပြီး ယူနီကုဒ် ငါးမှာ ပင့်ရစ်ဆွဲထိုး တစ်ကွက်ရွှေ့လိုက်တယ်ဆိုတာရယ်။ ဇော်ဆရာတွေကလည်း အဲဒီအကြောင်းတွေ ခဏခဏပြောပါတယ်။ ယူနီကုဒ်ကိစ္စတွေ ဝင်မပြောတော့ဘူးတွေးပေမယ့် ရှင်းသင့်တယ်ထင်လို့ ရေးပါတယ်။
ယူနီကုဒ် 4, 4.1, 5.0 ထိ မြန်မာစာကုဒ်ပွိုင့်နဲ့ အန်ကုဒ်ဒင်းက တူတူပါ။ ဆရာတို့ တစ်သက်လုံး မီဒီယာပေါ်မှာ ဗားရှင်းတွေ မှားပြောလာတာ ပြင်ရအောင် တင်ပေးပါတယ်။ ပင့်ရစ်ဆွဲထိုးနဲ့အသတ်အတွက် ကုဒ်ပွိုင့်မရပါ။ ဝိရာမ ရယလဝ မော်ဒယ်နဲ့ ရေးရပါတယ်။ 5.1 မှာ ပင့်ရစ်ဆွဲထိုးနဲ့ အသတ်စရပါတယ်။
(၂) Unicode 4.0 ကနေ 5.0 ထိအတူတူပါပဲ။ ဒီနေရာမှာ အသတ်အကြောင်းကို ဖိဖိပြောနေတဲ့အတွက် အသတ်အကြောင်းပဲ အသေးစိတ်ရှင်းကြည့်ပါမယ်။ 5.1 မတိုင်ခင် မြန်မာစာအတွက် အသတ် သတ်သတ် မရပါ။ ဝိရာမနဲ့ အသတ်ဟာ ဘာသာဗေဒအရ အတူတူပဲဖြစ်တဲ့အတွက်တစ်လုံးပဲ ပေးပါတယ်။ ဗျည်း+u1039(ဝိရာမ)+ဗျည်း ဆိုရင် ပါဌ်ဆင့်ရပါတယ်။ ဗျည်း+u1039+u200C(zwnj) ဆိုရင် အသတ်ပုံ ပုံဖော်ပြပါတယ်။
(၃) အမှန်က zwnj သုံးပြီး render လုပ်တဲ့ မော်ဒယ်က ဗြဟ္မီအခြေခံ ဘာသာတော်တော်များများမှာ ဒီအတိုင်း သုံးပါတယ်။ ဒါပေသည့် မြန်မာစာအပြင် တခြားသုံးတဲ့ တိုင်းရင်းသားပါဌ်ဆင့်တွေနဲ့ ရောနိုင်တဲ့အခြေအနေရှိတာ၊ အဲဒီအချိန်က ‌Opentype ကိုထောက်ပံ့တဲ့ ဆော့ဝဲတွေ အားနည်းမှုကြောင့် Rendering အလုပ်ဖြစ်မယ့် Solution တစ်ခု လိုလာပါတယ်။ အဲဒီအတွက် ကုဒ်ပွိုင့်ထပ်တောင်းပါတယ်၊ ရပါတယ်။ (အသေးစိတ်နဲ့ ရှင်းလင်းချက်တွေ ဇော်ဆရာလက်မှတ်ထိုးထားတဲ့ စာစောင်မှာ အကုန် ရှိပါတယ်)
(၄) ဒီနေရာမှာ ကုဒ်ပွိုင့်တောင်းပေမယ့် သက်သေအထောက်အထား မခိုင်လုံရင် ပေးလေ့မရှိသလို အသစ်တစ်နေရာရဖို့ အင်မတန်ခဲယဉ်းကြောင်း သဘောပေါက်ထားဖို့ လိုပါမယ်။ Encoding အတွက် ကုဒ်ပွိုင့် တစ်ပွိုင့်တိုးရတိုင်း Data သိမ်းတဲ့နေရာ သက်သာသွားလေ့ရှိတဲ့အတွက် ကြိုဆိုရမယ့် အချက်ဖြစ်ပါတယ်။
(၅) ဒီနေရာမှာ u1039 ဟာ အသတ်မဖြစ်ဘဲ ပါဌ်ဆင့်ဖြစ်သွားတဲ့ အခါမှာ ဇော်ဆရာတို့ မကျေနိုင်မချမ်းနိုင် ဖြစ်ပါတယ်။ (ဟုတ်လားမဟုတ်လား ဒီနေ့ထိ အင်တာဗျူးမှန်သမျှ ထည့်ထည့် ပြောနေတာ ကြည့်ပါ)။‌ Prejudice ဖြစ်တဲ့အမြင်တွေကို ခဏဖယ်ပြီး စဉ်းစားကြည့်ရအောင်။ ဗျည်း+u1039+ဗျည်း=ပါဌ်ဆင့် ကနေ ဗျည်း+u1039+ဗျည်း=ပါဌ်ဆင့် ဖြစ်သွားတာမို့လို့ ပါဌ်ဆင့် Encoding သည် မပြောင်းလဲပါ။ ဗျည်း+u1039+u200C နေရာမှာ ဗျည်း+103A ဝင်တာဖြစ်တဲ့အတွက် (က) ဒေတာသိမ်းတာ တစ်နေရာ သက်သာပါတယ် (ခ) ICU တန်ဖိုးအတူတူဖြစ်တဲ့အတွက် အက္ခရာစဉ်တာ၊ ရှာဖွေတာတွေမှာ မပြောင်းလဲပါ (ဂ) ဒီ Encoding ဟာ Absolute မဖြစ်တဲ့အပြင် တရားလည်းဝင်ပါတယ်။ လက်ရှိယူနီကုဒ်ဖောင့်တွေမှာ u1039+u200C=u103A ဆိုတဲ့ Ligature တစ်ခုပေါင်းထည့်ပေးလိုက်တာနဲ့ ဒီအသတ်ကိုမြင်နိုင်ပြီ ဖြစ်ပါတယ်။ (ပင့်ရစ်ဆွဲထိုးလည်း ထိုနည်း၎င်း၊ ထည့်ရေးတာ မရေးတာ ဖောင့်ရေးသူတွေကဏ္ဍ) (ဃ) ဒီအဟောင်းနဲ့ရေးထားတဲ့ ဒေတာတွေ ဘယ်လောက်မှ မရှိခဲ့သေးတာလည်း ထည့်ပြောရမယ်။

ဇော်ဆရာတွေနဲ့ စကားပြောရင် ယူနီကုဒ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အပြစ်ရှာပြောတာ ဆယ်စုနှစ်တစ်ခု ရှိလာပါပြီ။ အဲဒီတော့ ဇော်အကြောင်းလေးလည်း နည်းနည်း ထည့်ပြောရအောင်။ ဒီနေရာမှာ ဒီစာကိုဖတ်တဲ့လူက ဒီဇော်-ယူ ပြဿနာအကြောင်း တော်တော်သိထားတဲ့ လူလို့ ယူဆတဲ့အတွက် ဇော်ကအရင်ထွက်တာတို့၊ ယူနီကုဒ်က နောက်မှထွက်တာမဟုတ်လားတို့၊ နှစ်မျိုးပေါင်းလိုက်ပါလားတို့၊ ဘယ်ဟာကစံလဲတို့၊ အင်ပွတ်နဲ့ဖောင့် မကွဲတဲ့ ကိစ္စတို့လို အဓိပ္ပါယ် မရှိတဲ့ကိစ္စတွေ ထည့်မတွေးတော့ဘူး ယူဆပါတယ်။

(၁) ဇော်ဆရာတို့လိုချင်သလို u1039 သာ အသတ်ဖြစ်ခဲ့မယ်ဆို ဘယ်လိုဖြစ်မလဲ။ အရှေ့က ပါဌ်ဆင့်နဲ့ရေးထားတဲ့ဒေတာတွေအကုန် အသတ်ဖြစ်ကုန်တဲ့အတွက် ပျက်ပါပြီ။ တိုင်းရင်းသားအတွက် reserve လုပ်ထားတဲ့ နေရာတွေကို မဆင်မခြင်ဗမာစာပုံပြောင်းဖို့ ယူသုံးထားတဲ့အတွက် တခြားတိုင်းရင်းသားဒေတာတွေလည်း ပျက်ပါပြီ။ So much for backwards-compatible.
(၂) ဇော်ဆရာတို့ရဲ့ ဖောင့်ဟာလည်း ယူနီကုဒ် ဘာပွိုင့်ဇီးရိုး ဘာပွိုင့်ဝမ်းနဲ့မှ မညီတဲ့ ဖြစ်သလိုလုပ်ထားတဲ့ ယူနီကုဒ်ပျက်ဆိုတာ လက်ခံဖို့ လိုပါမယ်။ Unicode 4.0 Ligature ပြောင်းတာလောက်က ခုခေတ်မှာ ဖောင့်ရေးကာစ ကလေးတောင် လုပ်တတ်တယ်။ ပုံပြောင်းစနစ်မထောက်ပံ့သေးလို့ဆိုရင် PUA ကို သုံးတော်မူ၊ ဒီဘက်ခေတ် ဒီပြဿနာတွေ ရှင်းစရာ ဘာအကြောင်းမှမရှိ။ သူ့ထက်အပြင် ယူနီကုဒ်ဖြစ်ချင်တာလည်း နှစ်ယောက်မရှိ။
(၃) ဇော်ဆရာတို့ငါးယောက်က ဇော်ဖောင့်ကို တီထွင်တာမဟုတ်ဘဲ မြစေတီကို ကူးချလို့ လူမိသွားကာမှ ပုံပြောင်းအက္ခရာတွေကို တိုင်းရင်းသားစာနေရာတွေကို ကူးထည့်ထားကြောင်း မှတ်မိဖို့ လိုပါမယ်။ ဒါကြောင့် မြစေတီနဲ့ ပုံတူဖောင့်တွေဖြစ်တဲ့ ဘစ်ဖောင့်၊ အယ်လ်ဖာဖောင့်(ဇော်ဂျီဟု အမည်မပြောင်းခင်)စတာတွေဟာ မြစေတီအတိုင်း ပုံပြောင်းအက္ခရာနေရာတွေနဲ့အတူတူ PUA နေရာတွေမှာ ဖြစ်ကြောင်း သတိရဖို့ ဦးနှောက်ကို ပြန်အလုပ်ပေးဖို့ လိုပါမယ်။ ဇော်ဆရာတို့ PUA ဆိုတာ ကြားဖူးရင် ဆင်ခြင်တတ်ရင် ဒီနေ့ဒီလို ပြဿနာတွေ ဖြစ်လာစရာ အကြောင်းတောင် မရှိပါဘူး။ (အရင်ရေးထားတဲ့ ပို့စ်)
(၄) ဇော်ဖောင့်ရဲ့ မြန်မာမဟုတ်တဲ့ အက္ခရာတွေဟာ Tahoma, Arial စတဲ့ ဖောင့်တွေကို တိုက်ရိုက်ကူးယူထားတာမို့လို့ မူပိုင်ခွင့်ဥပဒေနဲ့ငြိနေကြောင်း၊ ဥပဒေက ဘာမှ လာမလုပ်ရင်တောင် လိပ်ပြာသန့်ရဲ့လားတွေးကြည့်မိဖို့ လိုပါမယ်။ ‌ကော်ပီရိုက်နဲ့ အနည်းနဲ့အများချိုးဖောက်ထားတဲ့ ဖောင့်တစ်ခုကို App တွေ ဆော့ဝဲတွေ ဖုန်းတွေမှာ ဝက်ဆိုက်တွေ (အစိုးရနဲ့ မီဒီယာဝက်ဆိုက်တွေတောင် ပါသေး) တစ်ခါတည်းထည့်ထားတာကိုလည်း Ethical ဘက်က ကြည့်ပြီး မေးခွန်းထုတ်ကြရဲ့လားလို့။ ကော်ပီရိုက်နဲ့ ပတ်သက်ပြီး ဆတ်ဆတ်ထိမခံဖြစ်ကြတဲ့ လူတချို့တောင် ဇော်ကိစ္စမှာ Double Standard ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် တရားပါတယ်ပေါ့ Justify လုပ်ကြတာကိုလည်း တွေ့မိပါတယ်။
(၅) ဇော်ဖောင့်တွင်ကျယ်လာတာနဲ့အမျှ သူနဲ့ ယှဥ်တွဲဖော်ပြလို့မရတဲ့ တိုင်းရင်းသားဘာသာတွေ အသုံးလျော့နည်းလာတာ၊ တချို့ဆို မရှိသလောက်ဖြစ်တာကိုလည်း ဇော်ဖောင့်ဘက်က အကြောင်းပြချက်မရှိ၊ အကြောက်အကန်ကာကွယ်နေတဲ့သူတွေ ဆင်ခြင်နိုင်ဖို့ လိုပါမယ်။
(၆) စတန်းဒတ် နှစ်မျိုးတွဲသုံးလို့ရပါတယ်လို့ လေသံပစ်ပစ်နေတဲ့ ဇော်ဆရာတို့ကိုလည်း သတိထားစေချင်တာက သူများ စတန်းဒတ်တွေက Co-exist အတူတကွယှဉ်တွဲနေနိုင်ပြီး၊ ဇော်က ယူနီကုဒ်စံနဲ့ ယှဉ်တွဲနေဖို့ မဖြစ်နိုင်ဘူးဆိုတာပါ။ (က) ဇော်မှာစံမရှိပါဘူး၊ ကြိုက်သလိုရိုက် အမြင်မှန်ပြီးရောဆိုတဲ့စနစ်ပါ (ဟိုတစ်ခါပြောတဲ့ မန္တလေးမြို့ကို ၃၈၄ မျိုးရေးလို့ရတယ်ဆိုတာမျိုး၊ တကယ့်လက်တွေ့မှာကို အနည်းဆုံး ၁၀ မျိုးလောက်ရေးကြတယ်) (ခ) ဇော်သည် သီးသန့် Encoding လည်းမဟုတ်ပါဘူး။ ခမျာမှာ ယူနီကုဒ်ဖြစ်ချင်လွန်းလို့ ဇော်ယူနီကုဒ်လို့ တစ်ချိန်လုံး ကြေညာပြီး ယူနီကုဒ်ဟန်ဆောင်လာခဲ့တဲ့၊ ယူနီကုဒ်ရဲ့ အားသာချက်တွေကို အချောင်နာမည်ကောင်းဝင်ယူလာတဲ့၊ မရှိသင့်တော့တဲ့ စနစ်ဆိုတာ နားလည်ဖို့ လိုပါမယ်။
(၇) ဇော်ဆရာတို့ဟာ အခုချိန်မှာ အမျိုးစုံပြောနေပေမယ့် ဘယ်အချက်ကြောင့် (က) ဇော်ဆရာသည် ဘိုစာကောင်းကောင်းမဖတ်တတ်လို့ ၊ (ခ) ဖတ်တတ်သော်လည်း သဘောမပေါက်လို့၊ (ဂ) ပေါက်သော်လည်းဒီပွဲကိုလာတက်တဲ့ ဘိုကြီးတွေကိုကြောက်လို့ ဒီပင့်ရစ်ဆွဲထိုး အသတ်ကိစ္စမှာ လက်မှတ်အကြီးကြီး ထိုးခဲ့တာပါလဲ။ သဘောမတူရင်လည်း အစကတည်းကမထိုးနဲ့၊ ခုမှ တောင်ပြောမြောက်ပြော။
(၈) ဇော်ဆရာတို့က ယူနီကုဒ်သည် အသစ်အသစ်ဖြစ်သွားတဲ့ အခြေအနေတွေကို သူတို့ကို အသိမပေးဘဲ ဥ-ထားတယ်လို့ မီဒီယာတွေမှာ ခဏခဏပြောပါတယ်။ ယူနီကုဒ်နဲ့ပတ်သက်တဲ့ အီးမေးလ် Thread မှန်သမျှကို ဖွင့်ပေးထားတာမို့ Follow up လုပ်ချင်တဲ့ ဆန္ဒရှိရင် လူတိုင်းကြည့်နေလို့ ရတာ သင်သိပါသလား။ ဥ-ထားတယ်လို့ ခဏခဏ ထုတ်ထုတ်ပြောနေရတာ အခြေအနေသုံးရပ်ဖြစ်နိုင်ပါတယ်။ (က) Search Engine မသုံးတတ်လို့ (ခ) ဘိုလိုမဖတ်တတ်လို့ (ဂ) ကိုယ်လုပ်တာပဲအဟုတ်မှတ်ပြီး သူများတွေ ဘာလုပ်နေလဲ စိတ်မဝင်စား။
(၉) ဇော်ဆရာတို့ အလိုကျ အသတ်နဲ့ ပင့်ရစ်ဆွဲထိုးတွေကို ဇော်ဖောင့်အတိုင်း လက်ရှိယူနီကုဒ်ကို ပြောင်းပေးလိုက်ပါပြီတဲ့။ ဇော်ဆရာတို့ ပြောပြောနေတဲ့ ဖတ်လို့အဆင်ပြေတယ် ဆိုတဲ့ကိစ္စတကယ် ဖြစ်မဖြစ် ကြည့်တော်မူ။ အောက်ကပုံ။ ပြောင်းပြီးရင် (က) မူလ ယူနီကုဒ်အဟောင်းအသစ်တွေနဲ့ရေးထားတဲ့ ဒေတာတွေသုံးမရ (ခ) ဇော်ဒေတာတွေသုံးမရဖတ်မရတော့ (ကွန်ဗာတာအသစ်ထွင်ပြီး မရရအောင်လုပ်ရင် ရမှန်းသိတယ်၊ ဇော်ဆရာတို့ ပြောနေကျအတိုင်း ပြောကြည့်တာ)။

