ဘလော့မရေးဖြစ်တာ ကြာပြီ။

ဒီရက်ပိုင်း မြန်မာယူနီကုဒ်ဧရိယာ ဆိုတဲ့ ဖေ့(စ်)ဘုတ်အဖွဲ့လေးပေါ်လာတာ ဝမ်းလည်းသာ၊ အားလည်း ရမိပါသည်။ အထူးသဖြင့် ကျွန်တော်တို့ တစ်ချိန်က ယူနီကုဒ်ပရိုမိုးရှင်းကို အားကြိုးမာန်တက်လုပ်ခဲ့တုန်းက မရခဲ့သည့် Awareness (လူတော်တော်များများရဲ့ သတိပြုမိမှု)၊ အကူအညီပေးနိုင်မှုတို့မှာ အများကြီး သာလွန်အောင် လုပ်ပြနိုင်သည်။ ယူနီကုဒ်ကို သုံးပြီဆိုကတည်းက တော်လှန်ရေးစိတ်ဓာတ်ရှိသည့် လူတော်တွေဆိုသည်မှာ သိသာသည် ^_^ ။

ကိုယ့်ဟာကိုယ်ပတ်ရှုပ်(အလုပ်တွေပြောပါတယ်)နေလို့ ယူနီကုဒ်ထဲလည်းစိတ်မရောက်၊ ဝီကီလည်းမရေးဖြစ်၊ ဖွဘုတ်တောင်ကောင်းကောင်း မသုံးဖြစ်တော့။ အရင်လိုလည်း စိတ်မရှည်တတ်တော့။ ရေးချင်တဲ့ ဖောင့်အသစ်တွေလည်း မရေးဖြစ်ပါ။ ပြောချင်တာတွေတော့ ရှိသည်။

ဒါပေသည့် ကျွန်တော်သည် ဒီပလိုမက်တစ်ပါစင် လည်းမဟုတ်၊ အိုင်တီလောကနဲ့လည်း ယောင်ယောင်သာ ပတ်သက်သူဖြစ်လေရာ ပြောချင်တာတွေ ဒီဘလော့ကပဲ ပြောပါတော့မည်။

၁။ ယူနီကုဒ်ကို တဖြည်းဖြည်းချင်း ပြောင်းခြင်း

“မိမိနှင့် နီးစပ်ရာ လူတွေကို ပညာပေးပါ။ ကူညီပါ။ တနင်္ဂနွေနေ့တိုင်း ယူနီကုဒ်သုံးပါ။ ဒီလိုနဲ့ တစ်ယောက်ကအစ တစ်ရာဆိုသလို မကြာမီ ယူနီကုဒ်ပြောင်းလာကြပါလိမ့်မည်။”

အင်မတန်ကောင်းမွန်သော သီအိုရီဖြစ်ပါသည်။ လုပ်နေကြသူတွေကိုလည်း အားပေးပါသည်။ သို့သော်…

ဒီပလိုမက်တစ်ဖြစ်လွန်းခြင်း၊ လက်ရှိ ဇော်ဂျီသုံးနေသောသူများကို အားနာခြင်း၊ အထူးသဖြင့် (ယူနီကုဒ် သုံးသင့်ပြီ ညီညွတ်ဖို့ အချိန်တန်ပြီ စသည်ဖြင့် နားထောင်ကောင်းအောင် ပြောနေကြပြီး လက်ရှိတွင် ကွန်ပျူတာ အဖွဲ့အစည်းများ၌ နေရာများယူထားကြသော်လည်း မိမိ၏ အဖွဲ့အစည်းဝက်ဘ်ဆိုဒ်၊ မိမိ၏ဝက်ဘ်ဆိုက်၊ မိမိ၏ ဖွဘုတ်တို့တွင် ဇော်ဂျီသာတွင်တွင် သုံးနေကြသော ပုဂ္ဂိုလ်များကို) စီးပွားရေးအရ ဖြစ်စေ၊ လူမှုရေးအရဖြစ်စေ မဟားဒယား အားနာမိကြခြင်းတို့ကြောင့် မရဲဘဲ ကျွဲပြဲစီးနေကြရသည်ဟု (ဦးနှောက်သေးသေးလေး၏ တစ်ကိုယ်စာအမြင်ဖြင့်) မြင်မိပါသည်။

စတင်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များထဲတွင် ကွန်ပျူတာသုံးမြန်မာစာကို စံစနစ်တစ်ရပ်အဖြစ် တိုးတက်၊ တီထွင်၊ သတ်မှတ်၊ သုံးစွဲရန် အချက်ကို ထည့်သွင်းထားသော်လည်း ယင်းအဖွဲ့အစည်း၏ ဦးဆောင်သူအများအပြားမှာ ပြောင်းလဲလိုစိတ် (လျော့ပါးစွာ) ရှိကြသူများ (ထိပ်သီး ဇော်ဂျီယူဇာများ) ဖြစ်နေခြင်းကိုလည်း အံ့ဩဘနန်း ရှိမိပါသည်။ မိမိ၏ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတွင် ယူနီကုဒ်ကို default အနေနှင့်ပင် တင်မထားသူများက တိုင်းရင်းသားဘာသာစကားများ၊ လူနည်းစု ဘာသာစကားများ တိုးတက်စေလိုသည် ပြောဆိုနေခြင်းကို (အပြင်းအထန်) သံသယ ရှိမိပါသည်။

ယူနီကုဒ်သုံးသူတိုင်းသည် ဇော်ဂျီသုံးဖူးသူများသာ ဖြစ်ပါသည်။ ဘာပြုလို့ မနေနိုင်မထိုင် ယူနီကုဒ်ပြောင်းသုံးသည်ကိုလည်း ကိုယ့်ဟာကိုယ်သိကြပါသည်။ သို့သော် ယူနီကုဒ်ယူဇာ တစ်ယောက်တိုးတိုင်း ဇော်ဂျီယူဇာ အယောက်တစ်ထောင်မက တိုးနေသည်ကို သတိပြုပါ။

၂။ ဖောင့်များ ကီးဘုတ်များ ကွန်ဗာတာများ တိုးပွားလာအောင် ပြုလုပ်ခြင်း

“ပလက်ဖောင်းအမျိုးမျိုးအတွက် ဖောင့်အမျိုးမျိုး၊ လက်ကွက်အမျိုးမျိုး၊ ကွန်ဗာတာ အမျိုးမျိုးတို့ကို တိုးပွားလာသည့် ယူနီကုဒ်ယူဇာများ၏ လိုအပ်ချက်နှင့် အညီ တိုးတက်တီထွင်သင့်သည်။ သို့မှသာ Non-Unicode Users များကို ဆွဲဆောင်နိုင်လိမ့်မည်။”

မှန်၏။

မြန်မာစာအတွက် လုပ်သလို တခြား တိုင်းရင်းသား ဘာသာတွေအတွက်လည်း လုပ်နေလေရာ ယခုဆို ပြည်ထောင်စုဖောင့် ဆိုသည့် မြန်မာယူနီကုဒ်ဘလောက်တွင်းရှိ ဘာသာစကား အားလုံးနီးပါးလိုလိုကို ထောက်ပံ့သည့် ဖောင့်ပင် ထွက်နေလေပြီ။ ပြည်တွင်းရှိလူများသာမက မိုက်ကရိုဆော့က လည်းကောင်း၊ အက်ပဲကလည်းကောင်း၊ ဂူးဂဲလ်ကလည်းကောင်း ပုံစံအမျိုးမျိုးရှိသည့် ဖောင့်များ ထုတ်နေကြလေပြီ။ သို့သော်…။

အမှန်တကယ် သုံးစွဲလိုသူတစ်ဦးအတွက် ဖောင့်တစ်လုံး လက်ကွက်တစ်ခု ရှိရုံနှင့် လုံလောက်ပါသည်။ ဥပမာ − ဇော်ဂျီ၊ ဝင်း။ သုံးစွဲသူ demand များလာသည်နှင့်အမျှ ဖောင့်၊ လက်ကွက်နှင့် ကွန်ဗာတာများ ဈေးကွက်လိုအပ်ချက်နှင့် အညီ အလျှိုလျှို ပေါ်ပေါက်လာပါလိမ့်မည်။

ယခုအခါ ဇော်ဂျီအခြေခံ ဖောင့်အမျိုးမျိုးကိုလည်းကောင်း၊ အင်မတန်မှ အဆင်ပြေလွယ်ကူသော ကီးဘုတ်ဆော့ဝဲများကိုလည်းကောင်း၊ ဤနေရာတွင် ဇော်ဂျီသုံးစွဲသူများအတွက် စေတနာဗရပွဖြင့် ငွေကြေးအကျိုးအမြတ်၊ နာမည်ကြီးချင်းမကြီးခြင်းကို ပဓာနမထား၊ အသက်ကိုစွန့်၍ ရဲရဲဝံ့ဝံ့ ကီးဘုတ်ဆော့ဝဲများကို ဘုန်းပေါလအော ရေးပေးကြသူ ဒဗလော့ပါများကို လည်းကောင်း၊သုံးစွဲသူတို့၏ လိုအပ်ချက်ကို မားကက်အတွင်း ထဲထဲဝင်ဝင် သုတေသနပြု၍ (စေတနာရှေ့ထား ဇော်ဂျီအသင့်သား) ပါသော ဖုန်းများ ဖြန့်ဖြူးပေးကြသူ ဖုန်းထုတ်လုပ်ဖြန့်ဖြူးသူများကိုလည်းကောင်း၊ သုံးစွဲသူများ လက်ငင်း အဆင်ပြေစေရေး ရည်ရွယ်၍ ဇော်ဂျီဖြင့် မတ်စိများ တရကြမ်း ပို့ပေးကြသော တယ်လီကွမ်များကိုလည်းကောင်း လက်ခမောင်းခတ်လုခမန်း ဩဘာပြုမိပါသည်။

၃။ အတင်းသုံးခိုင်းခြင်း

လူကြိုက် အနည်းဆုံး Option ဖြစ်သည်။ ပညာရှိများ မကြိုက်ပေ။ အသုံးခံခိုင်းသူလည်း မုန်းသည်။ စိတ်ပညာအားဖြင့် Reverse Psychology ဟုခေါ်သည်ဆိုလား။ “ယူနီကုဒ်သုံးကြ”ဟု အတင်းသုံးခိုင်းလျှင် ယူနီကုဒ်ကို မုန်းသွားပေမည် ဟူသည့် စိတ်ပညာ သဘောတရားဖြစ်သည်။ သို့သော် “ဇော်ဂျီသုံးကြ” ဟု ဆိုလျှင် … အဲ … ။

၂၀၁၀ တွင် ကမ္ဘောဒီးယား အစိုးရက အမိန့်တစ်ခုထုတ်သည်။ အစိုးရကွန်ပျူတာအားလုံးတွင် ယူနီကုဒ်ဖောင့်နှင့် လက်ကွက် သွင်းထားရမည်။ အစိုးဝက်ဘ်ဆိုဒ်အားလုံးတွင် ယူနီကုဒ်သာသုံးရမည်။ အစိုးရနှင့် အလုပ်လုပ်သော အဖွဲ့အစည်းများအားလုံး ယူနီကုဒ်သာ သုံးစွဲရမည် ဟူ၏။ မိုက်မဲလှပေစွတကား။ ယခုမူ ကမ္ဘောဒီးယားတွင် ယူနီကုဒ်တစ်မျိုးသာ တွင်တွင်ကျယ်ကျယ် သုံးကြတော့သည်။ ရွေးချယ်ခွင့် နည်းလေစွ။

မျက်လှမ်းမီသမျှ MCPA, MCF, MCIA ဟူ၍ ကြီးသုံးကြီးရှိသည်။ မြန်မာပြည် အစိုးရလိုအပ်သမျှ ကွန်ပျူတာနည်းပညာ အကြံဉာဏ်များသည် ထိုအဖွဲ့တို့နှင့် တိုက်ရိုက်စပ်ဆိုင်သော၊ သို့မဟုတ် သွယ်ဝိုက်၍ သက်ဆိုင်သော လူများထံမှ လာသည်။ မြန်မာအစိုးရ အဖွဲ့အစည်းများအားလုံး မြန်မာ၃ သာ သုံးရမည်ဆိုလား ဘာလား အမိန့်စာတစ်စောင် ဖတ်ခဲ့ဖူးသည်။ ယခုသော် သမ္မတဝက်ဘ်ဆိုဒ်သည်လည်းကောင်း၊ လွှတ်တော် ဝက်ဘ်ဆိုဒ်သည် လည်းကောင်း၊ မြန်မာ့ စံသတ်မှတ်ရေး အဖွဲ့သည် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးသည် လည်းကောင်း ဇော်ဂျီကိုဝမ်းသာအားရ သုံးကြ၏။ အဟောဝတ ကောင်းလေစွ။