Does New Zawnicode work as they say?

(၁၀) Zawgyi.net ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ ဇော်ဆရာ ငါးယောက်ကို သင်သိပါသလား။ သို့မဟုတ် ဝန်ခံထားတာ တွေ့ဖူးပါသလား။ ဘာကြောင့်လို့ ထင်ပါသလဲ။ ၂၀၀၇ ခုနှစ်မှာ ဇော်ဖောင့်က ဆုတစ်ခုရပါတယ်။ ဆုပေးတဲ့သူနဲ့ ဆုယူတဲ့သူကို သင်သိပါသလား။ စေတနာ ရှိလွန်းလို့ အပြောအဆိုခံပြီး ဇော်ဖောင့်ကို လုပ်တာပါဆိုရင် ဇော်ဆရာတို့ငါးယောက် မြစေတီဖိုး သက်သာသွားတဲ့ ငွေတွေရယ်၊ ဇော်ဖောင့်ကိုသုံးပြီးရောင်းခဲ့တဲ့ ပစ္စည်းနဲ့ ဝန်ဆောင်မှုက ရခဲ့တဲ့၊ ရနေဆဲ အကျိုးအမြတ်တွေထည့်ပြောဖို့ အစီအစဉ်ရှိမရှိ။
(၁၁) အဲလို အတိတ်ကအရေးမပါတာတွေကို ဇာချဲ့ပြီး ပြောပြောနေတော့ရော ဘာထူးမှာလဲ။ မျက်စိစပါးမွှေးစူးလာရင် အထုပ်‌ဖြည်ပြမယ့်လူတွေ ရှိပါတယ်လို့။ ယူနီကုဒ်သုံးသင့်တယ်ဆိုတာ သိနေတာပဲ။ ကန့်လန့်တိုက်လေ တိုင်းပြည်နာလေ။ ဇော်ဘက်က ယူနီကိုဖိုဘီးယားဖြစ်ပြီး အကြောက်အကန်ငြင်းနေသူတွေ ဆင်ခြင်ကြည့်၊ ကိုယ့်ပြောတာလည်းမဟုတ်ဘဲ ပေါက်ကရလုပ်ထားတဲ့ ခိုးကူးပရောဒတ်တစ်ခုအပေါ်မှာ ကာကွယ်နေရတာတန်ရဲ့လား။

· · · ◊ ◊ ◊ · · ·

MUA Rants

16 Jul 2016

https://www.facebook.com/groups/mmUnicode/permalink/1310147958995707/
အရင်တစ်ခေါက်က ရေးထားတာလေးပျောက်သွားလို့ ပြန်ရေးလိုက်တယ်။
ဝီကီပီးဒီးယား ကိစ္စပါ။ ရှင်းသင့်တယ်ထင်လို့ရေးပါတယ်။ ဟိုလူ့ပြောသလိုလို ဒီလူ့ပြောသလိုလိုမဖြစ်အောင် နာမည်တွေ ထည့်လိုက်ပါတယ်။
ဝီကီးပီးဒီးယားကို ကိုဇော်သက်တို့စရေးကြတော့ ယူနီကုဒ်နဲ့ရေးလို့ လူနည်းပါတယ်ဆိုပြီး အိုကီးစံက ကမကထပြုလို့ ဇော်ဂျီနဲ့ရေးတဲ့ ဝီကီမြန်မာကို ရေးကြပါတယ်။ ဘန်ကောက်မှာ ဝီကီပီးဒီးယန်းတွေတွေ့ကြတော့ နှစ်ဘက်လုံး article တွေ မျှသွားအောင် convert လုပ်ပြီးထည့်ကြမယ်လို့ သဘောတူကြပါတယ်။ ဝီကီမြန်မာရဲ့ အဓိက contributor တွေဖြစ်တဲ့ ကိုဟန်ဇော်၊ ကိုမြင့်ကျော်၊ ကိုသင်ကာ၊ လဂွန်းအိမ်နဲ့ ကိုမေယာတို့ သူတို့ article တွေရော အဟောင်းတွေရော ဟိုဘက်ဒီဘက်စုံအောင် ပြောင်းကြပါတယ်။ နှစ်ဘက်လုံးမျှသွားတဲ့အချိန်မှာ ဆောင်းပါး ၃၀၀၀ ကျော် ရှိလာပါတယ်။ အဲဒီနောက်ပိုင်းမှာ organize လုပ်ရလွယ်တဲ့ မြန်မာဝီကီပီးဒီးယားမှာ ဆက်ရေးကြပါတယ်။ အခုတော့ ဆောင်းပါးပေါင်းလေးသောင်းနီးပါးရှိလာပြီး content များတဲ့ဆောင်းပါး တစ်သောင်းလောက်ရှိပါတယ်။
ဝီကီမြန်မာမှာပါခဲ့တဲ့ စည်သူအောင်က ဝီကီမြန်မာ wikimyanmar.co.cc ကို မြန်မာဝီကီပီးဒီးယားက ဒေတာတွေ “ခိုး”ထားပါတယ်လို့ ရေးပါတယ်။ သူ့အပေါင်းအသင်းတွေကလည်း share ကြဖွကြဖြန့်ကြပါတယ်။ ပြဿနာက ဝီကီမှာ ဘယ်သူက ဘယ်နှစ်ပုဒ်ရေးထားတယ် ဘယ်ဆောင်းပါးကို edit လုပ်ထားတယ်ဆိုတာ ပြန်ကြည့်လို့ ရနေတာပါပဲ။ ပြန်ကြည့်လိုက်တော့ စည်သူအောင်က discussion တွေတွေမှာ အများကြီးပြောထားပေမယ့် contribute တကယ်လုပ်ထားတဲ့ ဆောင်းပါးက ၃၀ ပဲရှိပါတယ်။ ဝီကီမြန်မာအခုမရှိတော့ပေမဲ့ မီဒီယာဝီကီ backup ဖိုင်ကို ဒီမှာ ပြန်ယူပြန်သွင်းပြန်ကြည့်နိုင်ပါတယ်။ https://archive.org/download/wiki-wikimyanmarcocc_wiki
ဝီကီနှစ်ခုလုံးမှာရေးထားတဲ့ဆောင်းပါးတွေက cc3 လိုင်စင်အောက်မှာ ရေးထားကြတာဖြစ်ပါတယ်။ မည်သူမဆို ကူးယူ ဖြန့်ချိ ပြင်ဆင်ခြင်းကို ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ ခိုးပါတယ်ဆိုလာတော့ ဒီလိုင်စင်ကိုများ မသိလို့လား မေးစရာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဝီကီမြန်မာမှာ ဆောင်းပါးသုံးဆယ်ရေးပေးထားတဲ့အတွက် ကျေးဇူးလည်းတင်၊ အသိအမှတ်လည်း ပြုပါတယ်။

https://www.facebook.com/groups/mmUnicode/permalink/1329817370362099/
ကီးဘုတ်အကြောင်းပြောနေတာတွေ့လို့ပါ။ စတန်းဒတ်ကီးဘုတ်ဆိုရင် မြန်မာ၃ လက်ကွက်ကိုပဲ ညွှန်းပါတယ်။ ဝင်းဒိုးမှာပါလာသလို၊ လင်းနက်က xkb မှာလည်း ပါပါတယ်။ မိုဘိုင်းမှာတော့ ကီးအသစ်တွေ feature အဆန်းတွေ ထည့်ကြတာတွေ့ပါတယ်။ အင်ပွတ်က complex reordering ပြန်စီပေးတာ ရမရပေါ်မူတည်ပြီး သဝေထိုး ရှေ့ကရိုက်လို့ရတဲ့ဟာနဲ့ နောက်ကရိုက်လို့ရတဲ့ဟာရယ်လို့ ရှိပြန်ပါတယ်။ dummy proof ဖြစ်ဖို့ဆိုရင် auto suggestion နဲ့ sequence အမှားတွေ မှန်အောင်ပြန်ပြင်ပေးတဲ့ feature ပါလာဖို့ လိုပါမယ်။ ဖန်ခွက်မှာ ရေတစ်ဝက်လျော့နေတာလား ရေတစ်ဝက်ရှိနေတာလားကတော့ ကိုယ့်ရဲ့ အမြင်၊ ရပ်တည်မှုနဲ့ပဲ ဆိုင်ပါမယ်။

https://www.facebook.com/groups/mmUnicode/permalink/1309031569107346/
ယူနီကုဒ် လေး ငါး တွေအကြောင်း ပြောချင်လို့ပါ။ ဇော်ဂျီက ယူနီကုဒ်လေးကို အခြေခံထားတယ်ဆိုတာရယ် ယူနီသမားတွေက စိတ်ပုတ်ပြီး ယူနီကုဒ် ငါးမှာ ပင့်ရစ်ဆွဲထိုး တစ်ကွက်ရွှေ့လိုက်တယ်ဆိုတာရယ်။ ဇော်ဆရာတွေကလည်း အဲဒီအကြောင်းတွေ ခဏခဏပြောပါတယ်။ ယူနီကုဒ်ကိစ္စတွေ ဝင်မပြောတော့ဘူးတွေးပေမယ့် ရှင်းသင့်တယ်ထင်လို့ ရေးပါတယ်။
ယူနီကုဒ် 4, 4.1, 5.0 ထိ မြန်မာစာကုဒ်ပွိုင့်နဲ့ အန်ကုဒ်ဒင်းက တူတူပါ။ ပင့်ရစ်ဆွဲထိုးနဲ့အသတ်အတွက် ကုဒ်ပွိုင့်မရပါ။ ဝိရာမ ရယလဝ မော်ဒယ်နဲ့ ရေးရပါတယ်။ 5.1 မှာ ပင့်ရစ်ဆွဲထိုးနဲ့ အသတ်စရပါတယ်။
ဇော်ဂျီက ယူနီကုဒ် ၄ ကို အခြေခံတယ်ပြောရင် ဒီလူဖြီးနေပြီလို့ တွေးပါတယ်။ ဇော်ဂျီက မြစေတီကို အခြေခံတယ်ဆိုတာ အဲဒီခေတ်ကို မီလိုက်တဲ့လူတိုင်း သိပါတယ်။ http://www.myazedi.com/downloads/Issues1.swf . စာလုံးပုံပြောင်းတဲ့နည်းပညာကို မလုပ်တတ်သေးတာကြောင့် အဆင်ပြေသလို ကြုံရာနေရာမှာ ပင့်ရစ်ဆွဲထိုးနဲ့ အသတ် ပါဌ်ဆင့်တွေထည့်ပြီး အမြင်အတိုင်းစာရိုက်တဲ့ စနစ် လုပ်ပါတယ်။ ၅.၁ အဆိုပြုချက်နဲ့ ထုတ်တဲ့ယူနီကုဒ်ဖောင့် မြန်မာ၃ ထွက်မလာခင် ရက်ပိုင်းလေးမှာ ဇော်ဂျီကို လူသိရှင်ကြား “ယူနီကုဒ်ဖောင့်” လို့ ကြေငြာပြီး ထုတ်ပါတယ်။ အဲဒီအချိန်မှာ ဇော်ဂျီဆရာတို့လည်း ၅.၁ အတွက် လက်မှတ်ထိုးပြီးပါပြီ။ http://www.unicode.org/L2/L2006/06077-n3043r-myanmar.pdf ကြားထဲမှာ update အီးမေး thread တွေအကုန်လုံး ယူနီကုဒ်ကွန်ဆိုတီယမ်က public ဖွင့်ပေးထားပါတယ်။ follow up လုပ်နေရင် အကုန်သိနိုင်ပါတယ်။
ဇော်ဂျီကို အပ်ဒိတ်လုပ်လိုက်ရင် လာဖြစ်သွားမယ် ညာဖြစ်သွားမယ်ပြောနေသူတို့လည်း ဇော်ဂျီ၂၀၀၉ ဆိုတာ ကြားဖူးလိုက်ရဲ့လားလို့ မေးချင်ပါတယ်။ အတ္တတွေကြောင့် မြန်မာနဲ့ တိုင်းရင်းသားဘာသာတွေ အစမ်းသပ်ခံ အနှိမ်ခံဖြစ်နေတာကြာပါပြီ။ စိတ်ဝင်စားသူများ အင်ဖော်မေးရှင်းတွေကို ဆင်ခြင်နိုင်ဖို့ ဒီပို့စ်ကို တင်ပါတယ်။

https://www.facebook.com/groups/mmUnicode/permalink/1249977961679374/
ပြောလက်စနဲ့ အမုန်းခံပြီး ထပ်ပြောလိုက်ပါဦးမယ်။ ယူနီကုဒ်ဖောင့်ရေးတဲ့လူတွေ ပြင်တဲ့လူတွေ ကော်ပီရိုက်ကို လေးစားကြဖို့ပါ။ ဖောင့်ဖေ့စ်စုံတာ ကောင်းပါတယ်။ ဒါပေမဲ့ သူများခွင့်ပြုချက်မတောင်းဘဲ (မရဘဲ) ပရော်ဖက်ရှင်နယ်ဖောင့်တွေက ဂလစ်တွေကို ခပ်တည်တည်နဲ့ ယူသုံးနေတာ ရပ်ကြဖို့ တောင်းဆိုပါတယ်။ ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုတာ တနည်းပြောရရင် ခိုးတာပါပဲ။ ဇော်ဂျီကို Tahoma နဲ့ Arial တွေခိုးသုံးထားလို့ သူခိုးဖောင့်လို့ပြောသလို ယူနီကုဒ်ဖောင့်တွေလည်း တဖြည်းဖြည်းနဲ့ ဘာဖြစ်လာပြီလဲ စဉ်းစားကြဖို့ပါ။ ဖောင့်ဖေ့စ် မရေးနိုင်ရင် မရေးတတ်ရင် အသင့်ရေးပြီးသား ဧရာလို ပြန်သုံးခွင့်ပြုထားတဲ့ မြန်မာဖောင့်တွေ ရှိပါတယ်။ အင်္ဂလိပ်နဲ့ လက်တင်ဂလစ်တွေအတွက် အခမဲ့ သုံးခွင့် ပြုပြင်ခွင့် ပေးထားတဲ့ ဖောင့်တွေ ရှိပါတယ်။ ရှာသုံး၊ မေးသုံး၊ တောင်းသုံးကြပါ။ ငါ လုပ်တဲ့ဖောင့်လို့ ဂုဏ်ယူချင်ရင် ကော်ပီရိုက်ကို လေးစားကြပါ။ ဗြောင် ခိုးမစားကြပါနဲ့။
ယူနီကုဒ်သမားအများစုက ယူနီကုဒ်တိုးတက်ရေး နှောင့်နှေးမှာစိုးလို့ထင်ပါတယ်၊ ဘာမှ မပြောကြပေမဲ့ ကျွန်တော်ကတော့ မနေနိုင်လို့ ပြောလိုက်ပါပြီ။ မိုက်ခရိုဆော့ ဂူဂယ်နဲ့ အက်ပဲက မြန်မာနဲ့ အင်္ဂလိပ်ဖောင့်တွေကို ပြင်သုံး၊ ယူသုံးထားတဲ့ မြန်မာယူနီကုဒ်တွေ တွေ့မိလို့ပါ။ Arthouse က W01 ဖောင့်ကို ခပ်တည်တည်နဲ့ အမြီးတွေ ဆွဲရှည်ပြီး သုံးထားတဲ့ ဖောင့်ကိုလည်းတွေ့ပါတယ်။ ဖောင့်ဒီဇိုင်နာ နာမည်တောင် ခံလိုက်ပါသေးတယ်။ တချို့က ခရက်ဒစ်ပေးသလို တချို့ကလည်း ဗြောင်ပဲ ကူးပါတယ်။ ကော်ပီရိုက်ရှိရင် ခရက်ဒစ်ပေးလည်း မသုံးသင့်ဘူးဆိုတာ ဝေဖန်သုံးသပ်ဆင်ခြင်ပြီး ကိုယ့်လိပ်ပြာကိုယ်သိ၊ ကိုယ့်သိက္ခာကိုယ်ရှိကြဖို့ပါ။

https://www.facebook.com/groups/mmUnicode/permalink/1249682558375581/
အသတ်သည် နောက်ဆုံးမှာသိမ်းတယ်ဆိုတာ လူပြိန်းနားလည်အောင်ယေဘုယျပြောထားတာ။ နောက်တစ်ခုက ဝဆွဲနဲ့အသတ် ကပ်ရပ်သုံးထုံးမရှိပါ။ မွန်ဘာသာမှာ ဟထိုးကိုအသတ်နဲ့တွဲသုံးရင် ဟထိုးသည် ဟရဲ့အကျဉ်းချုပ်ပုံစံဖြစ်လို့ အသတ်ရဲ့ရှေ့မှာနေပါတယ်။ ရှမ်းဗျည်းတွဲ ဝ u1082 သည် သရအဖြစ်လည်းသုံးလို့ အသတ်ရှေ့မှာနေပါတယ်။ ဗျည်း နဲ့ကပ်ရပ် သရမပါဘဲ ဗျည်းတွဲယ နဲ့ အသတ်ကပ်ရပ်ဆိုရင် အသတ်ကိုရှေ့မှာနေရာချပါတယ်။ ဒါတွေအကုန် utn11 ထဲမှာ ရေးထားတယ်။ ဖတ်ပါလို့ ပြောတာ ကိုယ့်ကိုတောင် ပြန်ဖတ်ခိုင်းလိုက်သေးတယ်။ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။ မသိလို့မေးရင် နည်းနည်း humble ဖြစ်ဖို့တော့ကောင်းပါတယ်။ မသိလို့လည်းမေးသေး ထောင့်မကျိုးဘူးဆိုရင် သိတဲ့သူဘယ်သူမှ အဖက်လုပ်ပြီး လာဖြေမှာ မဟုတ်ဘူး။ အခုလည်း အသေးစိတ်သိချင်တဲ့လူတွေ ရှင်းအောင် လာပြောတာ။ မရှင်းရင် မာတင်ဟော့စကင်နဲ့ ယူနီကုဒ် org ကို အီးမေးပို့ပြီးသာ မေးတော့။ မကျေနပ်ရင် proposal တင်ပြီးပြင်။

· · · ◊ ◊ ◊ · · ·

ပြောလက်စနဲ့ အမုန်းခံပြီး ထပ်ပြောလိုက်ပါဦးမယ်။ ယူနီကုဒ်ဖောင့်ရေးတဲ့လူတွေ ပြင်တဲ့လူတွေ ကော်ပီရိုက်ကို လေးစားကြဖို့ပါ။ ဖောင့်ဖေ့စ်စုံတာ ကောင်းပါတယ်။ ဒါပေမဲ့ သူများခွင့်ပြုချက်မတောင်းဘဲ (မရဘဲ) ပရော်ဖက်ရှင်နယ်ဖောင့်တွေက ဂလစ်တွေကို ခပ်တည်တည်နဲ့ ယူသုံးနေတာ ရပ်ကြဖို့ တောင်းဆိုပါတယ်။ ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုတာ တနည်းပြောရရင် ခိုးတာပါပဲ။ ဇော်ဂျီကို Tahoma နဲ့ Arial တွေခိုးသုံးထားလို့ သူခိုးဖောင့်လို့ပြောသလို ယူနီကုဒ်ဖောင့်တွေလည်း တဖြည်းဖြည်းနဲ့ ဘာဖြစ်လာပြီလဲ စဉ်းစားကြဖို့ပါ။ ဖောင့်ဖေ့စ် မရေးနိုင်ရင် မရေးတတ်ရင် အသင့်ရေးပြီးသား ဧရာလို ပြန်သုံးခွင့်ပြုထားတဲ့ မြန်မာဖောင့်တွေ ရှိပါတယ်။ အင်္ဂလိပ်နဲ့ လက်တင်ဂလစ်တွေအတွက် အခမဲ့ သုံးခွင့် ပြုပြင်ခွင့် ပေးထားတဲ့ ဖောင့်တွေ ရှိပါတယ်။ ရှာသုံး၊ မေးသုံး၊ တောင်းသုံးကြပါ။ ငါ လုပ်တဲ့ဖောင့်လို့ ဂုဏ်ယူချင်ရင် ကော်ပီရိုက်ကို လေးစားကြပါ။ ဗြောင် ခိုးမစားကြပါနဲ့။

ယူနီကုဒ်သမားအများစုက ယူနီကုဒ်တိုးတက်ရေး နှောင့်နှေးမှာစိုးလို့ထင်ပါတယ်၊ ဘာမှ မပြောကြပေမဲ့ ကျွန်တော်ကတော့ မနေနိုင်လို့ ပြောလိုက်ပါပြီ။ မိုက်ခရိုဆော့ ဂူဂယ်နဲ့ အက်ပဲက မြန်မာနဲ့ အင်္ဂလိပ်ဖောင့်တွေကို ပြင်သုံး၊ ယူသုံးထားတဲ့ မြန်မာယူနီကုဒ်တွေ တွေ့မိလို့ပါ။ Arthouse က W01 ဖောင့်ကို ခပ်တည်တည်နဲ့ အမြီးတွေ ဆွဲရှည်ပြီး သုံးထားတဲ့ ဖောင့်ကိုလည်းတွေ့ပါတယ်။ ဖောင့်ဒီဇိုင်နာ နာမည်တောင် ခံလိုက်ပါသေးတယ်။ တချို့က ခရက်ဒစ်ပေးသလို တချို့ကလည်း ဗြောင်ပဲ ကူးပါတယ်။ ကော်ပီရိုက်ရှိရင် ခရက်ဒစ်ပေးလည်း မသုံးသင့်ဘူးဆိုတာ ဝေဖန်သုံးသပ်ဆင်ခြင်ပြီး ကိုယ့်လိပ်ပြာကိုယ်သိ၊ ကိုယ့်သိက္ခာကိုယ်ရှိကြဖို့ပါ။

#fb link here.

Tags: , , ,

· · · ◊ ◊ ◊ · · ·

Copyright Converter

29 Mar 2015

သူတပါးကြိုးစားအားထုတ်ထားသည့်အရာကို အသိအမှတ်မပြုသည့်နေရာတွင် နှစ်ယောက်မရှိဟု အပေါင်းအသင်းများက ရှုံ့ချကြသည်။ မှန်လောက်သည်။ Fb တွင် Like ပေးရန်ပင် တွန့်တိုတတ်သူ တစ်ဦးဖြစ်သည်။

I was being condemned for not easily appreciating other people’s efforts. They might be right since I rarely click “Like”s on Fb posts.

မြန်မာယူနီကုဒ်အတွက် js ကွန်ဗာတာ သုံးခုရှိသည်။ ကိုငွေထွန်း၏ ပါရဂူ၊ ကိုစိုးမင်း၏ ဘားဂလစ်ရှ်နှင့် ကိသ်၏ သံလွင်ဆော့ဖ်တို့ ဖြစ်သည်။ အခြားကွန်ဗာတာများသည် ယင်းတို့မှ တိုက်ရိုက် သို့မဟုတ် သက်ဆိုင်ရာ ပရိုဂရမ်းမင်းဘာသာရပ်သို့ ပြန်ဆိုထားကြခြင်း ဖြစ်သည်။ ယူနီကုဒ်နှင့် ဇော်ဂျီအကြား အဆင်ပြေစွာ ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ကြခြင်းကို ဤနေရာမှ အသိအမှတ်ပြုသည်။ ဤနှစ်ပိုင်းတွင် သတိပြုမိသည်မှာ ကိုသူရလှိုင်တင်ထားသော ပေတံ ကွန်ဗာတာသစ် ဖြစ်သည်။

There are 3 main js converters for converting to/from Unicode/Zawgyi which are Paragu converter by Ko Ngwe Tun, Burglish converter by Ko Soe Min, Thanlwinsoft converter by Keith. Other converters are just direct or indirect translations to respective languages. I salute their efforts from this blog. The new kid in town in recent years is Paytan Python converter by Thura Hlaing.