လမ်းပျက်နေသည်။ ကွေ့သွား၍ ရသည်။ မနေနိုင်သူက ဝင်ပြင်သည်။ ရပ်ကွက်ထဲမှ စေတနာ့ဝန်ထမ်း လူတစ်ယောက် သူ့လမ်းပျက်နေသည်ကို သူတစ်ယောက် ဝင်ခင်းလျှင် သည်တစ်လမ်း ကောင်းနိုင်သည်။ သို့သော် လမ်းတိုင်းကောင်းရန် အစိုးရအဖွဲ့က ဦးဆောင်၍ ပေါ်လစီချမှတ်ရန် လိုအပ်သည်။

ကွန်ပျူတာဂျာနယ်များ မဂ္ဂဇင်းများတွင် အဆိုပါအဖွဲ့များ၏ ထိပ်ပိုင်းပုဂ္ဂိုလ်များက ယူနီကုဒ်သုံးသင့်ကြောင်း တစ်ညီတညွတ်တည်း ပြောဆိုနေသည်ကို ဖတ်ရဖူးသည်။ ကွန်ပျူတာအစည်းအဝေးများတွင် ယူနီကုဒ်သုံးကြရန် ဘယ်သို့ဘယ်ပုံ လုပ်ဆောင်ကြမည်ကို ကမ္ဘာကျော် NATO အဖွဲ့ကြီးပမာ ခေါင်းချင်းဆိုင်ဆွေးနွေးနေသည်ကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးသည်။ စိတ်ကူးတစ်ခုဖြစ်ပါသည်။ တကယ်လုပ်ချင်လျှင် ၊ တကယ်သုံးခိုင်းလျှင် တကယ်ဖြစ်ပါသည်။ (တနည်း) လုပ်ချင်ယောင်ဆောင်နေလျှင်၊ တာဝန်မဲ့ကြလျှင် ဖြစ်ချင်ယောင်သာ ဆောင်နေမည်ဖြစ်သည်။

ရေးချင်ရာ ရေးပြီးပါပြီ။

· · · ◊ ◊ ◊ · · ·

Google is coming to Myanmar. That’s a good news. With Eric Schmidt making a short visit Friday, that’s great. We have a question or two to ask him about. Schmidt’s visit comes at a time when the country is undergoing dramatic political and economic reforms.

There was an open-call for attending for technology conference with Schmidt. Register for attending, send the questions, and come early since seating are first come first served for 350 seats, are what was announced.

So I did with so much hype. So much disappointment over how they organized. Early birds were turned away  not very politely to sit in the grass and watch this big LED screen since all 250 seats are pre-occupied with a list. That’s a pretty bad PR situation. I understood what happened after I’ve talked with some people from MCF.

The violence happening in Meikhtila alerted some high-profile guests including ambassador Derek Mitchell who would be attending the event. They hired a security team too. That concluded reduced 250 people in the list. Then who made the list? Nevermind! The people from Google/security team? said they got the list at 10:30 PM last night. Then, what’s worse? They said to come at 9:00 AM sharp and be punctual. When’s it’s near to 9, there were many seats left (Obviously some were late) and I thought some geeks and students complaining at the gate might still had a chance. I was wrong. The conference time was revised to 9:15 AM and some very late people were still allowed to entered as exception. Hmm!

I left the front door piling up with some complaining guys for the rear grass field. It was a very good chance for me to receive enough vitamin-D for the rest of my life. The seating were arranged with newspaper-warning ultraviolet ray and under direct sunlight of 40 Degree C. I thought I deserved a small made-up shade when I have done my part with localizing a few lines of Google interface and Google Maps.

Green Grass

We called this new technology “Google Grass”

Green Grass

Green Grass

Future Billionaires under Sunlight

Some Google fans didn’t even bother for shade or fan. They just sat and watched the giant LED screen with so much hype. Good for them. The future billionaires could ignore a mere sunlight, right? The questions were nice but mostly  typical and answers were better with so much intelligence in it. Yet, only some certain pre-selected people were allowed to question except for the last media guy. The answers were real eye-openers except that I can’t quite open my eye under the sun. Anyway I regretted that I got up early today while I can watch this in Youtube later.

I don’t blame Google or Schmidt for this really bad organized conference. When it happens, it happens. We are so used-to it. I just hope next time with more time, more questions and wider space (with shades of course). Oh, MCF and MCPA, I love the way how you beautifully portrayed Myanmar.

· · · ◊ ◊ ◊ · · ·

Credit is Respect

21 Dec 2012

Properly crediting is respecting the original authors whether it’s a pile of books or a line of codes in opensource projects.

တစ်ကြောင်းဖြစ်ဖြစ် တစ်ပိုဒ်ဖြစ်ဖြစ် မူရင်းရေးသူကို လေးလေးစားစားနဲ့ ခရက်ဒစ်ပေးဖို့ လိုကိုလိုပါတယ်။

I have written a piece when someone used a modified photo and refused to give credits. It’s happening again in Myanmar IT community. This time, the morale seems controversial.

အရင်တစ်ခါလည်း ရန်ကုန်ဘတ်စ် ဓာတ်ပုံကိစ္စနဲ့ ရေးခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်လည်း မနေနိုင်မထိုင်နိုင် အစထောင်လိုက်ပါပြီ။ အရင်တစ်ခါနဲ့ မတူတာကတော့ ကိုယ်ပိုင်ရိုက်ထားတာလို့ ခံငြင်းတာမျိုးမဟုတ်ဘဲ လွတ်လပ်ရင်းမြစ်ဖြစ်လို့ ခရက်ဒစ်မပေးလည်း နားလည်ပေးဖို့လိုတယ်ဆိုပြီး ခံငြင်းတာပါ။

The RebornCMS is a CMS based on FuelPHP and it was published not long ago. It was an opensourced project reposited in Github. It was good. A customized CMS properly credited to original authors… wait NO.

မြန်မာတွေ ကိုယ်ပိုင် စီအမ်အက်စ်ရေးတာ ဂုဏ်ယူစရာပါ။ မူရင်း ဖျူရယ်စီအမ်အက်စ်ကိုလည်း ခရက်ဒစ်ပေးထားပါတယ်။

It clearly used FuelPHP and gave credits to it. I am happy with it. But the point of the opensource is that you need to give credits for any line of codes you used(copied). It seems to have used codes from other CMSes, at least from PyroCMS. But it got no credit.

ဒါပေမဲ့ ပိုင်ရိုစီအမ်အက်စ်ထဲက ကုဒ်တွေနဲ့ ကွန်းမန့်တွေလည်းပါနေပါတယ်။ ခရက်ဒစ်ပေးမထားပါ။

PyroCMS codes inside

PyroCMS codes inside

It must have been carelessness or ignorance. But clearly, ignorance is not a “bliss” in this case.

Once, I heard a story of a woman who shopped at a mall in Yangon. She got a call and needed a stronger signal. So, she walked out of the mall, while carrying all the unchecked goods. She was arrested by securities and later was jailed for six months. I believed she was innocent except for her carelessness.

Here is a couple of lines from PyroCMS’s legal notice:

  • A copy of this license agreement must be included with the distribution.
  • Redistributions of source code must retain the above copyright notice in all source code files that originally contained it.

Opensource community asks for nothing but contribution and credits. Using the source and not contributing is ok and not to blame. Yet, missing for giving credits is a mistake. You may not be stealing it. But you were still at fault by giving various excuses. What you guys need to do is just to admit your mistake and give proper credits. Taking down the repo along with the comments is another mistake (screenshot). It’s just like covering up the story.

လွတ်လပ်ရင်းမြစ်မှာ ပံ့ပိုးပေးခြင်းနဲ့ ခရက်ဒစ်ပေးခြင်းဟာ ထိပ်ဆုံးက အရေးကြီးတဲ့ အချက်တွေပါ။ သူတပါးရင်းမြစ်တွေကို ယူသုံးတိုင်း ပြန်လည်ပံ့ပိုးပေးဖို့ မလုပ်မဖြစ်လိုတာ မဟုတ်ပေမဲ့ ခရက်ဒစ်ကိုတော့ မပေးမဖြစ် ပေးဖို့ လိုကိုလိုအပ်ပါတယ်။ ရီပိုနဲ့ ကွန်းမန့်တွေကို အတူတကွ ဖျက်ချပစ်တာလည်း မဖြစ်သင့်ပါဘူး။ သမိုင်းကို ဖုံးကွယ်သလိုဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ကုဒ်တွေနဲ့ ပြင်ဆင်ချက်၊ ခရက်ဒစ်တွေကိုသာ ထပ်တင်သင့်တယ် မဟုတ်ပါလား။

Oh, and 2kbps and unstable Unicode are also bullshit. I saw many guys streaming Youtube videos on many of internet cafes here. And Microsoft and Apple are putting Myanmar language supports in their OSes. So, skip the lame excuses, will you?

So, I want to second this post. “Guys, right the wrong!” by admitting the mistake and giving proper credits. It’s something to be proud of than giving excuses.

ကော်နက်ရှင်နှေးလို့၊ မြန်မာပြည်မှာနေလို့ ဘာညာနဲ့ အကြောင်းပြနေတာလည်း နည်းလမ်းမကျပါဘူး။ ကိုယ်လုပ်တာအထာမကျလို့ ကိုယ်ထက်သိတဲ့သူကပြောရင် ဝန်ခံပြီး ပြင်လိုက်ရုံပါပဲ။ Steal ဆိုတဲ့ စကားတစ်ကွက်နဲ့ ကတ်ကတ်လန်အောင် ဆင်ခြေပေးနေတာ ဘေးကဖတ်နေရတာ အမြင်မတော်ပါ။ ဒီကိစ္စဖြစ်တာ သုံးပတ်လောက်ရှိပြီ၊ ဘယ်သူမှမပြော အွန်လိုင်းလည်း ကောင်းကောင်းမသုံးဖြစ်လို့ ဒီနေ့မှ FB မှာ တွေ့ပါတယ်။ မြန်မာလင့်က ထွက်တဲ့ ဒဗလော့ပါတွေ အများကြီးရှိလို့ ဒီလိုပြောတာ ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမဲ့ ဝန်ခံပါ၊ ပြင်လိုက်ပါ။ ဒါအကောင်းဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံး ဖြေရှင်းနည်းပါပဲ။

##ဘိုလိုနဲ့ ဗမာလိုရေးထားတာ ဘာသာပြန်မဟုတ်၊ တခြားစီ။ ကြည့်ကျက်သာ ဖတ်ကြကုန်။

#23 Dec 2012 update
The developer of PyroCMS advised to credit with copyright intact or remove all pyro codes from source. He said it took him only 4 years to create PyroCMS. The twitter discussion is here.

#29 Dec 2012 update
I found a folk here and a discussion here today. Seems it swapped PyroCMS function with FuelPHP engine.

Tags: , , , ,

· · · ◊ ◊ ◊ · · ·

ဆိပ်သာ မက်သနောစက်ရုံမှာ အမေတာဝန်ကျတော့ ကျွန်တော်လည်း အဲမှာပဲ ကျောင်းတက်ရတယ်။ မနက်ဆို ၈နာရီ တီအီးကားအမီ ထမင်းဘူးမပြီးပြေးရတယ်။ ကျောင်းက ရွာပြင်ဘက်နားမှာရှိတယ်၊ တွဲဘက်ကျောင်းလေးပါ။ ဝန်ထမ်းအိမ်ရာတွေနဲ့ဆိုရင် မိနစ် ၂၀ လောက် မောင်းယူရတယ်။ ကားမမီရင် စက်ဘီးနဲ့သွားရတယ်။ မိုးတွင်း ရွှံ့မြေနီမှာ တောင်တက်တောင်ဆင်း စက်ဘီးနဲ့ ကျောင်းသွားရတာ စဉ်းစားကြည့်တော့။ လူက စက်ဘီးကို စီးရတာ စက်ဘီးက လူကိုစီးတာနဲ့ အတူတူလောက်ရှိမယ်။

မိုးဦး ကျောင်းစတက်တဲ့အချိန် တစ်နေ့ကျောင်းက စက်ဘီးနဲ့ ပြန်လာတော့ အိမ်နားက မြေနီနဲ့ ကျောက်စရစ်အရောရော လမ်းမပေါ်မှာ နီနီအကောင်လေးတွေတွေ့တယ်။ ဆိပ်သာရောက်ခါစ ပထမနှစ်က တစ်ခါတွေ့ဖူးတယ်။ သူများအိမ်နားမှာဆိုတော့ သိပ်မစပ်စုလိုက်ရဘူး။ မေးကြည့်တော့ ကတ္တီပါကောင်တွေလို့ပြောတယ်။ ကိုင်ကြည့်တော့လည်း အိစိအိစိနဲ့ တကယ့် ကတ္တီပါသားလေးတွေ ကျနေတာပဲ။ ကြည့်ရင်း အသည်းယားလာတာနဲ့ တွေ့သမျှကောက်လာပြီး အိမ်ယူခဲ့တယ်။ လမ်းမှာထားရင်လည်း ကားကြိတ်သွားဖို့ များတယ်လို့ တွေးမိတာကိုး။ အိမ်ရောက်တော့ လွယ်အိတ်ကို ပစ်ချ၊ အိမ်ရှေ့ဝရံတာထောင့်လေးမှာကပ်ပြီး သစ်တိုသစ်စတွေနဲ့ ဘောင်လေးလုပ်ပြီး သဲတွေ မြေကြီးတွေ ကောက်ဖြည့်တယ်။ အဲဒီထဲမှာမှ စောစာက ကောက်လာတဲ့ ကတ္တီပါကောင်လေးတွေကို ထည့်လိုက်တယ်။ အမေအိမ်ပြန်လာတော့ သဲတွေနဲ့ ဆော့နေပြန်ပြီဆိုတဲ့ ပုံနဲ့ကြည့်ပြီး အိမ်ထဲဝင်သွားတယ်။