မည်သို့ဖြစ်စေ ကော်ပီထားလျှင် ထားကြောင်း ခွင့်တောင်းကြသည်၊ ခရက်ဒစ်ပေးရသည်။ အချို့က မပေးပေ။ အယ်လော်ဂရစ်သမ်ကို မိမိကိုယ်တိုင် ရေးသယောင်ယောင် ဖိန့်ကြသည်။ သို့သော် ယင်းတို့၏ ကုဒ်ဒင်းကို သုံးလေးကြောင်းမျှ စစ်ကြည့်လိုက်လျှင် သိနိုင်သည်။ အကယ်၍ ကွန်ပိုင်းလုပ်ပြီးသားဆိုလျှင် စစ်၍ မရနိုင်တော့ပြီလော။ မဟုတ်ပါ၊ reverse engineering လုပ်၍ဖြစ်စေ၊ အခြားနည်း အချို့ဖြင့်ဖြစ်စေ စစ်ကြည့်နိုင်သည်။ ကွန်ဗာတာတစ်ခုချင်းစီတွင် မိမိတို့ကိုယ်ပိုင် ဝိသေသများ၊ အမှားအယွင်း Bug များ၊ အယ်လော်ဂရစ်သမ်များ ရှိသည်။ ယူသုံးခဲ့လျှင် ခရက်ဒစ်တစ်ကြောင်းပေးလိုက်ခြင်းသည် ပင်ပန်းသော အလုပ်မဟုတ်ပါ။

Regardless of the usage, we need to requests and give credits to original creators. Some just don’t. Some pretend their products to be of their own brainchild. But they can be exposed by checking a few lines of code. And if it’s already been compiled? We can also check by reverse engineering or some complicated methods. Each converter has it’s own uniqueness such as bugs and algorithm. It’s not a big deal to just give a single line of credit.

MM Font Converter Mobile App သည် ပါရဂူအယ်လော်ဂရစ်သမ်ကို (ယဉ်ကျေးအောင်ပြောလျှင်) သုံးကောင်းသုံးထားနိုင်သည် (သို့) သုံးထားရန်ရာနှုန်း ၉၉.၉၉၉% ခန့် ရှိသည်။ မဖြစ်နိုင်သော ၀.၀၀၁ ရာခိုင်နှုန်းမှာ အစအဆုံးအိုင်ဒီယာတူသွားခြင်း ဖြစ်သည်။

To simply put, MM Font Converter is most certainly likely using Paragu’s coding or algorithm.

အခြားသော နည်းလမ်းတို့ကို ချန်၍ အလွယ်နည်းပြောပါမည်။ ရှုပ်ထွေးသော စာတစ်ကြောင်းကို ငါးကြိမ်မျှ ထပ်ခါထပ်ခါ ကွန်ဗတ်လုပ်ကြည့်လိုက်ပါ။ ကွန်ဗာတာတစ်ခုချင်းစီမှ ထွက်လာသော ရလဒ်များ အယ်လော်ဂရစ်သမ် မတူညီသည်နှင့် အမျှ ကွဲပြားစွာ ထွက်လာသည်ကို တွေ့ရမည်။ အငြိမ်မနေနိုင်၍ ဘလော့မှ တဆင့် ပြောမိပါသည်။

I will present you an easy and safe way to check which converter is which. Convert a complex phrase. Copy the result. Convert it again. Repeat 5 times. Results from each converter are similar at first conversion but unquestionably different after fifth conversion. This is my third rant about credits on this blog.

#Updates 31/03/2015

  • MM Font Converter developer Myat Min Soe decleared he created all function by himself in this fb post.
  • He later said that he took Zg->Uni function from Paytan converter but wrote Uni->Zg function by himself in this post. He also declear Paytan is GNU/GPL one of Open Source licenses, so he can use freely. The case here is when someone is using under GNU/GPL license, he must deliver his derivative work under same license along with proper credits. For that, I haven’t found the source code of his app anywhere yet (The source code for a version popped up this morning in this link http://www.myatminsoe.com/ifyouvisitthisyouaremyson). Beside, he “copyrighted” the app in “About” page.
  • And he said again he “forgot” to credit Paytan but not others in this post.
  • And then he claimed again that he wrote the first two versions on his own and the last version was using Paytan in this fb post. He has no explanation for his “own” versions which I used as test-app and I don’t see any major differences in conversion results between versions.

Tags: , , ,

· · · ◊ ◊ ◊ · · ·

Credit is Respect

21 Dec 2012

Properly crediting is respecting the original authors whether it’s a pile of books or a line of codes in opensource projects.

တစ်ကြောင်းဖြစ်ဖြစ် တစ်ပိုဒ်ဖြစ်ဖြစ် မူရင်းရေးသူကို လေးလေးစားစားနဲ့ ခရက်ဒစ်ပေးဖို့ လိုကိုလိုပါတယ်။

I have written a piece when someone used a modified photo and refused to give credits. It’s happening again in Myanmar IT community. This time, the morale seems controversial.

အရင်တစ်ခါလည်း ရန်ကုန်ဘတ်စ် ဓာတ်ပုံကိစ္စနဲ့ ရေးခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်လည်း မနေနိုင်မထိုင်နိုင် အစထောင်လိုက်ပါပြီ။ အရင်တစ်ခါနဲ့ မတူတာကတော့ ကိုယ်ပိုင်ရိုက်ထားတာလို့ ခံငြင်းတာမျိုးမဟုတ်ဘဲ လွတ်လပ်ရင်းမြစ်ဖြစ်လို့ ခရက်ဒစ်မပေးလည်း နားလည်ပေးဖို့လိုတယ်ဆိုပြီး ခံငြင်းတာပါ။

The RebornCMS is a CMS based on FuelPHP and it was published not long ago. It was an opensourced project reposited in Github. It was good. A customized CMS properly credited to original authors… wait NO.

မြန်မာတွေ ကိုယ်ပိုင် စီအမ်အက်စ်ရေးတာ ဂုဏ်ယူစရာပါ။ မူရင်း ဖျူရယ်စီအမ်အက်စ်ကိုလည်း ခရက်ဒစ်ပေးထားပါတယ်။

It clearly used FuelPHP and gave credits to it. I am happy with it. But the point of the opensource is that you need to give credits for any line of codes you used(copied). It seems to have used codes from other CMSes, at least from PyroCMS. But it got no credit.

ဒါပေမဲ့ ပိုင်ရိုစီအမ်အက်စ်ထဲက ကုဒ်တွေနဲ့ ကွန်းမန့်တွေလည်းပါနေပါတယ်။ ခရက်ဒစ်ပေးမထားပါ။

It must have been carelessness or ignorance. But clearly, ignorance is not a “bliss” in this case.

Once, I heard a story of a woman who shopped at a mall in Yangon. She got a call and needed a stronger signal. So, she walked out of the mall, while carrying all the unchecked goods. She was arrested by securities and later was jailed for six months. I believed she was innocent except for her carelessness.

Here is a couple of lines from PyroCMS’s legal notice:

  • A copy of this license agreement must be included with the distribution.
  • Redistributions of source code must retain the above copyright notice in all source code files that originally contained it.

Opensource community asks for nothing but contribution and credits. Using the source and not contributing is ok and not to blame. Yet, missing for giving credits is a mistake. You may not be stealing it. But you were still at fault by giving various excuses. What you guys need to do is just to admit your mistake and give proper credits. Taking down the repo along with the comments is another mistake (screenshot). It’s just like covering up the story.

လွတ်လပ်ရင်းမြစ်မှာ ပံ့ပိုးပေးခြင်းနဲ့ ခရက်ဒစ်ပေးခြင်းဟာ ထိပ်ဆုံးက အရေးကြီးတဲ့ အချက်တွေပါ။ သူတပါးရင်းမြစ်တွေကို ယူသုံးတိုင်း ပြန်လည်ပံ့ပိုးပေးဖို့ မလုပ်မဖြစ်လိုတာ မဟုတ်ပေမဲ့ ခရက်ဒစ်ကိုတော့ မပေးမဖြစ် ပေးဖို့ လိုကိုလိုအပ်ပါတယ်။ ရီပိုနဲ့ ကွန်းမန့်တွေကို အတူတကွ ဖျက်ချပစ်တာလည်း မဖြစ်သင့်ပါဘူး။ သမိုင်းကို ဖုံးကွယ်သလိုဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ကုဒ်တွေနဲ့ ပြင်ဆင်ချက်၊ ခရက်ဒစ်တွေကိုသာ ထပ်တင်သင့်တယ် မဟုတ်ပါလား။

Oh, and 2kbps and unstable Unicode are also bullshit. I saw many guys streaming Youtube videos on many of internet cafes here. And Microsoft and Apple are putting Myanmar language supports in their OSes. So, skip the lame excuses, will you?

So, I want to second this post. “Guys, right the wrong!” by admitting the mistake and giving proper credits. It’s something to be proud of than giving excuses.

ကော်နက်ရှင်နှေးလို့၊ မြန်မာပြည်မှာနေလို့ ဘာညာနဲ့ အကြောင်းပြနေတာလည်း နည်းလမ်းမကျပါဘူး။ ကိုယ်လုပ်တာအထာမကျလို့ ကိုယ်ထက်သိတဲ့သူကပြောရင် ဝန်ခံပြီး ပြင်လိုက်ရုံပါပဲ။ Steal ဆိုတဲ့ စကားတစ်ကွက်နဲ့ ကတ်ကတ်လန်အောင် ဆင်ခြေပေးနေတာ ဘေးကဖတ်နေရတာ အမြင်မတော်ပါ။ ဒီကိစ္စဖြစ်တာ သုံးပတ်လောက်ရှိပြီ၊ ဘယ်သူမှမပြော အွန်လိုင်းလည်း ကောင်းကောင်းမသုံးဖြစ်လို့ ဒီနေ့မှ FB မှာ တွေ့ပါတယ်။ မြန်မာလင့်က ထွက်တဲ့ ဒဗလော့ပါတွေ အများကြီးရှိလို့ ဒီလိုပြောတာ ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ ဝန်ခံပါ၊ ပြင်လိုက်ပါ။ ဒါအကောင်းဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံး ဖြေရှင်းနည်းပါပဲ။

##ဘိုလိုနဲ့ ဗမာလိုရေးထားတာ ဘာသာပြန်မဟုတ်၊ တခြားစီ။ ကြည့်ကျက်သာ ဖတ်ကြကုန်။

#23 Dec 2012 update
The developer of PyroCMS advised to credit with copyright intact or remove all pyro codes from source. He said it took him only 4 years to create PyroCMS. The twitter discussion is here.

#29 Dec 2012 update
I found a folk here and a discussion here today. Seems it swapped PyroCMS function with FuelPHP engine.

Tags: , , , ,

· · · ◊ ◊ ◊ · · ·

Some might wonder why there are little written forms of brief history of Zawgyi and Unicode. It seems that many people just don’t want to dig the past. If that’s the case, I might as well be the villain again digging up the old pasts. If there is any mistake written here, it’s the responsibility of me alone.

Brief

ယူနီကုဒ်လက်ရှိ စွဲစွဲမြဲမြဲသုံးနေသူတွေထဲမှာ ဇော်ဂျီဖောင့် မသုံးဖူးတာ၊ မသုံးတတ်တာ တစ်ယောက်မှမရှိလို့ ပြောရင် ရမယ်။ ယူနီကုဒ်ထက် ဘာပိုကောင်းလဲမေးရင် (၁) ရှေးဦးပိုင်း ယူနီကုဒ်ဖောင့် တချို့ထက် စာလုံးပုံစံ ကြည့်ရတာ ပိုအဆင်ပြေတယ်။ (၂) မြန်မာတွေ ကွန်ပျူတာစသင်ရင် ရင်းနှီးပြီးသားဖြစ်တဲ့ ဝင်းဖောင့်တွေနဲ့ အလားတူ အမြင်အရ စာလုံးစီတာဖြစ်တဲ့အတွက် အရင်လာ အရင်ရိုက် နောက်မှလာ နောက်မှရိုက်စနစ်ဖြစ်တဲ့အတွက် ပိုနားလည်လွယ်တယ်။ (၃) လူသုံးများတယ်။ ဘာပိုမကောင်းလဲမေးရင် (၁) စံ စတန်းဒတ်ကို မလိုက်နာဘဲ တိုင်းရင်းသား အက္ခရာနေရာတွေယူသုံးတဲ့အတွက် တခြားတိုင်းရင်းသားဘာသာတွေ သုံးမရဘူး။ (၂) Apple, Windows, Linux စတဲ့ အဓိက ပလက်ဖောင်းတွေမှာ အသင့်ပါလာပြီးသားဖြစ်တဲ့ စံစနစ်နဲ့ မကိုက်ညီဘူး။ ရှင်းအောင်ပြောရရင် ဇော်ဂျီဖောင့်သွင်းမထားရင်၊ စာသားကို ဇော်ဂျီတိုက်ဖေ့စ်အဖြစ် သတ်မှတ်မထားရင် ဖတ်မရဘူး။ (၃) စာအုပ်စာရင်း၊ လူစာရင်း၊ ဆောင်းပါးစာရင်း အစရှိတာတွေအတွက် မြန်မာလို အက္ခရာ စီမရဘူး။ (၄) ရရစ်ရှစ်မျိုး၊ ရကောက်သုံးမျိုး၊ ဘကုန်းသုံးမျိုး အစရှိသဖြင့် ကုဒ်ပွိုင့်အများကြီး ထပ်နေတဲ့အတွက် ရှာတဲ့နေရာ၊ သတ်ပုံစစ်တဲ့နေရာတွေမှာ အဆင်မပြေဘူး။ (၅) ယူနီကုဒ်ကို အခြေခံသတ်မှတ်ထားတဲ့ ICU စနစ်သုံး OS, ဘရောက်ဇာ တွေမှာ Select မှတ်တာ၊ တွက်ချက်တာတွေ အဆင်မပြေဘူး။ (၆) ဇော်ဂျီမှာ ဇော်ဂျီစာလုံးပုံစံတစ်မျိုးသာ ရှိတယ်။