အိမ်နားမှာ ရှာလိုက်ရင် ပလူအတောင်ကျွတ် အသေကောင်လေးတွေ ပေါတာနဲ့ သူတို့စားဖို့ဆိုပြီး ကတ္တီပါကောင်ခြံလေးထဲ ထည့်ထည့်ပေးရတယ်။ အိမ်ပြန်ရောက်ရင် သူတို့ကို သွားသွားကြည့်ရတာ အမောပေါ့။ ကတ္တီပါကောင်မွေးပြီး သုံးရက်မြောက်နေ့ အိမ်ပြန်လာတော့ ကတ္တီပါကောင်ခြံလေး မရှိတော့ဘူး။ သစ်တိုသစ်စတွေ ဘေးမှာ ပုံထားတာပဲတွေ့တော့တယ်။ ငိုချင်ချင်ဖြစ်သွားပြီး အမေ့ကို မေးကြည့်တော့ မသိဘူးပြောတယ်။ အဲဒါနဲ့ အရှေ့ထွက်ပြီး ဟိုဟိုသည်သည် လိုက်ရှာတော့ ဒန်းစင်းလေဒီပန်းအိုးထဲမှာ သဲနဲ့ မြေကြီးအရောရော လတ်လတ်ဆတ်ဆတ် ထည့်ထားတာတွေ့ရော။ အသံကုန်ဟစ်ပြီးငိုတော့ အမေထွက်လာပြီး သူ့ပန်းအိုးလေးကို ပြန်သွန်ပြီးရှာပေးပါတယ်။ ဘာကောင်မှ မရှိတော့ဘူး။ သူလည်း ဘာကောင်မှမတွေ့ဘူးလို့ ပြောရှာပါတယ်။ အဲဒီတစ်နေ့လုံး မျက်ရည် တစိုစို နှပ်တရှုပ်ရှုပ်။

Tags: , , ,

· · · ◊ ◊ ◊ · · ·

မောင်သီဟတို့ မြန်မာပြည်သူပြည်သားများသည် ရံဖန်ရံခါဆိုသလို လွန်စွာမှ ထူးဆန်းသော အပြုအမူတို့ကို ပြုလုပ်လေ့ ရှိကြသည်။ ဥပမာ လွန်ဆွဲခြင်း။ လွန်ဆွဲတာ ဘာဆန်းတုန်း၊ တကမ္ဘာလုံး ဆွဲနေကြတာပဲ ဟု ဆိုလတ္တံ့။ ဆန်းသည်၊ ဆန်းတာမှ အတော့်ကို ဆန်းသည်။ လျှပ်စစ်မီးလာအောင် လွန်ဆွဲရခြင်း ဖြစ်သည်။

လွန်ကြိုးကို ဒိုင်နမိုနှင့်ဆက်၊ ၎င်းနောက်တွင် လူအားဖြင့် ဝိုင်းဆွဲကာ ဒိုင်နမိုကို လည်စေလျက် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ကြိုးပမ်းနေခြင်းဟု သင်ထင်မြင်နေပါက လွန်စွာ မှားလေပြီ။

လွန်ဆွဲပါက မိုးရွာသည်ဟု မြန်မာနိုင်ငံတွင် အယူရှိကြသည်။ ကြည့်ရတာ မိုးနတ်မင်းကြီးသည် ကြိုးလေးတစ်ချောင်းကို လူတွေ ဟိုဘက်သည်ဘက်ဝိုင်းဆွဲကာ ဝရုန်းသုန်းကား ဖြစ်ကြခင်းကို အတော်ကြိုက်ဟန်တူသည်။ နာမည်ကိုက မိုးခေါင်ကျော်စွာနတ်တဲ့။ မိုးခေါင်အောင်လုပ်ရတာကို မိုးရွာပေးရတာထက် ကြိုက်ဟန်တူသည်။ ငယ်ငယ်က လွန်ဆွဲပွဲ ကြည့်ဖူးသည်။ အမျိုးသမီးတွေ တစ်ဘက်၊ အမျိုးသားတွေတစ်ဘက် ဆွဲကြခင်းဖြစ်သည်။ လက်တစ်ဆုပ်အရွယ် ကြိုးကြီးတစ်ချောင်းကို အလျားလိုက် ချထားသည်။ အလယ်တွင် တွင်းကြီးတူးထားကာ စည်းသတ်မှတ်ထားသည်။ တွင်းထဲကို စပြုတ်ကျသည့်ဘက်က အရှုံးဖြစ်သည်။ လူဖလံလေးတွေ၊ အားမရှိသူတွေဟု ထင်ရသူတွေက ရှေ့မှာနေရသည်။ တော်ရုံတန်ရုံ ဗလကောင်းသူတို့က နောက်မှာနေသည်။ ဗလအကောင်းဆုံးသူက ကြိုးထိန်းဖြစ်သည်။ နောက်ဆုံးနေရာမှာ နေသည်။ ဖနောင့်ကို မြေပေါ်တွင်လှည့်လျက် တွင်းတူးကာ ကန်ထားသည်။ ထမီတွေ ပုဆိုးတွေကျွတ်အောင် ဆွဲကြသည်။ ဟိုဘက်ပါလိုက်၊ သည်ဘက်ပါလိုက်နှင့် နောက်ဆုံးတွင် အမျိုးသမီးများဘက်က နိုင်သွားလေသည်။ ငယ်ငယ်တုန်းကတော့ စဉ်းစားမရ။ အမျိုးသားများသည် သဘာဝအ​ေလျာက် အင်အားကြီးမားသည် မဟုတ်ပါလော။ သို့ရာတွင် အင်အားသုံးရသော ပြိုင်ပွဲများတွင် ခန္ဓာအလေးချိန်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း နောက်ပိုင်းတွင် မောင်သီဟ မှတ်သားမိလေသည်။

သည်ရက်ပိုင်း ဖ​ယောင်းတိုင်ကိုင်ပြီး ရန်ကုန်၊ မန္တလေး နှင့် အချို့မြို့ကြီးတွေမှာ ဆန္ဒပြကြတာ ကြားသည်။ အစိုးရဘက်ကလည်း အရင်လို “ဗြူးဗြူဗြဲဗြဲ”တွေ မလုပ်ဘဲ သတင်းစာကနေ လေသံပျော့နဲ့ တောင်းပန်သည်။ အဓိက ရေအားလျှပ်စစ်ပေါ်တွင် အားထားရသောကြောင့် မိုးတွင်းတွင် ပြည်တွင်းသုံးနိုင်သော လျှပ်စစ်အားထက် ပိုမိုထုတ်လုပ်ပြီး နွေတွင် ထုတ်လုပ်မှု နည်းပါးရသည်ဟု ဆိုသည်။ ပိုမိုထုတ်လုပ်တာတော့ မဖြစ်နိုင်။ နိုင်ငံအနှံ့ ရောက်အောင်မပေးနိုင်တာပဲ ဖြစ်မည်ဟု မောင်သီဟ တွေးသည်။ ငယ်ငယ်က မောင်သီဟနေခဲ့တဲ့ရွာမှာ အခုထိ ဖယောင်းတိုင်သုံးရတုန်း။ မီးလာခြင်း မလာခြင်းသည် သူတို့နှင့်မဆိုင်၊ မြို့နေလူတန်းစား၏ ကိစ္စဖြစ်သည်။ မောင်သီဟ ဆယ်တန်းဖြေခဲ့သည့်မြို့မှာ အခုထိ တစ်ရက်သုံးနာရီသာ မီးရပြီး သုံးရက်တစ်ခါ မီးပျက်တုန်း။ မီးလောင်မှုအကြီးအကျယ်တွေ ဖြစ်လိုက်လျှင်လည်း မီးပျက်နေတုန်းမေ့သွားလို့၊ ရှော့ဖြစ်လို့၊ ဖြူးစ်လောင်လို့ စသည့်အကြောင်းရင်းများက အများဆုံးဖြစ်သည်။

အခု”ဒီမိုကရေစီ”ဖြစ်ခါနီးအစိုးရက အရင်အစိုးရ အရှုပ်ထုပ်တွေကို ရှင်းရသည့်အထဲမှာ မီးပြဿနာကိုရှင်းရတာ အကြီးဆုံးတစ်ခုဖြစ်မည်။ သဘာဝဓာတ်ငွေ့တွေက တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ကို အနှစ်သုံးဆယ်၊ အနှစ်ငါးဆယ်စသည် ကြိုရောင်းထားလို့ ကုန်ပြီ။ အဲဒီက ရတဲ့ငွေတွေလည်း ဘယ်ရောက်ကုန်ပြီမသိ။ ကွမ်းစားဆေးသောက် ကျပျောက်လို့ ကုန်ပြီထင်သည်။ သည်တော့ အလကားပဲတင်းရသည့် ရေအားလျှပ်စစ်ကိုသာ မျှော်ရတော့မည်။ သတင်းစာထဲတွင်ပြောသည်၊ မိုးရွာ​ေအာင် ဆုတောင်းကြပါ တဲ့။

ဖယောင်းတိုင်ထွန်းပြီး မြို့ထဲထွက်ဆန္ဒပြခြင်းသည်လည်းကောင်း၊ သဘာဝဓာတ်ငွေ့ဖြင့် ရမည့် လျပ်စစ်ဓာတ်အားကို မျှော်လင့်ခြင်းသည်လည်းကောင်း၊ မီးမှန်မှန်လာသည့် နေပြည်တော်ကို ပြောင်းရွှေ့ဖို့အကြံသည်လည်းကောင်း မဖြစ်နိုင်တော့ပြီ။ မောင်သီဟသည် ပုဆိုးကို မြှောင်အောင်ကြိုက်လိုက်ကာ လွန်ဆွဲနေကြသော ကလေးအုပ်၏ နောက်ဆုံးတွင် ဝင်ရပ်လိုက်သည်။ ဟိုဘက်က ကလေးထု၏ မကျေမနပ်သံတွေ ထွက်လာသည်။ မတတ်နိုင်၊ မီးလာဖို့အရေးကြီးသည်။

Myanmar at night, 2001, Satellite photo by NASA.

Summary: This essay is about “Tug of War” to get electricity in Myanmar. Traditionally, tug of war is usually held to get rain. Myanmar mainly relies on hydro powered generators for electricity. So, basically, the more rain, the more electricity. Crops can wait rain. But people cannot since most of everyday tasks need electricity. Despite the candle light protests, this is a crisis that government cannot solve immediately. So, the last desperate effort is to play tug of war to get rain to get electricity.

Tags: , , , , ,

· · · ◊ ◊ ◊ · · ·

Some might wonder why there are little written forms of brief history of Zawgyi and Unicode. It seems that many people just don’t want to dig the past. If that’s the case, I might as well be the villain again digging up the old pasts. If there is any mistake written here, it’s the responsibility of me alone.

Brief

ယူနီကုဒ်လက်ရှိ စွဲစွဲမြဲမြဲသုံးနေသူတွေထဲမှာ ဇော်ဂျီဖောင့် မသုံးဖူးတာ၊ မသုံးတတ်တာ တစ်ယောက်မှမရှိလို့ ပြောရင် ရမယ်။ ယူနီကုဒ်ထက် ဘာပိုကောင်းလဲမေးရင် (၁) ရှေးဦးပိုင်း ယူနီကုဒ်ဖောင့် တချို့ထက် စာလုံးပုံစံ ကြည့်ရတာ ပိုအဆင်ပြေတယ်။ (၂) မြန်မာတွေ ကွန်ပျူတာစသင်ရင် ရင်းနှီးပြီးသားဖြစ်တဲ့ ဝင်းဖောင့်တွေနဲ့ အလားတူ အမြင်အရ စာလုံးစီတာဖြစ်တဲ့အတွက် အရင်လာ အရင်ရိုက် နောက်မှလာ နောက်မှရိုက်စနစ်ဖြစ်တဲ့အတွက် ပိုနားလည်လွယ်တယ်။ (၃) လူသုံးများတယ်။ ဘာပိုမကောင်းလဲမေးရင် (၁) စံ စတန်းဒတ်ကို မလိုက်နာဘဲ တိုင်းရင်းသား အက္ခရာနေရာတွေယူသုံးတဲ့အတွက် တခြားတိုင်းရင်းသားဘာသာတွေ သုံးမရဘူး။ (၂) Apple, Windows, Linux စတဲ့ အဓိက ပလက်ဖောင်းတွေမှာ အသင့်ပါလာပြီးသားဖြစ်တဲ့ စံစနစ်နဲ့ မကိုက်ညီဘူး။ ရှင်းအောင်ပြောရရင် ဇော်ဂျီဖောင့်သွင်းမထားရင်၊ စာသားကို ဇော်ဂျီတိုက်ဖေ့စ်အဖြစ် သတ်မှတ်မထားရင် ဖတ်မရဘူး။ (၃) စာအုပ်စာရင်း၊ လူစာရင်း၊ ဆောင်းပါးစာရင်း အစရှိတာတွေအတွက် မြန်မာလို အက္ခရာ စီမရဘူး။ (၄) ရရစ်ရှစ်မျိုး၊ ရကောက်သုံးမျိုး၊ ဘကုန်းသုံးမျိုး အစရှိသဖြင့် ကုဒ်ပွိုင့်အများကြီး ထပ်နေတဲ့အတွက် ရှာတဲ့နေရာ၊ သတ်ပုံစစ်တဲ့နေရာတွေမှာ အဆင်မပြေဘူး။ (၅) ယူနီကုဒ်ကို အခြေခံသတ်မှတ်ထားတဲ့ ICU စနစ်သုံး OS, ဘရောက်ဇာ တွေမှာ Select မှတ်တာ၊ တွက်ချက်တာတွေ အဆင်မပြေဘူး။ (၆) ဇော်ဂျီမှာ ဇော်ဂျီစာလုံးပုံစံတစ်မျိုးသာ ရှိတယ်။

လက်ရှိကြုံနေတာတော့ နိုင်ငံတကာ စံအတိုင်းသွားနေတဲ့ လူသုံးများတဲ့ဆော့ဝဲတွေ ဝန်ဆောင်မှုတွေကို မြန်မာမှုပြုရာမှာ တွေ့ရတဲ့ ပြဿနာပါ။ ကိုယ်က ယူနီကုဒ်နဲ့ ပြန်ထားတယ်။ နောက်တစ်ယောက်က ဇော်ဂျီနဲ့ လာပြင်သွားတယ်။ ဒါမှမဟုတ် Google Map လိုနေရာမျိုးမှာ ဇော်ဂျီနဲ့လာရေးသွားတယ်။ Approve လုပ်တဲ့ Member တွေက မြန်မာစာမတတ်တော့ ဟုတ်ပြီဆိုပြီး Publish လုပ်ပေးလိုက်တယ်။ ဆာဗာက ပုံဖော်တော့ ပဲပင်ပေါက်လိုစာတွေ ထွက်လာတယ်။ ကိုယ်ကနောက်ပိုင်း တွေ့မိလို့ သွားပြင်တော့ မေးခွန်းထုတ်ခံရတယ်။ သက်သေပြရတယ်။ စောင့်ရတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ ကြာတော့ တစ်ယောက်ချင်း ရှင်းပြနေရတာ စိတ်ကုန်လာတယ်။ ယူနီကုဒ် နဲ့ ဇော်ဂျီ ဘာကွာလဲ မသိတဲ့လူတွေက မြန်မာစာ အွန်လိုင်းသုံးတဲ့သူတွေရဲ့ ၉၀ ရာနှုန်းကျော်ရှိမယ်ထင်တယ်။ တချို့လည်း ကြားဖူးနားဝရှိမယ်။ တချို့လည်း ယူနီကုဒ်စသုံးကြည့်လို့ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရတာ အဆင်မပြေတာ၊ ကိုယ့်စာကို လူမဖတ်တော့တာ ရှိလို့ စိတ်ပျက်ပြီး ဇော်ဂျီပြန်သုံးတာရှိမယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အနှေးနဲ့အမြန် အွန်လိုင်းသုံးတဲ့ မြန်မာတိုင်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရတော့မယ့် အရာဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ၊ သုံးတတ်အောင် စမ်းကြည့်ထားဖို့ နီးစပ်ရာ အပေါင်းအသင်းတွေကို တိုက်တွန်းပါတယ်။

အခုဆို မြန်မာ၃ နဲ့ ပိတောက် လောက်သာ ယူနီကုဒ်ဖောင့် ရှိတော့တာမဟုတ်ဘဲ Microsoft နဲ့ Apple အပါအဝင် မိမိကိုယ်ပိုင် နည်းပညာအမျိုးမျိုးနဲ့ ချဉ်းကပ်ပုံအမျိုးမျိုးနဲ့ လုပ်ထားတဲ့ ယူနီကုဒ်စနစ်ကို လိုက်နာထားတဲ့ ဖောင့်တွေ ရှိနေပြီဖြစ်လို့ စာလုံးမလှခြင်းဟာ ပြဿနာအကြီးကြီး မဟုတ်တော့ပါဘူး။ စံတစ်ရပ်တည်းကို လိုက်နာထားတဲ့အတွက် ဖောင့်တစ်မျိုးနဲ့ ရေးထားတာကို နောက်ဖောင့်တစ်မျိုးနဲ့ ကြည့်ရင် အမှန်မမြင်ရတဲ့ ပြဿနာလည်း မရှိတော့ပါဘူး။ မြန်မာစာ သင်ပုန်းကြီးရေးသလို ရိုက်လို့ရတဲ့ လက်ကွက်စနစ်(အိုင်တီဇင်က ဆရာ ဦးတင်ညွန့်ပြောတာတော့ စာမရိုက်တတ်တဲ့ ဦးဇင်းတစ်ပါး နာရီဝက်အတွင်း မြန်မာလိုရိုက်တတ်သွားတယ် ပြောတယ်။)၊ ဝင်းဖောင့်လို ရိုက်လို့ရတဲ့စနစ်၊ ဇော်ဂျီလို ရိုက်လို့ရတဲ့ စနစ်၊ Logical အတိုင်း ရိုက်လို့ရတဲ့စနစ်စသည်ဖြင့် အမျိုးမျိုးသော လက်ကွက်တွေ ရှိနေပြီဖြစ်လို့ လက်ကွက်ပြောင်းသွားလို့ ဆိုတဲ့ အခက်အခဲလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အနည်းနဲ့ အများဆိုသလို အဆင်မပြေမှုတွေကတော့ ကျန်နေတုန်းပါပဲ။

There is no Unicode user who can’t use Zawgyi-One. Pros of Zawgyi:
(1) Beautiful and neat fontface.
(2) Visual sequence is easier to understand.
(3) Popular.

Cons:
(1) Non-standard. We can’t use Ethnic languages with Zawgyi.
(2) Not compatible with Burmese standard fonts from Microsoft, Apple and Linux community.
(3) Cannot sort correctly.
(4) Lots of repeated codepoints to save up for non-reshaping such as 8 codepoints for medial Ra.
(5) Not compatible with ICU. Selection and calculation are difficult.
(6) Only one typeface.

We are having problems in localization since many Zawgyi-One users are unaware of usage of Unicode. That makes conflicts in localization and translations in such as Google Maps and Wikipedia. It’s important that every Myanmar online should have knowledge of Unicode whether they practice Unicode or not.

Now, there are many Unicode fonts for Burmese compatible to each other including fonts from OSX Lion and Windows 8. There are many Unicode layouts for different OSes including Zawgyi layout.

History

၁၉၉၅ မှာ Michael Everson က ယူနီကုဒ်မှာ မြန်မာစာ (ဗမာစာ) ပါအောင် စအဆိုပြုတယ်။ ၉၇ နဲ့ ၉၈ မှာ Proposal နဲ့ ပြင်ဆင်ချက်တွေကို သူပဲ တင်သွင်းတယ်။ ၉၉ ကစပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ပါတယ်။ ၂၀၀၃ မှာ NLP ကို စ ဖွဲ့တယ်။ ၂၀၀၅ မှာ မြန်မာ၁ ဖောင့်ကို စဖြန့်တယ်။ အားနည်းချက်တွေ အများကြီးတွေ့ရတယ်။ လက်တွေ့လုပ်ငန်းခွင် သုံးနိုင်တဲ့ အခြေအနေ မရှိဘူး။ အဲဒီချိန်မှာ Solveware က မြစေတီဖောင့် ထွက်လာတယ်။ Web ပေါ်မှာ ပထမဦးဆုံးသော အဆင်ပြေပြေသုံးလို့ရတဲ့ ဖောင့် ဖြစ်လာတယ်။ အခြေခံအက္ခရာတွေမှာ ယူနီကုဒ်စနစ်ကို လိုက်နာထားပေမဲ့ စာလုံးပုံပြောင်းတဲ့နေရာတွေအတွက် Private use အတွက် ချန်ထားတဲ့ ကုဒ်ပွိုင့်တွေထဲက ယူသုံးတယ်။ ဆိုလိုတာက ယူနီကုဒ်စနစ်နဲ့ အပြည့်အဝ မကိုက်ညီဘူး။ သို့သော် မြန်မာစာကို Web ပေါ်မှာ ဒီလိုသုံးလို့ရပါလားဆိုတာ လူတွေ သိသွားကြတယ်။ တနည်းပြောရရင် ကိုလမ်ဘတ် ကြက်ဥထောင်သလိုပဲ။ ဒီလို အဆင်ပြေပြေသုံးလို့ရပေမဲ့ သုံးစွဲခ ဈေးကြီးတာကြောင့် အခမဲ့ သုံးလို့ရမယ့် နည်းတွေ ရှာကြံလာကြတယ်။ အလွယ်ဆုံးကတော့ မြစေတီဖောင့်ကို ဖောင့် Editor တစ်ခုမှာ စာလုံးပုံပြောင်းထည့်လိုက်တာပါပဲ။ Alpha, Geocomp, MyMyanmar နဲ့ ပြည်ပက Bit ဖောင့်တွေ ထွက်လာတယ်။ ရည်ရွယ်ချက်တွေကတော့ ကောင်းကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာစာကို သုံးလို့ရနိုင်တဲ့ပုံစံမျိုးနဲ့ တသမတ်တည်း သုံးနိုင်အောင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့ဖောင့်တွေမှာ မြစေတီရဲ့ ကုဒ်ပွိုင့်အတိုင်း လိုက်ရေးထားရုံမက ဖောင့်ကိုပါ နင်းပြီး မြန်မာစာပြောင်းထည့်ထားတာ အထဲက Font Info တွေပါ နဂိုအတိုင်း ပြန်ပါလာတယ်။ Solveware က နို့တစ်စ်ထုတ်တယ်။ ဇော်ဂျီ ကုဒ်ပွိုင့်တွေ ပြောင်းရေးတယ်၊ Alpha Font ကနေ Alpha Zawgyi, Zawgyi1, Zawgyi-One စသည်ဖြင့် (နာမည်) တဖြည်းဖြည်း ပြောင်းသွားတယ်။ MyMyanmar က စံအတိုင်းလိုက်နာတဲ့ ယူနီကုဒ်ဖောင့် လုပ်ပြသွားတယ်။ ၂၀၀၆ ဇူလိုင် မှာ ယူနီကုဒ် ၅.၁ စံနဲ့ မြန်မာ၂ ထွက်တယ်။ မြန်မာစာနဲ့ မွန်စာအတွက် လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အတွက် Proposal တွေ ထပ်တင်တယ်။ မြန်မာသုံး Model ကို လက်ခံပြီး စံအဖြစ် သတ်မှတ်တဲ့အတွက် ၂၀၀၇ မှာ ယူနီကုဒ် ၅.၂ အတည်ဖြစ်တယ်။ ၂၀၀၇ ဒီဇင်ဘာ ၁၄ မှာ မြန်မာ၃ ကို အများပြည်သူသုံးနိုင်အောင် Publish လုပ်လိုက်တယ်။

ဇော်ဂျီကို ၂၀၀၆ ဇူလိုင်မှာ မြန်မာ၂ နဲ့ အပြိုင်ထုတ်တယ်။ ယူနီကုဒ် ၄.၀ သော်လည်းကောင်း၊ ၅.၁ သော်လည်းကောင်း မကိုက်ညီပါ။ စံကို အတည်ပြုချက်မရခင် လက်ဦးမှုရအောင် ထုတ်လိုက်ပုံရတယ်။ Private use area ကို မသုံးဘဲ တိုင်းရင်းသားဘာသာတွေအတွက် ချန်ထားတဲ့ နေရာတွေထဲက ယူသုံးတယ်။ Planet.com.mm မှာ စသုံးတယ်။ အလကားပေးတယ်။ ဖိုရမ်ထဲမှာ လက်ကွက်သွင်းစရာမလိုဘဲ ရိုက်လို့ရအောင်လုပ်ပေးထားတယ်။ ချက်လို့ရတယ်။ မီဒီယာသမားတွေ လုပ်တာဖြစ်တဲ့အတွက် ကြော်ငြာအားကောင်းတယ်။ သုံးရတာအဆင်ပြေတယ်။ တိုတိုပြောရရင် ပေါက်သွားတယ်။ ဖိုရမ်မာတွေ ဘလော့ရေးတော့ ဇော်ဂျီဝမ်းပဲ သုံးကြတယ်။ အချင်းချင်းကူညီကြတယ်။ ဖောင့်ရဲ့ အားနည်းချက်တွေကို ဝိုင်းဝန်းကူညီ ပြင်ဆင်ပေးကြတယ်။ ၂၀၁၀ မြန်မာအွန်လိုင်းအသိုင်းအဝိုင်းမှာ ဖေ့စ်ဘုတ် စ ခေတ်စားတယ်။ ဇော်ဂျီပဲအဓိကသုံးကြတယ်။

Michael Everson proposed codepoints for Burmese in 1995. He proposed again in 1997 and amended in 1998. Myanmar representatives started involving as observers in Unicode consortium in 1999. NLP was founded in 2003. Myanmar1 was published in 2005. It had weaknesses in practical usages. Solveware published Myazedi font in the same year. It was a non-standard font using Private Use codepoints for alternative shapings, yet became the first usable font for web. It was like Columbus’s egg. Many fonts including Zawgyi cloned Myazedi. Solveware published legal notice in local newspaper which force the other fonts to change their codepoints. According to Unicode standard 5.1, Myanmar2 was published in July 2006. Zawgyi-One font was published at the same time. But it didn’t followed neither Unicode 4.0 or Unicode 5.1 standards (probably to compete in publishing date with Myanmar2)and used reserved codepoints for minority languages. There were major updates in Unicode 5.2 and updated font Myanmar3 was published in Dec 14 2007.