လက်ရှိကြုံနေတာတော့ နိုင်ငံတကာ စံအတိုင်းသွားနေတဲ့ လူသုံးများတဲ့ဆော့ဝဲတွေ ဝန်ဆောင်မှုတွေကို မြန်မာမှုပြုရာမှာ တွေ့ရတဲ့ ပြဿနာပါ။ ကိုယ်က ယူနီကုဒ်နဲ့ ပြန်ထားတယ်။ နောက်တစ်ယောက်က ဇော်ဂျီနဲ့ လာပြင်သွားတယ်။ ဒါမှမဟုတ် Google Map လိုနေရာမျိုးမှာ ဇော်ဂျီနဲ့လာရေးသွားတယ်။ Approve လုပ်တဲ့ Member တွေက မြန်မာစာမတတ်တော့ ဟုတ်ပြီဆိုပြီး Publish လုပ်ပေးလိုက်တယ်။ ဆာဗာက ပုံဖော်တော့ ပဲပင်ပေါက်လိုစာတွေ ထွက်လာတယ်။ ကိုယ်ကနောက်ပိုင်း တွေ့မိလို့ သွားပြင်တော့ မေးခွန်းထုတ်ခံရတယ်။ သက်သေပြရတယ်။ စောင့်ရတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ ကြာတော့ တစ်ယောက်ချင်း ရှင်းပြနေရတာ စိတ်ကုန်လာတယ်။ ယူနီကုဒ် နဲ့ ဇော်ဂျီ ဘာကွာလဲ မသိတဲ့လူတွေက မြန်မာစာ အွန်လိုင်းသုံးတဲ့သူတွေရဲ့ ၉၀ ရာနှုန်းကျော်ရှိမယ်ထင်တယ်။ တချို့လည်း ကြားဖူးနားဝရှိမယ်။ တချို့လည်း ယူနီကုဒ်စသုံးကြည့်လို့ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရတာ အဆင်မပြေတာ၊ ကိုယ့်စာကို လူမဖတ်တော့တာ ရှိလို့ စိတ်ပျက်ပြီး ဇော်ဂျီပြန်သုံးတာရှိမယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အနှေးနဲ့အမြန် အွန်လိုင်းသုံးတဲ့ မြန်မာတိုင်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရတော့မယ့် အရာဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ၊ သုံးတတ်အောင် စမ်းကြည့်ထားဖို့ နီးစပ်ရာ အပေါင်းအသင်းတွေကို တိုက်တွန်းပါတယ်။

အခုဆို မြန်မာ၃ နဲ့ ပိတောက် လောက်သာ ယူနီကုဒ်ဖောင့် ရှိတော့တာမဟုတ်ဘဲ Microsoft နဲ့ Apple အပါအဝင် မိမိကိုယ်ပိုင် နည်းပညာအမျိုးမျိုးနဲ့ ချဉ်းကပ်ပုံအမျိုးမျိုးနဲ့ လုပ်ထားတဲ့ ယူနီကုဒ်စနစ်ကို လိုက်နာထားတဲ့ ဖောင့်တွေ ရှိနေပြီဖြစ်လို့ စာလုံးမလှခြင်းဟာ ပြဿနာအကြီးကြီး မဟုတ်တော့ပါဘူး။ စံတစ်ရပ်တည်းကို လိုက်နာထားတဲ့အတွက် ဖောင့်တစ်မျိုးနဲ့ ရေးထားတာကို နောက်ဖောင့်တစ်မျိုးနဲ့ ကြည့်ရင် အမှန်မမြင်ရတဲ့ ပြဿနာလည်း မရှိတော့ပါဘူး။ မြန်မာစာ သင်ပုန်းကြီးရေးသလို ရိုက်လို့ရတဲ့ လက်ကွက်စနစ်(အိုင်တီဇင်က ဆရာ ဦးတင်ညွန့်ပြောတာတော့ စာမရိုက်တတ်တဲ့ ဦးဇင်းတစ်ပါး နာရီဝက်အတွင်း မြန်မာလိုရိုက်တတ်သွားတယ် ပြောတယ်။)၊ ဝင်းဖောင့်လို ရိုက်လို့ရတဲ့စနစ်၊ ဇော်ဂျီလို ရိုက်လို့ရတဲ့ စနစ်၊ Logical အတိုင်း ရိုက်လို့ရတဲ့စနစ်စသည်ဖြင့် အမျိုးမျိုးသော လက်ကွက်တွေ ရှိနေပြီဖြစ်လို့ လက်ကွက်ပြောင်းသွားလို့ ဆိုတဲ့ အခက်အခဲလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အနည်းနဲ့ အများဆိုသလို အဆင်မပြေမှုတွေကတော့ ကျန်နေတုန်းပါပဲ။

There is no Unicode user who can’t use Zawgyi-One. Pros of Zawgyi:
(1) Beautiful and neat fontface.
(2) Visual sequence is easier to understand.
(3) Popular.

Cons:
(1) Non-standard. We can’t use Ethnic languages with Zawgyi.
(2) Not compatible with Burmese standard fonts from Microsoft, Apple and Linux community.
(3) Cannot sort correctly.
(4) Lots of repeated codepoints to save up for non-reshaping such as 8 codepoints for medial Ra.
(5) Not compatible with ICU. Selection and calculation are difficult.
(6) Only one typeface.

We are having problems in localization since many Zawgyi-One users are unaware of usage of Unicode. That makes conflicts in localization and translations in such as Google Maps and Wikipedia. It’s important that every Myanmar online should have knowledge of Unicode whether they practice Unicode or not.

Now, there are many Unicode fonts for Burmese compatible to each other including fonts from OSX Lion and Windows 8. There are many Unicode layouts for different OSes including Zawgyi layout.

History

၁၉၉၅ မှာ Michael Everson က ယူနီကုဒ်မှာ မြန်မာစာ (ဗမာစာ) ပါအောင် စအဆိုပြုတယ်။ ၉၇ နဲ့ ၉၈ မှာ Proposal နဲ့ ပြင်ဆင်ချက်တွေကို သူပဲ တင်သွင်းတယ်။ ၉၉ ကစပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ပါတယ်။ ၂၀၀၃ မှာ NLP ကို စ ဖွဲ့တယ်။ ၂၀၀၅ မှာ မြန်မာ၁ ဖောင့်ကို စဖြန့်တယ်။ အားနည်းချက်တွေ အများကြီးတွေ့ရတယ်။ လက်တွေ့လုပ်ငန်းခွင် သုံးနိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီချိန်မှာ Solveware က မြစေတီဖောင့် ထွက်လာတယ်။ Web ပေါ်မှာ ပထမဦးဆုံးသော အဆင်ပြေပြေသုံးလို့ရတဲ့ ဖောင့် ဖြစ်လာတယ်။ အခြေခံအက္ခရာတွေမှာ ယူနီကုဒ်စနစ်ကို လိုက်နာထားပေမဲ့ စာလုံးပုံပြောင်းတဲ့နေရာတွေအတွက် Private use အတွက် ချန်ထားတဲ့ ကုဒ်ပွိုင့်တွေထဲက ယူသုံးတယ်။ ဆိုလိုတာက ယူနီကုဒ်စနစ်နဲ့ အပြည့်အဝ မကိုက်ညီဘူး။ သို့သော် မြန်မာစာကို Web ပေါ်မှာ ဒီလိုသုံးလို့ရပါလားဆိုတာ လူတွေ သိသွားကြတယ်။ တနည်းပြောရရင် ကိုလမ်ဘတ် ကြက်ဥထောင်သလိုပဲ။ ဒီလို အဆင်ပြေပြေသုံးလို့ရပေမဲ့ သုံးစွဲခ ဈေးကြီးတာကြောင့် အခမဲ့ သုံးလို့ရမယ့် နည်းတွေ ရှာကြံလာကြတယ်။ အလွယ်ဆုံးကတော့ မြစေတီဖောင့်ကို ဖောင့် Editor တစ်ခုမှာ စာလုံးပုံပြောင်းထည့်လိုက်တာပါပဲ။ ၂၀၀၅ ဝန်းကျင်မှာ Alpha, Geocomp, MyMyanmar နဲ့ ပြည်ပက Bit ဖောင့်တွေ ထွက်လာတယ်။ ရည်ရွယ်ချက်တွေကတော့ ကောင်းကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာစာကို သုံးလို့ရနိုင်တဲ့ပုံစံမျိုးနဲ့ တသမတ်တည်း သုံးနိုင်အောင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့ဖောင့်တွေမှာ မြစေတီရဲ့ ကုဒ်ပွိုင့်အတိုင်း လိုက်ရေးထားရုံမက ဖောင့်ကိုပါ နင်းပြီး မြန်မာစာပြောင်းထည့်ထားတာ အထဲက Font Info တွေပါ နဂိုအတိုင်း ပြန်ပါလာတယ်။ Solveware က နို့တစ်စ်ထုတ်တယ်။ ဇော်ဂျီ ကုဒ်ပွိုင့်တွေ ပြောင်းရေးတယ်၊ Alpha Font ကနေ Alpha Zawgyi, Zawgyi1, Zawgyi-One စသည်ဖြင့် (နာမည်) တဖြည်းဖြည်း ပြောင်းသွားတယ်။ MyMyanmar က စံအတိုင်းလိုက်နာတဲ့ ယူနီကုဒ်ဖောင့် လုပ်ပြသွားတယ်။ ၂၀၀၆ ဇူလိုင် မှာ ယူနီကုဒ် ၅.၁ စံနဲ့ မြန်မာ၂ ထွက်တယ်။ မြန်မာစာနဲ့ မွန်စာအတွက် လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အတွက် Proposal တွေ ထပ်တင်တယ်။ မြန်မာသုံး Model ကို လက်ခံပြီး စံအဖြစ် သတ်မှတ်တဲ့အတွက် ၂၀၀၇ မှာ ယူနီကုဒ် ၅.၂ အတည်ဖြစ်တယ်။ ၂၀၀၇ ဒီဇင်ဘာ ၁၄ မှာ မြန်မာ၃ ကို အများပြည်သူသုံးနိုင်အောင် Publish လုပ်လိုက်တယ်။

ဇော်ဂျီ ၂၀၀၆ ဗားရှင်းကို ၂၀၀၆ ဇူလိုင်မှာ မြန်မာ၂ နဲ့ အပြိုင်ထုတ်တယ်။ ယူနီကုဒ် ၄.၀ သော်လည်းကောင်း၊ ၅.၁ သော်လည်းကောင်း မကိုက်ညီပါ။ စံကို အတည်ပြုချက်မရခင် လက်ဦးမှုရအောင် ထုတ်လိုက်ပုံရတယ်။ Private use area ကို မသုံးဘဲ တိုင်းရင်းသားဘာသာတွေအတွက် ချန်ထားတဲ့ နေရာတွေထဲက ယူသုံးတယ်။ Planet.com.mm မှာ စသုံးတယ်။ အလကားပေးတယ်။ ဖိုရမ်ထဲမှာ လက်ကွက်သွင်းစရာမလိုဘဲ ရိုက်လို့ရအောင်လုပ်ပေးထားတယ်။ ချက်လို့ရတယ်။ မီဒီယာသမားတွေ လုပ်တာဖြစ်တဲ့အတွက် ကြော်ငြာအားကောင်းတယ်။ သုံးရတာအဆင်ပြေတယ်။ တိုတိုပြောရရင် ပေါက်သွားတယ်။ ဖိုရမ်မာတွေ ဘလော့ရေးတော့ ဇော်ဂျီဝမ်းပဲ သုံးကြတယ်။ အချင်းချင်းကူညီကြတယ်။ ဖောင့်ရဲ့ အားနည်းချက်တွေကို ဝိုင်းဝန်းကူညီ ပြင်ဆင်ပေးကြတယ်။ ၂၀၁၀ မြန်မာအွန်လိုင်းအသိုင်းအဝိုင်းမှာ ဖေ့စ်ဘုတ် စ ခေတ်စားတယ်။ ဇော်ဂျီပဲအဓိကသုံးကြတယ်။

Michael Everson proposed codepoints for Burmese in 1995. He proposed again in 1997 and amended in 1998. Myanmar representatives started involving as observers in Unicode consortium in 1999. NLP was founded in 2003. Myanmar1 was published in 2005. It had weaknesses in practical usages. Solveware published Myazedi font in the same year. It was a non-standard font using Private Use codepoints for alternative shapings, yet became the first usable font for web. It was like Columbus’s egg. Many fonts including Zawgyi cloned Myazedi. Solveware published legal notice in local newspaper which force the other fonts to change their codepoints. According to Unicode standard 5.1, Myanmar2 was published in July 2006. Zawgyi-One font was published at the same time. But it didn’t followed neither Unicode 4.0 or Unicode 5.1 standards (probably to compete in publishing date with Myanmar2)and used reserved codepoints for minority languages. There were major updates in Unicode 5.2 and updated font Myanmar3 was published in Dec 14 2007.

Zawgyi-One font was published as freeware and used on popular www.planet.com.mm website in 2006. It became a major hit since the advertising was enormous and most online users are waiting for a usable Burmese font. Bloggers started using Zawgyi-One font and they helped each other. Since then, majority of Burmese online users used Zawgyi-One as primary font and unaware of Unicode standard.