Zawgyi-One font was published as freeware and used on popular www.planet.com.mm website in 2006. It became a major hit since the advertising was enormous and most online users are waiting for a usable Burmese font. Bloggers started using Zawgyi-One font and they helped each other. Since then, majority of Burmese online users used Zawgyi-One as primary font and unaware of Unicode standard.

Zawgyi’s Copyright Holder And Recognition

ဇော်ဂျီစာလုံးပုံစံက ASCII ဖောင့်တွေဖြစ်တဲ့ Arthouse ဖောင့်တွေထဲက တစ်ခုဖြစ်တယ်။ ဇော်ဂျီအဖွဲ့ထဲက တစ်ယောက် (လို့ထင်ရသူတစ်ယောက်) က Arthouse ဆီက ဖောင့်နဲ့ဆိုင်တဲ့ အခွင့်အရေး အားလုံး ဝယ်လိုက်တယ် ဆိုပါတယ်။ ခက်တာက ဇော်ဂျီအဖွဲ့ထဲက ပညာရှင်ငါးဦးဆိုတာ ဘယ်သူမှန်း မသိရပါ (သို့မဟုတ် ဝန်မခံပါ)။ MyMyanmar က ထုတ်တဲ့ MyMyanmar ဆော့ဖ်ဝဲမှာ Zawgyi-One/Two/Three စသည်ဖြင့်ပါလာတယ်။ ကွန်ပျူတာဂျာနယ်မှာ Zawgyi-One ကို မိုင်မြန်မာက ဝယ်လိုက်တယ်လို့ ပါလာတယ်။ ဒါပေမဲ့ Arthouse က ကိုဇော်ဝင်းမြတ်နဲ့ အင်တာဗျူးတစ်ခုမှာ Font ပုံစံနဲ့ ပတ်သက်တဲ့ အခွင့်အရေးအားလုံးကို သူသာပိုင်တယ်လို့ ပြောပါတယ်။ ဇော်ဂျီဝမ်းရဲ့ မြန်မာမဟုတ်တဲ့ အက္ခရာတွေမှာတော့ Microsoft ရဲ့ Tahoma ဖောင့်ကို တိုက်ရိုက်ယူသုံးထားပါတယ်။ ယာယီလို့ ပြောပေမဲ့ ခုထိပြင်သေးတာ မတွေ့ပါ။ ၂၀၀၈ Arial ဗားရှင်းမှာ Microsoft ပိုင် Arial ဖောင့်ကို ယူသုံးတယ်။ ၂၀၀၇ မှာ ဇော်ဂျီအဖွဲ့ MCPA Excellence Award ဆုရတယ်။

Zawgyi-One typeface was taken from Arthouse(Mandalay) font package. A member of Zawgyi team unofficially said that they bought all rights of Zawgyi font from font’s designer. One big confusion is that the “five” main founders of Zawgyi font are unknown of (at least did not declared themselves). MyMyanmar software package included Zawgyi-One, Zawgyi-Two and Zawgyi-Three fonts and said it owned Zawgyi font in Computer Journal(Myanmar). Again, Zaw Win Myat of Arthouse said in an interview that he still owned all rights of Zawgyi typeface and he just simply allowed the usage of the font. All other characters of Zawgyi font apart from Burmese codepoints are directly copied from Tahoma font of Microsoft. Zawgyi-Arial version uses Arial font owned by Microsoft too. Zawgyi team won 2007 MCPA Excellence award.

Future Upgrade

ဇော်ဂျီကို ယူနီကုဒ်ဖြစ်အောင် ဇော်ဂျီအဖွဲ့က ပြောင်းပေးမယ့် အချိန်ကို စောင့်နေသူတွေ ရှိတာတွေ့တယ်။ စောင့်မနေပါနဲ့။ ဇော်ဂျီ ကို ဘယ်နည်းနဲ့မှ နဂိုအတိုင်းလည်းဖြစ်အောင် (ဖတ်လို့ရအောင်)၊ ယူနီကုဒ်စနစ်နဲ့လည်း ကိုက်ညီအောင် ပြောင်းလို့မရပါ။ ယူနီကုဒ်ဖောင့်ကို ဇော်ဂျီစာလုံးပုံနဲ့ လိုချင်တယ်ဆိုတော့ ဖြေရှင်းနည်းက လွယ်ပါတယ်။

There are some who waiting for the “right” time when the Zawgyi team would upgrade Zawgyi font to Unicode standard and still compatible with old Zawgyi. But it’s just logically impossible to co-exist since Zawgyi characters and Unicode characters cross-exit. If it’s simply the changing of one of Unicode font’s typeface to Zawgyi typeface, it’s pretty easy.

Ref:

  • http://www.myanmarnlp.org.mm/
  • http://www.unicodeconference.org/
  • http://unicode.org/conference/about-conf.html
  • http://www.zawgyi.net
  • http://www.myanmaritpro.com/
  • http://my.wikipedia.org/wiki/မြန်မာယူနီကုဒ်နေ့ရက်စဉ်သမိုင်း

 

Tags: , , ,

· · · ◊ ◊ ◊ · · ·

ဒီတစ်ခါလည်း သူများခေါင်းစဉ် ခိုးချလိုက်ဦးမယ်။ သာသာယာယာဆိုလို့ ခေါင်းထဲရောက်လာတာ အိမ်သာ ကိစ္စပါ။ ဟုတ်ပေမပေါ့။ အိမ်မှာ ဒါလေးတစ်လုံးလောက်ရှိမှ သာယာတော့မကိုး။ ရခိုင်မှာတော့ ဒီ့ထက် ပိုဒဲ့ကျတယ်။ ချဘောင်သာ တဲ့။ အိမ်သာအကြောင်းပြောရင် မသတီ၊ အော်ဂလီဆန် ရွံ့ကနဲဖြစ်ပေသော်ငြား အစားအသောက်တွေနဲ့ ဆက်စပ်တွေးမိတယ်ပြောရင် အံ့ဩကြမလားပဲ။

ကျော်စွာ ဓာတ်မြေဩဇာစက်ရုံမှာ အမေတာဝန်ကျတော့ ကျွန်တော်လည်း အဲမှာပဲပေါ့။ အဲဒီမှာ ရုပ်ရှင်ရုံရှေ့ မျက်စောင်းထိုးပြောမလား ဓားလွယ်ခုတ်ပြောမလား အဲနားက အိမ်မှာ ကျွန်တော်တို့နေတယ်။ ကျော်စွာဆိုတာ ပြည်နဲ့ အောင်လံကြားက ရွာလေးပါ။ ရွာလေးနားမှာ စက်ရုံတည်ပြီး ဝန်ထမ်းအိမ်ရာ တစ်ထပ်တိုက်ပုလေးတွေ ဆောက်ပေးထားတယ်။ ရုပ်ရှင်ရုံဆိုတာလည်း ဝန်ထမ်းတွေအတွက် ဖွင့်ပေးထားတဲ့ ကားအကျတွေတင်တဲ့ ဖလင်ရုံလေးပါ။ ရုပ်ရှင်ရုံရှေ့ မှာ ဘာပင်ကြီးလဲမသိဘူး ရှိတယ်။ အဲဒီအပင်က အစေ့တွေ ချာလပတ်ရမ်းပြီးကျလာရင် ကျွန်တော်တို့ ကလေးတွေ ကျောက်တုံးနဲ့ထုပြီး အထဲကအဆံကို ခွဲစားကြတယ်။ ဆောင်းတွင်းဆို ကလေးတွေစုပြီး ပုရစ်တွင်းတွေ ရေနဲ့လောင်း၊ ထွက်လာတဲ့ ပုရစ်တွေကိုလိုက်ဖမ်း၊ ကြော်စား အကုသိုလ်တွေ ပျော်ပျော်ကြီးကျူးလွန်ကြတာပေါ့။ ကဲ ပြောရင်းဆိုရင်းချော်တောငေါ့သွားပြီ။ အဲဒီမှာ ကျွန်တော်နေတဲ့အိမ်က အိမ်ဘေးပတ်လည်မှာ ကွန်ကရစ်ခင်းထားတယ်။ ကွန်ကရစ်ကြမ်းပြင်ပြီးမှ ကွန်ကရစ်မြောင်းလေးရှိတယ်။ မြောင်းလေးဘေးမှာမှ မြေကွက်လပ်ပတ်လည် တစ်လံလောက်ရှိသေးတယ်။ အဲဒီနောက်မှာမှခြံစည်းရိုး။ ခြံနောက်မှာ ဒန့်သလွန်ပင်ကြီးရှိတယ်။ ခြံဘေးမှာတော့ သပြေပင်နှစ်ပင် ငှက်ပျောပင်တစ်တောနဲ့ ဆီးပင်ကြီးတစ်ပင်ရှိတယ်။ ခြံရှေ့တံခါးဝနားမှာ ပန်းပင်တွေရှိတယ်။ အဲ ကွန်ကရစ်မြောင်းလေးထဲမှာတော့ ကန်စွန်းပင်တွေ ရှိတယ်။ သန်လိုက်တာ မပြောပါနဲ့ စားလို့လည်း ကောင်းမှကောင်း။ ကောင်းဆို မြေဩဇာကလည်း ကောင်းတာကိုး။ အိမ်သာမအားရင် ကလေးဆိုတော့ နောက်ဖေးဘက်ထွက်သွားပြီး မြောင်းဘောင်မှာ ခပ်တည်တည်နဲ့ သွားထိုင်လိုက်တာပဲလေ။ မိုးတွေရွာလို့ ရေလျှံတဲ့နေတွေဆို ပေါလောပေါလောနဲ့ပေါ့။ တွေးကြည့်လည်း လွမ်းမိပါတယ်။ အဲဒီမှာ မီး ၂၄ နာရီလာတယ်လေ။

ရခိုင်ကျောက်ဖြူဘက်က အဘိုးအဘွားတွေဆီ သွားနေတော့ အဲဒီနားမှာ အမျိုးအိမ်တွေချည်းစုနေတာ။ အဲဒီတုန်းက အဲလိုနယ်ဘက်တွေမှာယင်လုံ အိမ်သာခေတ်မစားသေးဘူး။ အိမ်တွေနဲ့ ခပ်လှမ်းလှမ်း မြေကွက်လပ်နေရာမှာ အိမ်သာတွေချည်းပဲ တန်းစီဆောက်ထားတာ။ ကိုယ့်အိမ်သာကိုယ် သော့ဖွင့်ပြီး သွားတက်ပေါ့။ အိမ်သာပုံစံက ခြေတံရှည်အိမ်သာလေးတွေ။ အောက်ဘက်မှာ သစ်သားဇလားအပွင့်ကြီးတစ်ခုချထားတယ်။ ဟုတ်တယ် အပွင့်။ ယင်တလောင်းလောင်း လောက်တဖွားဖွားနဲ့၊ အိမ်သာတက်ရင်း ထိုင်ကြည့်နေတောင် အပျင်းပြေလောက်တယ်။ ပြည့်သွားရင်တော့ ချေးကုလားခေါ်သွန်ရတယ်။ နောက်ပိုင်းယင်လုံအိမ်သာတွေဖြစ်သွားတော့ စည်ပင်က မိလ္လာကားခေါ်စုပ်တယ်။ ထားတော့။ ပြောချင်တာက အဲဒီနားမှာ ခြံစည်းရိုးကို နွယ်တက်နေတဲ့ ဧရာမ မြောက်ဥပင်ကြီးအကြောင်းပါ။ သဘာဝမြေဩဇာတွေ မဟားဒယားစားသုံးပြီး အရွက်ဖားဖား စိမ်းစိမ်းစိုစိုနဲ့ အိမ်သာနဲ့ ခြံစည်းရိုးကြား မင်းမူနေတာ။ အဘိုးက မြောက်ဥဟင်းခါးချက်ကျွေးတဲ့နေ့တွေ ထမင်းမြိန်သလား မမေးပါနဲ့။