Zawgyi’s Copyright Holder And Recognition

ဇော်ဂျီစာလုံးပုံစံက ASCII ဖောင့်တွေဖြစ်တဲ့ Arthouse ဖောင့်တွေထဲက တစ်ခုဖြစ်တယ်။ ဇော်ဂျီအဖွဲ့ထဲက တစ်ယောက် (လို့ထင်ရသူတစ်ယောက်) က Arthouse ဆီက ဖောင့်နဲ့ဆိုင်တဲ့ အခွင့်အရေး အားလုံး ဝယ်လိုက်တယ် ဆိုပါတယ်။ ခက်တာက ဇော်ဂျီအဖွဲ့ထဲက ပညာရှင်ငါးဦးဆိုတာ ဘယ်သူမှန်း မသိရပါ (သို့မဟုတ် ဝန်မခံပါ)။ MyMyanmar က ထုတ်တဲ့ MyMyanmar ဆော့ဖ်ဝဲမှာ Zawgyi-One/Two/Three စသည်ဖြင့်ပါလာတယ်။ ကွန်ပျူတာဂျာနယ်မှာ Zawgyi-One ကို မိုင်မြန်မာက ဝယ်လိုက်တယ်လို့ ပါလာတယ်။ ဒါပေမဲ့ Arthouse က ကိုဇော်ဝင်းမြတ်နဲ့ အင်တာဗျူးတစ်ခုမှာ Font ပုံစံနဲ့ ပတ်သက်တဲ့ အခွင့်အရေးအားလုံးကို သူသာပိုင်တယ်လို့ ပြောပါတယ်။ ဇော်ဂျီဝမ်းရဲ့ မြန်မာမဟုတ်တဲ့ အက္ခရာတွေမှာတော့ Microsoft ရဲ့ Tahoma ဖောင့်ကို တိုက်ရိုက်ယူသုံးထားပါတယ်။ ယာယီလို့ ပြောပေမဲ့ ခုထိပြင်သေးတာ မတွေ့ပါ။ ၂၀၀၈ Arial ဗားရှင်းမှာ Microsoft ပိုင် Arial ဖောင့်ကို ယူသုံးတယ်။ ၂၀၀၇ မှာ ဇော်ဂျီအဖွဲ့ MCPA Excellence Award ဆုရတယ်။

Zawgyi-One typeface was taken from Arthouse(Mandalay) font package. A member of Zawgyi team unofficially said that they bought all rights of Zawgyi font from font’s designer. One big confusion is that the “five” main founders of Zawgyi font are unknown of (at least did not declared themselves). MyMyanmar software package included Zawgyi-One, Zawgyi-Two and Zawgyi-Three fonts and said it owned Zawgyi font in Computer Journal(Myanmar). Again, Zaw Win Myat of Arthouse said in an interview that he still owned all rights of Zawgyi typeface and he just simply allowed the usage of the font. All other characters of Zawgyi font apart from Burmese codepoints are directly copied from Tahoma font of Microsoft. Zawgyi-Arial version uses Arial font owned by Microsoft too. Zawgyi team won 2007 MCPA Excellence award.

Future Upgrade

ဇော်ဂျီကို ယူနီကုဒ်ဖြစ်အောင် ဇော်ဂျီအဖွဲ့က ပြောင်းပေးမယ့် အချိန်ကို စောင့်နေသူတွေ ရှိတာတွေ့တယ်။ စောင့်မနေပါနဲ့။ ဇော်ဂျီ ကို ဘယ်နည်းနဲ့မှ နဂိုအတိုင်းလည်းဖြစ်အောင် (ဖတ်လို့ရအောင်)၊ ယူနီကုဒ်စနစ်နဲ့လည်း ကိုက်ညီအောင် ပြောင်းလို့မရပါ။ ယူနီကုဒ်ဖောင့်ကို ဇော်ဂျီစာလုံးပုံနဲ့ လိုချင်တယ်ဆိုတော့ ဖြေရှင်းနည်းက လွယ်ပါတယ်။

There are some who waiting for the “right” time when the Zawgyi team would upgrade Zawgyi font to Unicode standard and still compatible with old Zawgyi. But it’s just logically impossible to co-exist since Zawgyi characters and Unicode characters cross-exit. If it’s simply the changing of one of Unicode font’s typeface to Zawgyi typeface, it’s pretty easy.

Ref:

  • http://www.myanmarnlp.org.mm/
  • http://www.unicodeconference.org/
  • http://unicode.org/conference/about-conf.html
  • http://www.zawgyi.net
  • http://www.myanmaritpro.com/
  • http://my.wikipedia.org/wiki/မြန်မာယူနီကုဒ်နေ့ရက်စဉ်သမိုင်း

 

Tags: , , ,

· · · ◊ ◊ ◊ · · ·

Failed Stories

02 Sep 2011

(1) Failed Unicode

ဒီနှစ် ၂၀၁၁ ကို ယူနီကုဒ်နှစ်အဖြစ်သတ်မှတ်ပြီး အားကြိုးမာန်တက်လုပ်ကြမယ်လို့ ယူနီကုဒ် Developer တွေနဲ့ Contributor တွေ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ အကြံပြုကြပါတယ်။ အဲဒီအချိန်က MITP မှာ လတ်တလော တာဝန်ယူနေတဲ့ Admin တစ်ယောက်နဲ့ ပြဿနာဖြစ်လို့ MITP ကထွက်ထားတဲ့ အချိန်ဖြစ်ပါတယ်။ အကြောင်းရင်းက တချို့က ယူနီကုဒ်နဲ့ ရေးချင်တယ်၊ MITP က ယူနီကုဒ်ကို ထောက်ခံတယ်ပြောပေမဲ့ Zawgyi-One, Zawgyi1 ကို Default လုပ်ထားလို့ အလွယ်ရေးမရတဲ့ အတွက် ကျွန်တော်က Post တစ်ခုရေးပြီး ဘာမြန်မာဖောင့်ကိုမှ Default လုပ်မထားဘဲ ထားလိုက်ရင် ကြိုက်တဲ့လူက ကြိုက်တဲ့ဖောင့်နဲ့ရေးလို့ဖတ်လို့ရမယ်လို့ အကြံပြုပါတယ်။ ယူနီကုဒ်နဲ့ရေးချင်ရင် ကိုယ့်ဆိုက်ကိုယ်ထောင်ပြီးရေးလို့ အက်ဒမင်ကပြောလို့ အကျယ်ကျယ် မဖြစ်ချင်လို့ အဲဒီက ထွက်ခဲ့ပါတယ်။ နောက်ပိုင်း MITP မှာ ယူနီကုဒ်နဲ့ပတ်သက်ပြီး မေးတာတွေကို ဖြေသူမရှိတဲ့အတွက် မျက်နှာပြောင်ပြောင်နဲ့ပဲ အကောင့်ပြန်ဝင်ပြီး ဖြေခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ တွေ့လာတာက ယူနီကုဒ်ဆိုရင် စံအဖြစ်သတ်မှတ်ထားတဲ့ ကွန်ပျူတာသုံး မြန်မာစာရယ်လို့ မမြင်နိုင်တော့ဘဲ ယူနီကုဒ်ရယ်၊ စံရယ် စကားတစ်ခုခုကိုပြောလိုက်တာနဲ့ တီဆားတို့သလို ဖြစ်သွားနေတာကို တွေ့ပါတယ်။ ကိုယ်ကလည်း မသိတဲ့လူတွေ့ရင် အလိုက်မသိ ပညာပေးချင်နေတာဆိုတော့ တောက်ညင့်ကတ်ခံရပေါင်းလည်း များပြီ။ အမှတ်မရှိ ကိုယ့်ကိုမမေးပေမဲ့ စံအရေးမကြီးကြောင်း ပြောနေတဲ့ နေရာတစ်ခုမှာ သွားကွန်းမန့်ပေးမိပါတယ်။ ချက်ချင်းပဲ ဖောင့်အကြောင်းရောက်သွားပြီး ယူနီကုဒ်က ဘာလို့ ဇော်ဂျီအရင် မထွက်တာလဲ၊ ဘာလို့ ယူနီကုဒ်တွေ အများကြီးဖြစ်နေတာလဲဆိုတာကို “သောက်” တပ်ပြီး ပြောလာတာကြောင့် ဝမ်းနည်းစွာနဲ့ပဲ တစ်စုံတစ်ခုကို သတိပြုလိုက်မိပါတယ်။ ယူနီကုဒ်မအောင်မြင်ပါ။ ယူနီကုဒ်ဟာ မြန်မာတွေအတွက် ကောင်းလွန်းနေပါတယ်၊ စနစ်ကျလွန်းနေပါတယ်။ ဗြဲလရမ်းရေးတတ်တဲ့ စာလုံးပေါင်းမမှန်တဲ့ လူတွေနဲ့ ဘယ်လိုမှ မကိုက်ပါဘူး။ “ယူနီကုဒ်သမား” “အဲဒီအုပ်စု” ဆိုတဲ့ အမြင်ရှိနေတာလည်း စိတ်မကောင်းစွာ တွေ့လိုက်ရပါတယ်။ လက်ရှိယူနီကုဒ်သုံးနေသူ ယူဇာတွေအနေနဲ့လည်း ဒီ”ယူနီကုဒ်သမား”တွေကို အမြင်မကြည်မှုတွေ ရှိနေပြီး အချိန်မရွေး မသုံးတော့မယ့် အနေအထားမှာ ရှိပါတယ်။

အားလုံးက ခုချိန်မှာ ယူနီကုဒ်ကို တပြေးညီ စနစ်တကျသုံးရင် နောက်လေးငါးဆယ်နှစ်အတွင်းမှာ အသားကျသွားပြီး မြန်မာစာဆိုတာ ဒီလိုပါလား ဆိုတဲ့ ရလဒ်တစ်ခုနဲ့ နောင်လာနောက်သားတွေအတွက် တည်ငြိမ်တဲ့ စနစ်တစ်ခု ဖန်တီးနိုင်မှာ သိပါတယ်။ အဲလို မဟုတ်ဘူးဆိုရင် ခုလာမယ့် Windows8 မှာ Unicode ထည့်ပေးလည်း ဖောင့်ပြင်သုံးကြမယ်၊ Patches တွေလုပ်ပြီး ပါလာတဲ့ ယူနီကုဒ်ဖောင့် ပျက်သွားအောင်လုပ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ သိပါတယ်။ ဒါက နည်းနည်း ရှေ့ရောက်နေတဲ့ အိုင်တီသမားတိုင်းပါဝင်လာရင် ဖြစ်နိုင်မှာပါ။ သို့သော်…။ မဖြစ်နိုင်တော့ပါ။ ဒီလိုပဲ ကိုယ်ကြိုက်တဲ့ဖောင့်ကိုယ်သုံးပြီး ရှေ့လျှောက်လည်း တရွတ်ဆွဲသွားနေဦးမယ်ဆိုတာ မြင်ပါတယ်။

(2) Failed Burmese

သတ်ပုံမှားတယ်ဆိုတာ အွန်လိုင်းမှာ ဆိုက်တိုင်းလိုလို ဘလော့တိုင်းလိုလို ဖြစ်နေတဲ့ ထမင်းစားရေသောက် ကိစ္စဖြစ်နေပါပြီ။ သတ်ပုံမမှားအောင် ဂရုစိုက်ပြီးရေးတဲ့ဆိုက်ဆိုတာ လက်ချိုးရေလို့ ရပါတယ်။ သတ်ပုံမှားလေ၊ နောက်ကြည့်တဲ့လူက လိုက်မှားလေဆိုတော့ မြန်မာအွန်လိုင်းလောကကြီးတစ်ခုလုံးဟာ သတ်ပုံအမှားတွေနဲ့ ပြည့်နေတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။ သတ်ပုံမှာလည်း စံရှိပါတယ်။ စံကိုလိုက်နာတာ ကိုယ့်စာပေ ကိုယ့်ဘာသာကို မြှင့်တင်ရာရောက်သလို ကိုယ့်စာကိုဖတ်မယ့် နောင်လာနောက်သားတွေအတွက် သာဓကပြုစရာ အမှန်တစ်ရပ်ကို ချန်ခဲ့တယ်ဆိုတာ သတိပြုမိသူ နည်းမယ်ထင်ပါတယ်။ သတ်ပုံအမှန်အမှားဆိုတာ မိမိရဲ့ စာပေရေချိန်နဲ့ ဆိုင်ပါတယ်။ သတ်ပုံမှန်တဲ့ စာတွေကို များများဖတ်တဲ့လူဟာ မသိစိတ်မှာ အဲဒီစာလုံးပေါင်းတွေကို ရင်းနှီးပြီးဖြစ်တဲ့အတွက် သတ်ပုံအလိုလို မှန်လာပါတော့တယ်။ ထို့နည်းတူစွာ စာပေရေချိန်နည်းတဲ့လူတွေအတွက် အွန်လိုင်းကဖတ်တဲ့စာတွေဟာ စိတ်ထဲမှာ စွဲပြီး ရေးတိုင်းရေးတိုင်း စာလုံးပေါင်းအမှားတွေ ဖြစ်လာပါတော့တယ်။ အထူးသဖြင့် အွန်လိုင်းမှာ Active ဖြစ်တယ်ဆိုတာ အိုင်တီသမားတွေများပါတယ်။ အိုင်တီသမားအများစု သတ်ပုံဂရုမစိုက်ကြဘူး၊ သတ်ပုံဂရုစိုက်ခြင်းဟာ မြန်မာစာကို ထိန်းသိမ်းခြင်းဖြစ်တယ်လို့လည်း ခံယူထားပုံမပေါ်ပါဘူး လို့ပြောရင် မှန်မယ်ထင်တယ်။ ဒီမိုကရေစီရဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ခံယူရင် မြန်မာစာ အရှည်တည်တံ့ဖို့ သတ်ပုံလေးတော့ မှန်အောင်ရေးဖို့လိုတယ်ဆိုတဲ့ ခံယူချက်တော့ အများစုမှာ မရှိကြပါ။ အင်္ဂလိပ်လိုသာ မှန်အောင်ကြိုးစားရေးကြပေမဲ့ မြန်မာစာကိုတော့ အဲလိုခံယူချက် ရှိတာနည်းပါတယ်။