ကျောက်ဖြူကနေ မြေလတ်ပိုင်းသွားချင်ရင် လမ်းပန်းဆက်သွယ်ရေးက ခုခေတ်လို မကောင်းသေးဘူး။ တောင်ကုတ်ကို သင်္ဘောနဲ့ အရင်သွား။ တောင်ကုတ်ရောက်မှ ပြည်၊ ရန်ကုန်ကို ကားပြောင်းစီးရတယ်။ ကျောက်ဖြူအရှေ့ဘက်က ရေစူးမကောင်းလို့ အနောက်ဘက်ပိုင်းကနေ ရမ်းဗြဲတစ်ကျွန်းလုံးကို သင်္ဘောနဲ့ပတ်ပြီးမှ တောင်ကုတ်သွားလို့ရတယ်။ ရမ်းဗြဲဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တွေနဲ့ ဂျပန်တွေ အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့တဲ့ နာမည်ကျော်ကျွန်း။ ဗြိတိသျှစစ်သင်္ဘောက ချိန်ပစ်လိုက်တဲ့ အမြောက်ဆံဟာ ကျောက်ဖြူခံတပ်က ဂျပန်အမြောက်ပြောင်းဝထဲ တည့်တည့်ဝင်သွားခဲ့တဲ့အကြောင်း ခုထိ ပြောစမှတ် ဖြစ်တုန်း။ သင်္ဘောက မနက်စောစော ခုနစ်နာရီလောက်ထွက်ရင် ညနေစောင်း ရှစ်နာရီလောက်မှ တောင်ကုတ်ရောက်တယ်။ တောင်ကုတ်ကနေ ရခိုင်ရိုးမခရီးကြမ်းကို ဖြတ်ပြီး မောင်းလိုက်ရင် နောက်တစ်နေ့ နေ့လည်လောက် ပြည်ကိုရောက်တယ်။ ရန်ကုန်ထိဆိုရင် ညမှောင်မှ ရောက်မယ်။ ရိုးမပေါ်က ဆတ်သားခြောက်က နာမည်ကျော်၊ ဆတ်သားစစ်လားမစစ်လားတော့မသိ။ တစ်ခါ ကားဆရာသား ကောင်လေးတစ်ယောက်ကပြောတော့ အမဲသားကို ထုံးရည်ကြည်မှာစိမ်ပြီး အရသာပြောင်းအောင် လုပ်ထားတာဆိုလားပဲ။ အဲဒါ အမေရယ် ကျွန်တော်ရယ်၊ အစ်မရယ် သုံးယောက်ပေါ့ ရခိုင်ကအပြန်။ ကျွန်တော်လည်း ခုနစ်နှစ် ရှစ်နှစ်လောက် ရှိဦးမယ် ထင်တယ်။ ဖြစ်ချင်တော့ သင်္ဘောက ရမ်းဗြဲသင်္ဘောဆိပ်နားမှာ ပျက်တယ်။ အဲဒီတော့ သင်္ဘောဆိပ်မှာ ခဏနားပြီးပြင်တယ်။ သင်္ဘောဆိပ်ကနေ မြို့အထိ တော်တော်လှမ်းတယ်။ နောက်တစ်နာရီလောက် ကားနဲ့ သွားရသေးတယ်။ ပြင်ပြီးသွားတော့ ညနေစောင်းနေပြီ။ ရေကျချိန်ဆိုတော့ သင်္ဘောကနောက်နေ့မှ သွားလို့ရတော့မယ်။ အဲဒါနဲ့ သင်္ဘောဆိပ်နားက ဇရပ်လိုမျိုး နံရံအပွင့်နဲ့တည်းခိုခန်းမှာနားရတယ်။ ဆောင်းတွင်းဆိုတော့ အေးလိုက်တာ လွန်ပါရော။ မှတ်မှတ်ရရ ဖလ်ဘူးရှောက်သီးဆေးပြားကို အဲဒီမှာ အမေ့ဆီက စ စားရတာ မှတ်မိတယ်။ ဖလ်ဘူးကို ဖန်ဘူးလို့ အသံထွက်ရကောင်းမှန်းမသိတာနဲ့ ဖယ်လ်ဘူး ဖယ်လ်ဘူးနဲ့ ထွက်ခဲ့တာ။ တစ်ညလုံးလည်း ဆီးချုပ်ဝမ်းချုပ်နဲ့။ ဖလ်ဘူးတွေနင်းကန်စားပြီး ဗိုက်က ရစ်တစ်တစ်နဲ့ပေါ့။ အိမ်သာမရှိလို့တော့မဟုတ်ဘူး။ ကြောက်လို့။ တည်းခိုတဲ့နေရာနဲ့ မလှမ်းမကမ်း ကမ်းပါးတလျှောက်မှာ အိမ်သာလေးတွေ တန်းစီဆောက်ထားတယ်။ အိမ်သာဆိုပေမဲ့ ဖြစ်ကတတ်ဆန်း လေးတိုင်စင်လေးတွေ။ ကမ်းပါး အောက်ခြေကလည်း ရေကျတဲ့အချိန်ဆိုတော့ ရွှံ့တွေဗွက်တွေ၊ အပေါ်ကလာတဲ့ အင်အင်းတွေနဲ့ရောပြီး ဝါညစ်ညစ် ရွံ့ပြင်ကျယ်ကြီးပေါ့။ တစ်ခါခါ ငါးစင်ရိုင်းလေးတွေ ထပွက်တယ်။ အပေါ်ကအောက်ထိ ဝါးတစ်ရိုက်လောက်မြင့်တယ်။ တံတားထိုးထားတာလည်း ကမ်းနဲ့ ဝါးတစ်ရိုက်လောက်ကွာတယ်။ တံတားကလည်း မည်ကာမတ္တတံတား။ လက်ကောက်ဝတ်အရွယ် ဝါးလေးနှစ်လုံးထိုးထားပြီး ဘေးမှာ လက်ကိုင်တန်းလေးတစ်တန်း လုပ်ထားတယ်။ ကျွန်တော်ကငယ်ငယ်တုန်းက အမြင့်ကြောက်တတ်တယ်။ သုံးထပ်အိမ်မှာ ပြတင်းပေါက်က ထွက်မကြည့်ရဲဘူး။ ကဲစဉ်းစားကြည့် အိမ်သာမသွားရဲတာ ဘယ်သူ့အလွန်လဲလို့။ ဒါလည်းမနေနိုင်ပါဘူး။ နောက်နေ့မနက်စောစော မအောင့်နိုင်လို့ ကြောက်ကြောက်နဲ့ သွားရတာပါပဲ။ တံတားပေါ်ဖြတ်တော့ ဒူးတွေယိုင်လို့ပေါ့။ တံတားအစပ်မြူတွေကြားမှာ ထိကရုံးလေးတွေ ကျိုးတိုးကျဲတဲ ပွင့်လို့။ အောက်ငုံ့မကြည့်နဲ့၊ အောက်ငုံ့မကြည့်နဲ့။ ခြေလှမ်းတောင် ကျဲကျဲမလှမ်းရဲဘဲ တစ်လက်မစီ တိုးတိုးရွှေ့သွားရတယ်။ ။နောက်ဆုံးအောင်မြင်စွာ အိမ်သာထဲရောက်သွားတော့လည်း နံရံကမလုံ့တလုံ။ ဆောင်းလေများ တစ်ကျော့လောက်ဖြတ်တိုက်လိုက်ရင် ကျောရောဖင်ရော စိမ့်ကနဲပဲ၊။ အောက်များယောင်လို့ ငုံ့မကြည့်ရဲဘူး။ မတော်လို့ ချော်ကျသွားရင် အောက်က အင်အင်းရွှံ့ထဲမှာ စွပ်ဆို ခေါင်းစိုက်နေမှာ။ သေသော်မှတည့် ဪကောင်း၏။

စာကြွင်း။ ။ မေ့လို့။ ရွံတတ်ရင် ဒီစာ မဖတ်ပါနဲ့။

Tags:

· · · ◊ ◊ ◊ · · ·

In summary, as of 2011, Myanmar Unicode fonts can correctly render in;

  • Windows (Opentype on Uniscribe)
  • OSX (Opentype on AAT) with Myanmar font built-in
  • Linux distros (Opentype, Graphite on Pango,Harfbuzz) with Myanmar font built-in or Repository available
  • iOS (Opentype on AAT).

We have a few more updates now.

(1) Nook is Android based tablet and it seems to be able to render Myanmar Unicode correctly. နွတ်(ခ်) မှာ မြန်မာယူနီကုဒ်ဖောင့် အမှန်ပေါ်ပါပြီ။
(2) Android itself started supporting Myanmar Unicode 5.0 in it’s IcecreamSandwich Android 4.0. The reshaping rules are based on Pango and are inside the system (not in the font). The most visible changes are virama u1039 and vowel e u1031. အန်းဒရွိုက် ၄.၀ မှာ မြန်မာယူနီကုဒ် ၅.၀ စာလုံးပုံဖော်တဲ့ စနစ်ပါလာပါပြီ။ ယူနီကုဒ်က ၅.၁ နောက်ပိုင်းမှာမှ ပုံသေဖြစ်တဲ့အတွက် အမှန်မပေါ်သေးပါဘူး။

Android 4.0 Myanmar Unicode Support

Android 4.0 ICS Myanmar Unicode Support. Zawgyi texts will not show correctly anymore.

(3) Windows 8 consumer preview came out a few days ago. It has improved Myanmar font (supports Burmese and Mon) and Myanmar font fallback for IE. So, it’s confirmed that Windows 8 will support Myanmar Unicode font and Keyboard in PC, mobile or tablets when it comes out. ဝင်းဒိုး ၈ စားသုံးသူအတွက် နမူနာမှာ အရင်တစ်ခါထက် ပိုမှန်လာတဲ့ မြန်မာယူနီကုဒ် ပါလာတဲ့အတွက် တကယ်ထုတ်ရင် ပါလာမှာ သေချာပါပြီ။

Shifted Unicode Keyboard on Windows8 Consumer preview

Shifted Unicode Keyboard on Windows 8 Consumer Preview (Based on Myanmar3 Layout by Myanmar NLP)

#P.S. Myanmar Wikipedia has more than 10,000 articles now.

Tags: , , ,

· · · ◊ ◊ ◊ · · ·

Paradigm Shift

31 Jan 2012

Paradigm Shift
ငယ့်ငယ်တုန်းက ဖတ်ဖူးတဲ့ ကိုတာ့စာထဲမှာတော့ ပါရာဒိုင်း (Paradigm)တဲ့။ မျက်စိထဲမြင်ယောင်တာကတော့ ပါပရာရယ် ပဒိုင်းသီးရယ်။ နောက် နည်းနည်းကြီးလာတော့ ကျော်ဝင်းက ယဉ်ကျေးမှုတွေ တွန်းတိုက်မိကြတယ် (cultural conflict/clashes) ပြောပြန်တယ်။ ဒီတစ်ခါတော့ တရုတ်ကြီး အင်္ကျီလက်စနဲ့ ကုလားမကြီးဆာရီနဲ့ ငြိကြတယ်ပေါ့။

ဆံရှည်ထားတာ လမ်းသရဲ၊ ဘောင်းဘီဝတ်တာ လူမိုက်ဆိုတဲ့ အဆင့်ကနေ နည်းနည်းတော့ ရွေ့လာပြီထင်တာပဲ။ ဆံပင်ဝဲနဲ့ အီမိုတွေပေါ်လာသလို၊ မိန်းကလေးတွေလည်း အပြိုင်းအရိုင်း တိုတက်လာကြတော့ ခေတ်ကြီးပျက်နေပြီပြောရင် နည်းနည်းတော့ လွန်လိမ့်မယ်။ ကိုယ့်နိုင်ငံ စီးပွားရေးအင်အားကောင်းမှ၊ နိုင်ငံ့မီဒီယာတွေ ကမ္ဘာကို ဖြန့်နိုင်မှ၊ နိုင်ငံသားတွေပညာကိုယ်ခံအားကောင်းမှ ကိုယ့်ယဉ်ကျေးမှုကို သူများဆီ သွားနယ်ချဲ့လို့ရမယ်။ နိုင်ငံကလည်းဆင်းရဲ၊ လူအများစုက ပညာမတတ်ကြရင် နယ်ချဲ့လာတဲ့ သူတပါးယဉ်ကျေးမှုတွေ ကိုယ်က ပြန်ယူနေရမှာပဲ။ ဒါ ရှောင်မရ ပြုမရ၊ အကောင်းဘက်ရောက်အောင်သာ လမ်းကြောင်းပြောင်းပေးလို့ရတဲ့ ကိစ္စ။ သိပ်တော့မပူပါနဲ့။ ရန်ကုန်နွေလယ်ခေါင်မှာ တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့လူသာလျှင် မက်ထရစ်ကားထဲက လောင်းကုတ်ကြီးတကားကားနဲ့ ချွေးထုတ်နေပါလိမ့်မယ်။ ကံကောင်းတာက မြန်မာဆိုတာ စာပေ၊ ဂီတ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ကိုယ်ခံအားကောင်းခဲ့တဲ့ ဒေသဖြစ်လေတော့ ယဉ်ကျေးမှုဝါးမျိုခံရခြင်းအစား ယဉ်ကျေးမှုမွေးစားခြင်းဘက်ကို ပိုရောက်နေတယ်ပြောရမယ်။

မြန်မာရယ်လို့ဖြစ်လာတာတောင် နှစ်ပေါင်း တစ်ထောင်စွန်းစွန်းပဲ ရှိသေးတယ်။ ဒီကြားထဲမှာ ဒီလိုပဲ အဆင့်ဆင့်ပြောင်းပြီး ဒီနေ့ခေတ်ရောက်လာတယ် မဟုတ်ပေလား။ ဝတ်ပုံစားပုံတောင် ဒီနှစ်နဲ့ နောက်နှစ် ယောင်ယောင်လေး ကွဲတယ်။ ရှေးခေတ်မြန်မာကြီးတွေ ဝတ်တဲ့ ရင်ဖုံးနဲ့ ဒီနေ့ခေတ်တိုက်ပုံ ဘယ်မှာတူလို့လဲ။ သူတို့ခေါင်းပေါင်းစရှည် တစ်ထောင်ထောင်နဲ့ လွှတ်တော်အမတ်တွေရဲ့ လယ်ဒီမိတ်ခေါင်းပေါင်းစတိုနံ့နံ့ တခြားစီ မဟုတ်လား။ တောင်ရှည်ပုဆိုးဆိုတာ လုံချည်ဆိုင်မှာတောင် သွားမေးလို့ မရှိတဲ့ အဖြစ်။ မြန်မာ့ရိုးရာစားစရာဆိုတဲ့ မုန့်ဟင်းခါးတောင် ပေါ်တာ နှစ်တစ်ရာ မပြည့်တတ်သေး။ ဒီနေ့မြန်မာက လူမျိုးကြီးဗမာဆိုတာလည်း တိဗက်က အဓိက ဆင်းသက်လာပြီး တရုတ်အရောရော၊ မွန်အရောရောမဟုတ်ပေလား။ ဒါကြောင့်ပဲ နိုင်ငံရှိရင် လူမျိုးရှိတယ်ဆိုတဲ့စကားက အများကြီးတာသွားပါတယ်။

ရှေးခေတ်က သီတင်းကျွတ်ရင် ဆီမီးခွက်မျှောတယ်။ ဖယောင်းတိုင်ထွန်းတယ်။ ဒီခေတ်လည်း မျှောတဲ့လူမျှောတုန်း၊ ဖယောင်းတိုင်လည်း ထွန်းတဲ့လူထွန်းတုန်း။ အများစုကတော့ လျပ်စစ်မီးသီးထွန်းမယ်၊ မီးရှူးမီးပန်းဖောက်မယ်။ ရှေးကသင်္ကြန်မှာ သပြေခက်နဲ့ ရေပက်ခဲ့ကြပေမဲ့ ခုခေတ် မီးသတ်ပိုက်နဲ့ထိုးမယ်၊ ရှေးက နွားလှည်းနဲ့ လှည့်ပေမဲ့ ခုခေတ် ကားနဲ့လည်မယ်၊ အိုးစည်ဗုံမောင်းအစား တီးဝိုင်းနဲ့ဆိုမယ်။ ထိန်းသိမ်းတဲ့လူက ထိန်းသိမ်းနေသလို တိုင်းတပါးယဉ်ကျေးမှုကို ကူးချတဲ့လူကလည်း ကူးချနေပါတယ်။ အဟောင်းတွေပျက်လို့ အသစ်တွေဝင်လာတဲ့အချိန် ကြားထဲက အခြေအနေတစ်ရပ်မှာ ကိုယ်ပိုင်စတိုင်တစ်ရပ်ဖြစ်လာတာကို နှောင်းပိုင်းလူတွေက ငါတို့ယဉ်ကျေးမှုလို့ အမည်တပ်ကြပါလိမ့်မယ်။

တရုတ်အင်္ကျီကနေ တိုက်ပုံဖြစ်၊ ဒိုတီက ပုဆိုးဖြစ်၊ ထိုင်းသီချင်းက သီချင်းကြီးဖြစ်နဲ့ သူများဟာကို ကိုယ့်ဟာဖြစ်အောင် တဖြည်းဖြည်းနဲ့ ယူနီကွီး (Unique) ကိုယ်ပိုင်ဝိသေသလက္ခဏာတစ်ရပ် ဖြစ်အောင် လုပ်ယူနိုင်တာ အင်အားကြီးနိုင်ငံတွေကြားမှာ ပဲလှော်ဆားညပ်သလိုညပ်နေတဲ့ မြန်မာတွေရဲ့ ထူးခြားတဲ့ အချက်ပေါ့ဗျာ။ ဒီလို ရာစုရှည်အောင် တည်တံ့(နည်းနည်းစီပြောင်းလဲ)လာတဲ့ ယဉ်ကျေးမှုတွေရှိသလို ကြားထဲမှာ ပျောက်ပျက်သွားတဲ့ ဓလေ့တွေလည်း အများကြီး ရှိသပေါ့။ ဥပမာ လှေလှော်၊ မြင်းစီး၊ သဲပုံစေတီဆိုတဲ့ ပွဲတွေဟာ တော်တော်ရှားရှားပါးပါးမှ တွေ့ရတော့တဲ့ ဓလေ့တွေပါ။ ဗမာယဉ်ကျေးမှု လွှမ်းမိုးလို့ တချိန်က ဗမာတွေနဲ့ တန်းတူ အင်အားကြီးခဲ့တဲ့ မွန်၊ ရခိုင် စတဲ့တိုင်းရင်းသားတွေ၊ တခြားတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာတွေ ပျက်သွားတာလည်း တပုံတပင်ရှိတာမို့ ပျောက်ပျက်သွားတဲ့ ဓလေ့တွေအတွက် သိပ်ပြီး နှမြောမနေပါနဲ့။ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းရသလို တိုးတက်နေအောင်လည်း အမြဲကြံဆောင်နေရမယ် မဟုတ်လား။ ထိန်းသိမ်းရုံပဲ ထိန်းသိမ်းနေရင် ကြာရင်ကောမှာပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ရာကလည်း ဒီသီချင်းကြီးတွေ၊ ဒီခေတ်လည်းတစ်ပုဒ်မှ တိုးမလာ။ ရှေးက ရုပ်သေး ခုခေတ်ထိ ဒီတိုင်းပဲ။ ဒီခေတ်နည်းပညာတွေ၊ ဆက်တင်တွေနဲ့ ပေါင်းစပ်မရနိုင်ပေဘူးလား။ (ဒီနေရာမှာ ဝင်နှောက်ချင်တာက တစ်သီးပုဂ္ဂလတွေရဲ့ ကဏ္ဍပါ။ စည်းလုံးညီညာ အောင်ကြောင်းဖြာလို့ ဘယ်လိုပဲ ပြောပြော ခေတ်ကိုအပြောင်းလဲကြီးပြောင်းလဲခဲ့သူ တစ်ယောက်ချင်းစီက သူ့ခေတ်မှာ သူများထက် အပုံကြီး တော်ခဲ့ချွန်ခဲ့တဲ့ လူရည်ချွန်တွေ ဉာဏ်ကြီးရှင်တွေကြောင့်လို့ ပြောရင် လွန်အံ့မထင်။) ခေတ်နဲ့ မညီ လူကြိုက်မများတော့တဲ့ ဓလေ့တွေကတော့ ဘယ်လောက်အသက်သွင်းသွင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေမှာပါပဲ။

ယဉ်ကျေးမှု ထိန်းသိမ်းတယ်ဆိုရာမှာ အစိုးရရဲ့ မူဝါဒ၊ တိုင်းပြည်ရဲ့စီးပွား၊ ပြည်သူတွေရဲ့ ပညာရေးရေချိန်တွေက အရေးပါတဲ့ နေရာတွေမှာ ရှိနေပါတယ်။ ဒီနေ့ခေတ်လို ကမ္ဘာရွာဖြစ်နေတဲ့အချိန်မှာ သူများလွှမ်းမိုးတာ အနည်းနဲ့ အများတော့ ခံရမှာပါပဲ။ အရေးကြီးတာက ပါရာဒိုင်းအရွေ့တွေကြားမှာ ကိုယ့်ယဉ်ကျေးမှုတွေ အပြင်ကို အစွံထုတ်နိုင်ဖို့နဲ့ သူများယဉ်ကျေးမှုတွေရဲ့ အတွန်းအတိုက်ကို ထိုက်ကျိကျင့်သလို အသာလေး ရောမွှေမွေးစားလိုက်ဖို့ပါပဲ။ လုံးဝအဝင်မခံဘဲ တောင့်ခံထားရင် မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ ယဉ်ကျေးမှုရှော့ရ(Cultural Shocks)သွားပြီး လူကြီးတွေ နောက်ကောက်(Knock out)ကျသွားလိမ့်မယ်။ “Survival of the fittest” (အင်္ကျီအကျပ်ဝတ်မှ ဖိုက်တင်ချနိုင်မယ်ဆိုလား) လို့ ဒါဝင်ကြီးက ဆိုတယ် မဟုတ်လား။ သေချာတာကတော့ မြန်မာဆိုတဲ့ ဝိသေသက မြန်မာနိုင်ငံရှိနေသရွေ့တော့ ပျောက်ပျက်သွားဦးမှာ မဟုတ်။

Tags: , ,

· · · ◊ ◊ ◊ · · ·

ဖိုးတေ

19 Jan 2012

နေတက် ရေတက်မှာ မွေးတဲ့ ကလေး တိုးတက်ဦးမယ်ဟုဆိုကာ ဘကြီးဘုန်းကြီးက မောင်တိုးဟု အမည်ပေးသည်။ အဖေက အဘိုးနာမည်ပါအောင်ဟုဆိုကာ ဖေတိုးဟု သမုတ်သည်။ အမေက အဖေ့ဘက်နေသဖြင့် ဖေတိုးအမည်ရလေသည်။ သို့ရာတွင် တွင်သည်ကား ဖေတိုးမဟုတ်။ ဖိုးတေဟူ၏။ ဖိုးတေ၏ မိဘများသည် သူကြီးမျိုးရိုးဖြစ်သည်နှင့်အညီ ရွာတွင် ဩဇာညောင်း၏။ သူကြီးခေတ် မရှိပြီဖြစ်ငြားလည်း လယ်ပိုင်၊ နွားပိုင် ရွာမျက်နှာဖုံးဟူသော ဂုဏ်ပုဒ်ကား မနည်းလှ။ ထိုထိုဂုဏ်တို့ဖြင့် အများတကာ၏ ဖူးဖူးမှုတ်ခံရသော ဖိုးတေသည် လူကြီးတွေ့လျှင် ဆိုးချင်၏။ ရွယ်တူကလေးတွေ့လျှင် အနိုင်ကျင့်ချင်၏။ ကလေးမိဘများက တိုင်ပါများသောကြောင့် အဖေက ကြိမ်လုံးကိုင်လျှင် ဖိုးတေသည် ရွာဦးကျောင်းသို့ပြေး၍ ကျောင်းထိုင်ဖြစ်သူဘကြီးဘုန်းကြီး၏ သင်္ကန်းအောက်ပုန်းလေ၏။ ထိုအခါ နောက်မှလိုက်လာသောအဖေသည် ဒီကောင်ကွာ ဟုတစ်ခွန်းသာပြောလျက် ဆရာတော်ကို ဦးချကာ ပြန်လေ၏။ ဆရာတော်သည် သံယောဇဉ်အပေါင်းကို ဖြတ်လျက် သင်္ကန်းဝတ်လာသော်ငြား ဖိုးတေက ဘုန်းဘုန်းဘုရာ့ ဟုအနားကပ်လာပြီး အသံစာစာဖြင့် ချွဲလျှင် သဘောကျလျက်နေလေ၏။