မြန်မာစာကို မြတ်နိုးတဲ့ လူတစ်စုပေါင်းပြီး သတ်ပုံအမှန်ပြင်ပေးရေး ကော်မတီဆိုပြီး ဖွဲ့ထားကြပါတယ်။ ပထမတော့ တွေ့ရာနေရာမှာကွန်းမန့်ပေးပြီး လိုက်ပြင်ကြပေမဲ့ အမြင်ကတ်ခံရတာ များလာတာ​ေကြာင့် သူများကို အမှန်ပြင်ခြင်း လျှော့လိုက်ကြပါတယ်။ တလောက မြန်မာကျူတိုရီရယ်မှာ ကိုသီဟက သတ်ပုံအမှားတွေ့ရင်လည်း ပြင်ပေးပါဗျာဆိုလို့ ဝမ်းသာအားရနဲ့ ပြင်ပေးကြပါတယ်။ ဟုတ်ပါတယ်၊ ဒီလို လူဖတ်များတဲ့ ဆိုက်တစ်ခုက စပြင်လို့ တဖြည်းဖြည်းနဲ့ လူတွေကို သတ်ပုံမှန်လာအောင် ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်မိတာကိုး။ အမှန်ပြင်တယ်ဆိုရာမှာလည်း အမှားနဲ့ အမှန်ကို တွဲပြပြီး ကွန်းမန့်ပေးတာကို နှစ်သက်ပါတယ်။ အဲဒါက မြင်လွယ်ပြီး စိတ်ထဲကို ဒိုင်းကနဲ့ ရောက်သွားစေတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘာသာရပ်နဲ့မဆိုင်ဘဲ သတ်ပုံလာပြင်တာ မကြိုက်ဘူး၊ မှားလည်းအရေးမကြီး ဖတ်သူနားလည်ရင်ပြီးတာပဲဆိုတဲ့ အပေါက်မျိုး အပြောခံလိုက်ရပါတယ်။ အဲဒီစိတ်ဓာတ်ကို မကြိုက်ပါ။ ဗမာစာသည် တို့စာရယ်လို့ဖြစ်အောင် အင်္ဂလိပ်လက်အောက်မှာ ပြန်တူးဆွ ထိန်းသိမ်းခဲ့ရတာ နှစ်တစ်ရာ မပြည့်သေးပါ။ ဒီလိုစိတ်ဓာတ်တွေက မြန်မာစာ ပျောက်သွားအောင်၊ ပျက်သွားအောင် တွန်းချနေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်သွားကြည့်တော့ ကွန်းမန့်ပိတ်သွားပါပြီ။ ဒါကြောင့် FB မှာ Status တင်ပါတယ်။ ကိုယ်ပြောတဲ့ အပေါက်က အချိုးမပြေတော့ ပြဿနာမီးထွန်းရှာသလို ဖြစ်ပါတယ်။

အဲဒီကစ အကျယ်အကျယ်မငြိမ်းဖွယ်တွေဖြစ်ပြီး ညောင်မြစ်တူးလို့ ပုတ်သင်ဥပေါ်တဲ့ ကိစ္စတွေ ဖြစ်ကုန်ပါတယ်။ ဘာမဆိုင်ညာမဆိုင် ယူနီကုဒ်လည်း ပတ်ရမ်းခံလိုက်ရသလို “ယူနီကုဒ်အဖွဲ့” ဆိုတဲ့ အမြင်က ယူနီကုဒ်သုံးသူယူဇာတွေ ကြားထဲမှာရှိတာလည်း တွေ့လိုက်ရပါတယ်။ ဒီဆိုက်အကြောင်းပြောချင်ရင် ဒီဆိုက်မှာ Contribute လုပ်မှပြောဆိုတဲ့ အမြင်ရယ်၊ သတ်ပုံပြင်ခြင်းသည် သိပ်အရေးမကြီး ဆိုတဲ့အမြင်ရယ်၊ စံတစ်ခုသတ်မှတ်သုံးစွဲစရာမလိုကြောင်းဆိုတဲ့ အမြင်တွေရယ် တွေ့လိုက်ရတော့ ကျွန်တော်တို့ပြောပြောနေတဲ့ စံဆိုတာရယ်၊ မြန်မာစာကို တန်ဖိုးထားဖို့ရယ်ဆိုတာတွေက ပြောသာပြော၊ ဒီဘက်နားကဝင် ဟိုဘက်နားကထွက်သွားပါလားလို့ သိလိုက်ရပါတယ်။ သူတပါးနားဝင်အောင် မပြောတတ် မပြောနိုင်၊ ပြောတိုင်းလည်း ဆရာကြီးလေသံတွေဖြစ်ဖြစ်နေတတ်တဲ့ ကိုယ့်ရဲ့ ရေးပုံရေးပေါက်ကိုပဲ အပြစ်တင်မိပါတော့တယ်။

(3) Failed Credit

ဘာသာစကားမှာ ရင်းမြစ်ဒေတာတွေက အရေးကြီးတယ်၊ နည်းပညာက နောက်မှလာတယ်ဆိုတာ ဘာသာဗေဒကို လုပ်နေသူတိုင်းသိပါတယ်။ အခု အွန်လိုင်းမှာ ခေတ်စားနေတာ အဘိဓာန်ပါ။ ဟိုလူအဘိဓာန်လုပ်တယ်၊ ဒီလူအဘိဓာန်လုပ်တယ်နဲ့လည်း တွေ့တွေ့နေရတာပါ။ ကောင်းတဲ့စိတ်ကို အခြေခံကြပြီးလုပ်တာဖြစ်ပေမဲ့ Credit ပေးဖို့ကိစ္စကိုတော့ သိပ်အရေးထားကြတာ မတွေ့ပါဘူး။ အခုအွန်လိုင်းမှာ အများဆုံး ယူသုံးနေတာက Ornagai ရယ် Saing dict က ဒေတာတွေဖြစ်ပါတယ်။ အဲဒီက ဒေတာတွေ ဘယ်ကရလဲ ဆိုတာ အသေးစိတ် Credit ထားဖို့တော့ မေ့နေလို့ပဲဖြစ်ဖြစ်၊ မအားကြလို့ပဲဖြစ်ဖြစ် ဖြစ်ပါလိမ့်မယ်။ Ant ပုရွက်ဆိတ်ဆိုတာ လူတိုင်းက ဒီလိုပဲ ပြန်မှာပါပဲ။ ဒါပေမဲ့ ဒီထက်ပိုတဲ့ ဖွင့်ဆိုချက်တွေ ရှိလာမယ်ဆိုရင် အဘိဓာန်တစ်ခုနဲ့ တစ်ခု ကွဲသွားမှာပါ။ အဘိဓာန်ပြုစုတယ်ဆိုတာ ဆယ်စုနှစ်နဲ့ ချီပြီး ကြာတဲ့ ကိစ္စပါ။ ကိုယ်က ပြန်ကူးယူပြီးဖြန့်တယ်ဆိုရင် ကိုယ်လက်ညောင်းပေမဲ့ မူရင်းပြုစုသူတွေ အဆပေါင်းများစွာ ပင်ပန်းခဲ့တယ်ဆိုတာ သတိရဖို့ပါ။

အစက မပါတဲ့ စာလုံးတွေလည်း နောက်ပိုင်းကိုယ့်ဟာကိုယ်စဉ်းစားပြီး ထပ်ဖြည့်ရင်း ကြာတော့ ဘယ်သူဘာလုပ်ခဲ့တယ်ဆိုတာ အမှတ်အသား မရှိတော့ပါ။ မူရင်း သာလွန်လား၊ မြန်မာနိုင်ငံ အင်္ဂလိပ်စာအဖွဲ့လား စကားလုံးတစ်လုံးချင်းမှာ Ref လုပ်ဖို့ လိုတာ အမှန်ပဲ။ အကျဉ်းချုပ်မဟုတ်တဲ့ အဘိဓာန်တွေမှာ ရှုပ်ထွေးတဲ့စာလုံးတွေ၊ တခြားက ကိုးကားယူရတဲ့ စာလုံးတွေဆိုရင် အောက်မှာ footnote နဲ့ Ref တွေ ထည့်ပေးကြပါတယ်။ ကိုးကားအစုံကတော့ အဘိဓာန်နောက်ဆုံးမှာ အမြဲပါပါတယ်။ အစက ref တပ်တာကို မလုပ်ခဲ့ရင်တောင် နောက်ပိုင်းမှာ field တစ်ခုအနေနဲ့ တပ်သွားဖို့ အကြံပြုချင်ပါတယ်။ လောလောဆယ်တော့ သောင်းချီသိန်းချီနေတဲ့ Data တွေနဲ့ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်။ ဒီအတွေးတွေးမိတာကလည်း အခုရက်ပိုင်း VOA သတင်းမှာ မြင်လိုက်တဲ့ Gtalk ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်ဆိုတာမှာ ဦးဟုတ်စိန်နာမည်တစ်လုံး မတွေ့မိလို့ ဖြစ်ပါတယ်။

Conclusion

Prediction လုပ်တာ ဝါသနာပါလို့ ပြောချင်ပါတယ်။ ဒီစာရေးတဲ့အချိန်ကစလို့ နောက်ဆယ်နှစ်အတွင်း ၁။ မြန်မာပြည်ဒီမိုကရေစီ(အစစ်အမှန်)ရဖို့လည်းမမြင်၊ ၂။ ယူနီကုဒ်ကို လူကြိုက်များလာဖို့လည်းမမြင်၊ ၃။ မြန်မာစာစာလုံးပေါင်းလည်း ပိုမှန်လာဖို့လည်းမမြင်မိ။ ဒီယူနီကုဒ်ကိစ္စ၊ သတ်ပုံကိစ္စ၊ ဝီကီကိစ္စတွေလုပ်နေတယ်ဆိုတာလည်း မြန်မာစာကို ချစ်တဲ့စိတ်တစ်ခုနဲ့ လုပ်နေတာပါ။ အချိန်အရမ်းကုန်ပါတယ်။ အချိန်ကုန်သလောက် ရလာတဲ့ Feedback နဲ့ အမြင်တွေကလည်း အားရစရာ မကောင်းပါ။ ဒီတော့ ဒီကိစ္စတွေ (ကျွန်တော့်အနေနဲ့) မအောင်မြင်ဘူးလို့ ဝမ်းနည်းစွာနဲ့ပဲ ကိုယ့်ဟာကိုယ် သုံးသပ်ပါတယ်။ မြန်မာဝီကီမှာ အားကြိုးမာန်တက် တစ်ကိုယ်တော် ကြဲခဲ့တဲ့ ကိုဟင်္သာ ဘာလို့ထွက်သွားသလဲဆိုတာ ရိပ်ခနဲ မြင်လိုက်သလို ရှိပါတယ်။ ယူနီကုဒ်ကိစ္စကို လက်ရှိ Developer တွေအနေနဲ့ ဆက်လုပ်ကြပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ စိတ်ပါရင် ပါသလို တိုးတိုးတိတ်တိတ်နဲ့ ဒီဘလော့လေးမှာ ရေးသွားပါဦးမယ်။ ယူနီကုဒ်နဲ့ သတ်ပုံကိစ္စကိုတော့ အမြင်ကတ်ခံ လူမုန်းခံပြီး ဘယ်နေရာမှာမှ သွားရောက်ပြောကြား ကွန်းမန့်ထားတော့မှာ မဟုတ်တော့ပါ။ ဒါပါပဲ။

Tags: , ,

· · · ◊ ◊ ◊ · · ·

တစ်နေ့သ၌ ကျွန်ုပ်မောင်သီဟကလေးသည် မရောက်သည်မှ ကြာလုပြီဖြစ်သော ဘွားပု၏ ဇာတိ မုဒုံခရိုင် စံပြရွာသို့ အလည်တစ်ခေါက် ရောက်ခဲ့ချေသည်။ ရွာထဲသို့ ဝင်လိုက်ကတည်းက ခါတိုင်းနှင့်မတူ တစ်ခုခုတော့ ထူးသည်ကို သတိပြုမိလိုက်သည်။ ပထမဆုံးဝင်တွေ့သူက ငယ်ငယ်က ခွေလှိမ့်ဘက် ဗလကြီး။ နာမည်နှင့်လိုက်အောင် လူကလည်း ထွားကြိုင်းလှသည်။

ဗလကြီးဆန်ဆိုင်သို့ ဝင်လိုက်သည်နှင့် သတိပြုမိလိုက်သည်က တင်းတောင်းမကျ ပြည်တောင်းမကသော တောင်းကြီးတွေ။

“ဟေ့ကောင် ဗလကြီး ဒီကိုးလိုးကန့်လန့် တောင်းတွေက ဘာလုပ်ဖို့လဲ။”

“ဟာကွာ ဒါ ဗလကြီးပြည်တောင်းကွ။”

“ဟင် မင့်ပြည်တောင်းတွေက အယ်စတုံကြီးတွေ။”

“အေးလေ ငါ့ဗလနဲ့ ဒါနဲ့မှ အနေတော်ပဲ။ ပြည်တောင်း ပိစိကွေးလေးတွေ အားမရပါဘူးကွာ။”

“ဟာ ဒါတွေနဲ့ ရောင်းတော့ မရှုံးဘူးလား။”

“အို ဈေးကိုလည်း ကြည့်ကြပ်တင်လိုက်တာပေါ့ ပိုတောင်မြတ်သေး။ ရွာထဲမှာဆို ငါ့တောင်းတွေကို လူကြိုက်များလို့ ဆန်မရောင်းဘဲ တောင်းရက်ရောင်းရင်တောင် စီးပွားအတော်ဖြစ်နေပြီ။”