ဖိုးတေ ကျောင်းနေသော် ဆရာဆရာမများကအစ မည်သူမှ အမည်ရင်းကို မခေါ်။ ဖိုးတေသာ ခေါ်ကြလေ၏။ ကျောင်းတွင်လည်းဆိုး၏၊ ပေ၏၊ အနိုင်ကျင့်၏၊ လူမှန်လျင် ကျောင်းရှိ ဆရာမလေးယောက်နှင့် ကျောင်းအုပ်ဆရာလေးမကျန် နောက်ဖို့သာချောင်းနေ၏။ ကြာသော် ဖိုးတေသည် အမည်ရင်းကိုပင် မေ့တေ့တေ့ရှိကာ ဖေတိုးခေါ်လျှင်မထူး ဖိုးတေခေါ်မှ ထူးလေ၏။ ပညာရေးတွင် ပျင်းရိသူဖြစ်လင့်ကစား ဖိုးတေသည် အမြဲအဆင့်ကောင်း၏။ မိဘနှစ်ပါးကား ဂုဏ်ယူမဆုံးတည်း။ ဆရာတော်သည် ကျောင်းအားရက်များတွင် ဖိုးတေအား ခေါ်ကာ မင်္ဂလသုတ်၊ ပဋ္ဌာန်း (၂၄) ပစ္စည်း အစရှိသည်တို့သင်ပေးကာ ပရိတ်သတ် ရှေ့မှောက်၌ ရွတ်ဆိုခိုင်း၏။ ဖိုးတေက အထစ်အငေါ့မရှိရွတ်ပြသော် ဆရာတော်ကား တပြုံးပြုံးနေလေ၏။ မူလတန်းအောင်သော် တစ်ရွာကျော်ရှိ တွဲဖက်အထက်တန်းကျောင်းသို့ သွားတက်ရ၏။ ခရီးဝေးသည်ဆိုကာ အဖေက စက်ဘီးတစ်စင်းဝယ်ပေး၏။ မောင်ဗမာဟူသတည်း။ စက်ဘီးကား မြင့်သည့်အပြင် ဘားတန်းလည်းပါသေး၏။ ရွာတွင် စက်ဘီးရှိသူဟူ၍ ရွာကျောင်းအုပ်၊ ဆေးမှူးနှင့် ဖိုးတေသာ ဖြစ်၏။ စက်ဘီးစီးကား သင်ပေးစရာမလို။ မနက်ကတည်းက စက်ဘီးဆွဲဲထွက်သွားရာ ညနေစောင်းတွင် မဏိကွမ်းစားလျက် စက်ဘီးဘေးထိုးစီးကာ ပြန်​ေရာက်လာလေ၏။ အာဂဖိုးတေတည်း။ ရှစ်တန်းရောက်သော် ရွာ၌ ပထမဆုံး ထော်လာဂျီမောင်းတတ်သူကား ဖိုးတေသာဖြစ်ပေ၏။ ကျောင်းအားရက်တွင် ထော်လာဂျီကို ရွာနီးချုပ်စပ် ပတ်မောင်းကာ ရှိသမျ အပျို မကျန်အောင် ပတ်၍ လူပျိုလှည့်လေ၏။ မိဘနှစ်ပါးကား ထော်လာဂျီစာမိသွားသော ဆိတ်ပိုင်ရှင်များအား လျော်ကြေးပေးရသည်တဖုံ၊ စာပေးခံရသော သမီးရှင်များကို တောင်းပန်ရသည် တစ်မျိုးနှင့် ဖိုးတေဆိုးသမျ မရိုးရအောင် ခံကြရလေ၏။ ဖိုးတေသည် ဆိုးသော်လည်း မိုက်သည့်ထဲမပါ။ ဆရာတော်တစ်ချက်ငေါက်လျှင် အပိုးကျိုးလေ၏။ ကွယ်ရာတွင်ကား ခွေးမြီးကောက် ကျည်တောက်စွပ်တည်း။

ဖိုးတေဆယ်တန်းအောင်သော် နှစ်ဘာသာဂုဏ်ထူးပါသဖြင့် ရွာတွင် ပေါက်ပေါက်မြောက်မြောက်ဖြစ်သူဟူ၍ တစ်ရွာလုံး ဂုဏ်ယူကြ၏။ အဆင့်မြင့်ပညာတို့ကို ဆည်းပူးရန် ရန်ကုန်ရွှေမြို့တော်သို့ရောက်၏။ မြို့သစ်ရှိ အသိဘုန်းကြီးကျောင်းတွင် ဝေယျာဝိစ္စလုပ်ရင်း အိုင်တီဟူသော ပညာတို့ကို ဆည်းပူး၏။ မိဘတို့ သားငယ်အကြောင်းကြားရသော် ဝမ်းသာမဆုံးတည်း။ ကွန်ပျူတာမသိ အင်တာနက်မသိသော်ငြား မိမိတို့ မသိသည့် အံ့ဘွယ်ဘနန်း ပညာတို့ကို ဆည်းပူးနေသည်ဟူ၍ ဂုဏ်ယူမဆုံး ဖြစ်ကြ၏။ ဘကြီးဘုန်းကြီးကား အာဂလူဟု ချီးကျူးလေ၏။ နှစ်အတန်ကြာသော် အိုင်တီပညာရပ်တို့ကို ဟိုစပ်စပ် သည်စပ်စပ် တတ်မြောက်လာ၍ နိုင်ငံခြားအလုပ်သွားလုပ်ချင်ပါသည်ဟု မိဘတို့ထံပူဆာ၏။ မိဘတို့မှာ တစ်ဦးတည်းသော သားငယ်အား ရပ်ဝေးပြည်ခြားသို့ မလွှတ်ချင်သော်ငြား ဘုန်းဘုန်းက အားပေးသဖြင့် ရှိသည့် လယ်အချို့ကို ပေါင်နှံရောင်းချကာ အေးဂျင့်တည်းဟူသော သူတို့မှတဆင့် အရောက်ပို့လိုက်ကြလေသည်။

မလေးရှားတွင် တစ်နှစ်ခန့်ကြာသော် စင်္ကာပူ ကူးချင်ပါသည် ဖြစ်လာ၏။ သူ့အပေါင်းအသင်းရောင်းရင်းတို့ စင်္ကာပူတွင် ကောင်းစားနေသည့်သတင်းကြားလျင် မလေးတွင် သည်မောင် မနေနိုင်တော့ပြီ။ တစ်နှစ်စာ လုပ်ထားသည့်အထုပ်ပိုက်ကာ စင်္ကာပူသို့ ခုန်ကူးလေ၏။ စင်္ကပူတွင် စီးပွားပျက်ကပ်နှင့် တိုးသဖြင့် အလုပ်ရှာမရ။ သူ့အသိတို့ အလုပ်မရ၍ တဖြုတ်ဖြုတ်ပြန်ကြသည်ကို တွေ့လျင် စိတ်ဓာတ်ကျလာ၏။ တစ်လရှာလည်း အလုပ်မရ နှစ်လရှာလည်း အလုပ်မရနှင့် နောက်ဆုံး မလေးရှားပြန် စတေးရှောင်ခါနီးတွင်မှ အဲယားကွန်းလိုက်ပြင်သည့်ဆိုင်တွင် အလုပ်ရ၏။ ပျော်လိုက်သည်ဖြစ်ခြင်း။ ပဉ္စင်းထွက်စဉ်က ထိုမှမပျော်။

သားတော်မောင် အဆင်ပြေသည့်သတင်းကြားလျင် အမေလည်းပျော်၏၊ အဖေလည်းပျော်၏။ ဘဘုန်းဆိုလျင် တရားဟောလျင် နိုင်ငံခြားရောက် တူတော်မောင် တော်ကြောင်းကောင်းကြောင်း ထည့်ထည့်ဟောကာ ဟိမဝန္တာချီးမွမ်းခန်းဖွင့်ရသည်မှာ အမော။ မိဘတို့မှာ တစ်လတန်သည် နှစ်လတန်သည် မြို့တက်ကာ ဖိုးတေကြိုက်တတ်သည့် အစားအစာ အခြောက်အခြမ်းလေးများလည်း လူကြုံထည့်ပေးရသည်ကို ကရိကထ များသည်မထင်၊ ပီတိဖြာ၍သာ နေကြလေ၏။ ဖိုးတေမှာကား အလုပ်ရခါစက တစ်ကြိမ်၊ သီတင်းကျွတ်တွင်တစ်ကြိမ် နှစ်ကြိမ်မျသာ ငွေပို့ဖူးလေ၏။ လခလည်း နည်းလှသည် မဟုတ်ပါလော။

စင်္ကာပူတွင် တစ်နှစ်ခန့်ကြာသော် ဖိုးတေ အလုပ်ပြောင်းလေသည်။ ယခု ဖိုးတေ အဲယားကွန်းမပြင်တော့ပြီ။ နက်ဝပ်အင်ဂျင်နီယာ ဟူသော အမည်သစ်ဖြင့် ခေါင်းတမော့မော့ ရင်ကော့နိုင်ပြီဖြစ်၏။ အားလပ်ချိန်တို့တွင် အချိန်ပေးလေ့လာခဲ့သော အကျိုးကျေးဇူးတို့တည်း။ လစာလည်း များလာပြီဖြစ်၍ ဖိုးတေ လက်ယားလာလေသည်။ အိုင်ဖုန်းဟူသည်ကို စကိုင်သော်အပေါင်းအသင်းများကြားတွင် အင်မတန်ထင်ပေါ်၏။ နာမည်ကြီးအိုင်ဖုန်းကို မမြင်ဖူး မတွေ့ဖူးကြသည့်အလား ဝိုင်းဝန်းကြည့်ရှုကြ၏။ ယင်းကိုပင် ဖိုးတေ သဘောကျ၍ နေလေ၏။ အိုင်ဖုန်းဖိုးထွက်သော် နောက်မကျစေရ ဖုန်းအမြန် လဲ၍ ကိုင်ပြန်လေ၏။ အိုင်ပက်ထွက်သော် ထမင်းဖိုးချွေတာ၍ ဝယ်ကိုင်ပြန်လေ၏။ ကင်မရာ၊ မက်ဘုတ် စသည်တို့လည်း မလွတ်စေရ၊ အက်ပဲလ် ကန်နွန် အစရှိသည်တို့ကို ပေးဝေငှ၏။ ရသမျလခ စု၍ ဝယ်လေသည်။

မိဘတို့မှာ အသက်လည်းထောက်ပြီဖြစ်၍ ငယ်စဉ်ကလို ကောင်းစွာ မလုပ်ကိုင်နိုင်တော့ဘဲ မြေများကို သီးစားချကာ စားနေကြရလေသည်။ အဖေလည်း ဒူလာဒဏ်ဖိစီးသဖြင့် နာတာရှည်တပိုင်း ဖြစ်နေလရာ အမေသာ အစစအရာရာ စီမံနေရတော့သည်။ သို့သော် သူတို့သားတော်မောင်ကို အများက မကောင်းပြောလျင် မခံနိုင်ကြ။ ငွေနှစ်ကြိမ်ကန်တော့ထားသည်ကိုလည်း​ေကာင်း၊ တစ်ခုသောနွေတွင် ရွာအရောက်တစ်ပတ်ခန့်ပြန်လာသော နိုင်ငံခြားရောက် သားတော်မောင်ကောင်းကြောင်းကိုလည်းကောင်း မစားရဝခမန်း ပြောကြလေ၏။ စင်္ကာပူငွေစျေးက ကျနေတယ်မဟုတ်လား ဘယ်ပို့နိုင်မတုန်းဟု ရှာကြံ၍ ဆင်ခြေပေးကြလေ၏။

ဖိုးတေ ရည်းစားရသောနေ့တွင် ရင်တို့သည် ဒိန်းချပ် ဒိန်းချပ်နှင့် ခုန်၍နေ၏။ မိန်းကလေးကား ကျောင်းသူဖြစ်၏။ သူ့ကို အစ်ကိုတိုးဟု ခေါ်၏။ ပိုးကြေးပန်းကြေးတို့ဖြင့် ငွေပိုကုန်သည်ကို မနှမြော။ အများနည်းတူ သူလည်း လူရာဝင်ပြီဖြစ်လေ၏။ ဖိုး​ေတ သည်နှစ်အကုန်တွင် လခတိုး၏။ လခတိုးသည့် အထိမ်းအမှတ်နှင့် အိုင်ဖုန်းဖိုးအက်စ်ဝယ်၏။ အိုင်ပက်တူးဝယ်၏။ သူငယ်ချင်းများကို ဘီယာအဝတိုက်၏။ ရည်းစားနှင့်အတူ တစ်မြို့လုံးပတ်၍ စျေးဝယ်ထွက်ကြလေ၏။

ဖိုးတေသည် မကြာမီ အိုင်ပက်သရီးဝယ်မည်ဟု တွေးသည်။ ကင်မရာမှာ လန်းစ်ကောင်းကောင်းဝယ်တပ်မည်ဟု ကြံသည်။ ကွန်ပျူတာမှာ မန်မိုရီထပ်တိုးရမည်။ ဘကြီးဘုန်းကြီးပို့ထားသော စာသည် စားပွဲပေါ်က စာအုပ်ပုံကြားမှ တစ်ပိုင်းတန်းလန်းထွက်ကျနေ၏။ စာထဲတွင် ဘုန်းကြီးက “ဖိုးတေ လောကစည်းစိမ်တွေနောက် သိပ်မလိုက်နဲ့” ဟု ဆုံးမထား၏။ ဖိုးတေသည် မမိုက်၊ သို့သော် ဆိုး၏။

· · · ◊ ◊ ◊ · · ·