“ဒါဆို တခြားရွာက ဆန်ကုန်သည်တွေနဲ့ ဘယ်လို အရောင်းအဝယ်လုပ်တုံး။”

“ကိုးပြည်နဲ့လေးလုံးဆို သူတို့ တစ်တင်းပဲလေ။ ဒီလိုပဲ တွက်ပြီး ရောင်းဝယ်ရတာပေါ့။”

“ဒါပေမဲ့ ခေတ်အဆက်ဆက် အစိုးရတွေ သတ်မှတ်ထားတဲ့စံ…”

“တော်တော် ဒါတွေလာမပြောနဲ့ ငါအကုန်သိတယ်။ ဒီမှာ ငသီဟ… မင်းဟာ ဘာစံကြီးပဲ ဖြစ်ဖြစ် အန်းယူဇာက အရေးကြီးဆုံးပဲကွ မှတ်ထား။ ယူဇာချွိုက် ယူဇာချွိုက်။”

ဪ… သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတာပဲ။ တွေးလျက် မောင်သီဟသည် ဗလကြီးဆန်ဆိုင်မှ ခွာခဲ့သည်။ အနည်းငယ်လျှောက်သော် ညောင်ညိုပင်အောက်မှ အကြော်သည် ဒေါ်ဘုမ၏ ဆိုင်သို့ ရောက်၏။

ဒေါ်ဘုမ အကျော်စိုင်မဟာ ငပျောကိုကျော် မျင်းခွာကျော်လျှက် ဗူးသီးလဲကျော် ကျက်သွန်ကျော်တမြီ အကျော်ဇုံ ၇ပီ။

ထူးဆန်းသော ဆိုင်းဘုတ်သည် ကျွန်ုပ်အား ကြိုလင့်၏။ ကျွန်ုပ်ကိုမြင်သော် ဒေါ်ဘုမသည် ပြာပြာသလဲပင် ခွေးခြေတစ်လုံး ထိုးပေး၍ ရေနွေးအိုး ချလေ၏။

“အကြော်စုံ တစ်ပွဲ အချဉ်များများဗျာ… ဒါနဲ့ ဘာလို့ စာလုံးပေါင်းတွေ အမှားရေးရသတုံး။ ဘုန်းဘုန်းစွန့်ထားတဲ့ စာလုံးပေါင်း သတ်ပုံကျမ်း ရှိသေးတယ်မဟုတ်လား။”

ဒေါ်ဘုမသည် ကျွန်ုပ်အား သနားစရာ သတ္တဝါအလား ကြည့်လျက် ခေါင်းယမ်းလေ၏။

“ဒီမှာ မောင်သီဟ ၂၁ ရာစုမှာ စံတွေ စနစ်တွေ မလိုတော့ဘူး။ မော်ဒန်မှာ ကာရန်တွေ သတ်ပုံတွေ အားလုံးကို ချိုးဖျက်လိုက်ပြီ။ အဓိကက စားသုံးသူ အန်းယူဇာ နားလည်ဖို့ပဲ။ ဒီလို စတန့်ထွင်မှ ရွာမြောက်ဘက်ခြမ်းက တစ်ခုလပ်မ အကြော်ဆိုင်ကို ဖိုက်နိုင်မှာပေါ့။ အခုမြင်တဲ့အတိုင်းပဲ လူစည်နေတာတွေ့တယ်မဟုတ်လား။ ယူဇာချွိုက် ယူဇာချွိုက်။”

ဒေါ်ဘုမသည် ပြောရင်းဆိုရင်း အကြော်စုံပန်းကန်ကို အချဉ်နိုင်းချင်းနှင့် ချပေးလေ၏။ ကျွန်ုပ်လည်း ဒေါ်ဘုမ၏ ဩဝါဒကို အံ့ဩဘနန်း နားထောင်ရင်း အကြော်စုံကို အကြွေးစားခဲ့လေ၏။ ဒေါ်ဘုမအကြော်ဆိုင်မှထွက်သော် ကျောင်းဆရာလေး ကိုကြိုင်နီနှင့် တိုးလေ၏။

“ဟာ ဆရာလေး မတွေ့တာကြာပေါ့ နေကောင်းလား။”

“ကျုပ်စာမသင်တော့ဘူး ကိုသီဟ။”

“ဗျာ ဘာဖြစ်လို့လဲ။”

“ကျုပ် ယဉ်ကျေးမှုတော်လှန်ရေး လုပ်နေတယ်။ အဲ ဘောဒိုင်လည်း နည်းနည်းပါးပါးလုပ်ပါတယ်။”

ယဉ်ကျေးမှုတော်လှန်ရေး။ မောင်သီဟငယ်ခမျာ မျက်ဝိုင်းများ အလုံးသားဖြစ်သွားတော့သည်။ ကျောင်းဆရာက မျက်မှန်ကိုပင့်လျက် ဆက်ပြောသည်။

“ကျုပ် ရန်ကုန်တစ်ခေါက်သွားတော့ မုခစာအုပ်ဆိုတဲ့ အိမ်သာနက်စာမျက်နှာ တစ်ခုကို ရောက်ခဲ့တယ်။ ရောက်တုန်းရောက်ခိုက် သူများအတွင်းရေးတွေ လှန်လှောရင်းနဲ့ ယူဇာချွိုက်ဆိုတာကို ကျုပ်သဘောကျလာတာပဲ။ လူတစ်ချို့က လူနားမလည်တဲ့ ဂြိုဟ်သားစာတွေနဲ့ ရေးကြတယ်ဗျ။ ကျုပ်မေးကြည့်တော့ အန်းယူဇာတွေရဲ့ ယူဇာချွိုက်ကို နားမလည်တဲ့ သဘောက်မသား လူရမ်းကားတွေဆိုပဲ။”

မောင်သီဟလည်း ဉာဏ်မမီနိုင်။ ပါးစပ်အဟောင်းသားနှင့် ရင်သပ်ရှုမော နားထောင်ရ၏။

“ကျုပ် အဲဒါကို အရမ်းသဘောကျတယ်။ ယူဇာချွိုက်ဆိုတာ ဒီမိုကလေဇီပဲ။ အခုကျုပ် ဖိနပ်ကျွဲတစ်ဘက်နွားတစ်ဘက်စီးတယ်။ ကျုပ်မိန်းမ အတွင်းခံတွေ ယူဝတ်တယ်။ စည်းတွေ စံတွေ စနစ်တွေဆိုတာ လူတွေကို ဘောင်ခတ်ထားတာပဲ။ အခုဆို ရွာကလူတွေလည်း ကျုပ်ဟောပြောထားလို့ ယူဇာချွိုက်မှ ယူဇာချွိုက် ဖြစ်နေပြီလေ။ တခြားရွာတွေနဲ့ မတူတာကို ဒီရွာရဲ့ရွေးချယ်မှု ယူဇာချွိုက်ပေါ့။ သူကြီးတောင်မှ သူ့ပေတံအကျိုးလေး ရှစ်လက်မခွဲပဲ ရှိတာကို တစ်ပေသတ်မှတ်မလို့ လုပ်နေတယ်လေ။ ကျုပ်လည်း ပြောလိုက်တယ်လေ လုပ်သာလုပ် ဒီရွာက အများသဘူတောရင် ယူဇာချွိုက်ပဲ လို့။ သူများတွေလည်း ပေတံဘာတံ ကောင်းကောင်းရှိတာမှ မဟုတ်တာ။ လုပ်ပေးတာပဲ ကျေးဇူးတင်ရမယ်လေ။ အခုဆို သူကြီးက သူ့ပေတံနဲ့တိုင်းပြီးတော့ သစ်ဖြတ်စ အပိုင်းလေးတွေ လုပ်ပေးလိုက်တာ အားလုံးသဘောကျလို့။”

ဒီမိုကလေဇီ ဘောင်ခတ်… စကားလုံးများက မြင့်ပါဘိတောင်း။ ကျွန်ုပ်လည်း အံအားတသင့်နှင့် နုတ်ဘုတ်ငယ်ကို ထုတ်ကာ မှတ်သားသမှုပြုရ၏။

“ရွာဦးကျောင်းက ဘုန်းဘုန်းကတော့ ခေါင်းမာတယ်ဗျ ဘယ်လိုမှ ပြောမရဘူး။ ပိဋကတ်သုံးပုံ သင်္ဂါယနာမူက ကြီးလွန်းတယ်။ အခက်ဆုံး နှစ်ပုံခွဲလောက် လွှင့်ပစ်လိုက်ရင် သာမန်လူ လေ့လာလို့ရအောင် ကျုံ့သွားရင် လူတွေသဘောကျကြမှာပဲလို့၊ လူကြိုက်များလာရင် ဘုန်းဘုန်းမူက ယူဇာချွိုက်ဖြစ်လာမှာပဲလို့ ပြောမိတာဗျာ…”

ပြောရင်းဆိုရင်း ကျောင်းဆရာသည် ကျွန်ုပ်ပခုံးကို ကျော်ကြည့်ကာ ဖိနပ်နှစ်ဘက်ကို ခါးကြားကောက်ထိုးလျက် သုတ်ကနဲ ပြေးထွက်သွားလေ၏။ နောက်ပြန်လှည့်ကြည့်သော် ကျောင်းဆရာအား လိုက်ရှာနေသော ဘုန်းဘုန်းကို ကြိမ်လုံးကိုင်လျက် တွေ့လိုက်ရလေသတည်း။

Tags: , ,

· · · ◊ ◊ ◊ · · ·

Tall Tales

09 Aug 2011

    * ယူနီကုဒ်သည် ဖောင့် ဖြစ်သည်။     * ယူနီကုဒ်သည် ဖောင့်အများကြီးထဲမှ တစ်ခုဖြစ်သည်။     * ယူနီကုဒ်သည် မြန်မာ၃ ဖောင့် ဖြစ်သည်။     * ယူနီကုဒ်သမားဆိုသည်မှာ ယူနီကုဒ်ဖောင့်လုပ်သူများဖြစ်သည်။     * ယူနီကုဒ်သုံးရတာ ဇော်ဂျီထက် ခက်သည်။     * ယူနီကုဒ် Install လုပ်ရတာ ခက်သည်။     * ယူနီကုဒ်ရိုက်ရတာ ခက်သည်။     * ယူနီကုဒ်နှင့်ပတ်သက်သော လိုင်စင်ကို ငွေထွန်းပိုင်သည်။     * ယူနီကုဒ်နှင့်ပတ်သက်သော လိုင်စင်ကို မြန်မာ NLP ပိုင်သည်။     * ယူနီကုဒ်ကို မြန်မာ NLP မှ တီထွင်သည်။     * မြန်မာယူနီကုဒ်သည် အစိုးရပိုင် ပရောဂျက်ဖြစ်သည်။     * မြန်မာယူနီကုဒ်သည် မြန်မာများအတွက်သာ ဖြစ်သည်။     * ယူနီကုဒ်သည် သုံးရန်အဆင်သင့်မဖြစ်သေး၊ ပြင်ရဦးမည်။     * ယူနီကုဒ်သမားများ မြန်မာစာ ကောင်းကောင်းမတတ်ကြ၊ အဘယ်ကြောင့် ရရစ်ကို ဗျည်းနောက်က ရိုက်ရသနည်း။     * ယူနီကုဒ်အကြောင်းကို မိမိဘာသာ လေ့လာမရနိုင်။ ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှု လေ့လာသင်ကြားပေးသူ ရှိမှသာလျှင် ယူနီကုဒ်အကြောင်း နားလည်နိုင်သည်။     * ယူနီကုဒ်သုံးနေသူ End Users များသည် ယူနီကုဒ်သမားများ၏ နားလှည့်ပါးရိုက် လှည့်ပတ်မှုကို မလည်မဝယ် ခံထားရခြင်းဖြစ်သည်။     * Sorting စီခြင်းသည် ဘာမှအသုံးမဝင်။     * စံဆိုသည်မှာ စာရွက်ပေါ်ကအရာဖြစ်သည်။ မလိုက်နာလည်း အရေးမကြီး။ လတ်တလောအဆင်ပြေဖို့ ပိုအရေးကြီးသည်။     * ဗမာစာသည် တို့စာဖြစ်သည်။ တိုင်းရင်းသားစာများမြင်ချင်လျှင် ကိုယ့်ဖောင့်ကိုယ်ထွင်သုံးကြ။     * ယူနီကုဒ်ကို ဇော်ဂျီနောက်မှ ထွင်ခြင်းဖြစ်သည်။     * ဇော်ဂျီသည် Opensource ဖြစ်သည်။     * ယူနီကုဒ်သမားများ ယူနီကုဒ်ပရောဂျက်များဖြင့် Proposal များတင်ပြီး ဒေါ်လာများ မချိမဆန့် စားကြသည်။     * ယူနီကုဒ်မကောင်းကြောင်းကို ကိုယ့် Wall ပေါ်မှာ ကိုယ်အော်ခြင်းသည် ဒီမိုကရေစီဖြစ်သည်။ မိမိအပေါင်းအသင်းများ၏ ဝရုန်းသုန်းကား Like လုပ်မှုကို မဟားဒယား ခံရနိုင်သည်။ လူမလာသော၊ ယူနီကုဒ် အကြောင်း Feedback ပေးနိုင်သော၊ Developer များရှိသော ဆိုက်များတွင် သွားရောက်ဝေဖန်ရန် မလို။     * ဤစာရေးသူသည် ဘယ်သူဘာဖောင့်သုံးသုံး သောက်ဂရုမစိုက်။ ထို့နည်းတူ မိမိဘာလုပ်လုပ် အများက သောက်ဂရုစိုက်မည်ဟုလည်း မထင်။ ထို့ကြောင့် ဤစာကို ဤနေရာတွင်ရေးသည်။      ပုံ/ အပြိန်းတကာ့ထိပ်ခေါင်လူပြိန်းနောင်

Tags: , , ,

· · · ◊ ◊ ◊ · · ·